Main menu

Background

ရင်းနှီးငွေစီးထွက်မှုထိန်းချုပ်ရန်အတွက် နိုင်ငံပြင်ပသို့ ငွေလွှဲပို့မှုများအား တရုတ်အစိုးရ ကန့်သတ်

Tue, 12/27/2016 - 12:32 -- journal_editor

     ယွမ်တန်ဖိုးတက်လာစေရန် ဆောင်ရွက်သည်ထက် ယွမ်တန်ဖိုးကျ ဆင်းမှု အရှိန်လျော့နည်းစေရေး ရည် ရွယ်ချက်ဖြင့်  တရုတ်အစိုးရက ဆောင် ရွက်လျက်ရှိရာ ရင်းနှီးငွေစီးထွက်မှု အပေါ် ကန့်သတ်တားမြစ်သည့်အနေ ဖြင့် တရုတ်ပြည်မကြီးရှိ ကုမ္ပဏီများ၏ နိုင်ငံပြင်ပသို့ ငွေလွှဲပို့မှုအား ဗဟိုဘဏ် က ကန့်သတ်ခဲ့သည်။  ငွေရေးကြေးရေး  လုပ်ငန်းမဟုတ်သည့် ကုမ္ပဏီများအနေ ဖြင့် နိုင်ငံခြားကုမ္ပဏီများသို့ ငွေထုတ် ချေးရာတွင် ပိုင်ဆိုင်မှု၏ ၃၀ ရာ ခိုင်နှုန်း အထိသာ ထုတ်ချေးရန်ဖြစ်သည်။ ယခုကန့်သတ်ချက်မှာ လတ်တလောချမှတ်ခဲ့သော အခြားကန့်သတ်ချက်များနှင့် အတူ ယွမ်ငွေကြေးတန်ဖိုး စီစဉ်တကျ ပြန်လည်ကောင်းမွန်လာစေရန်နှင့် ဈေးကွက်တည်ငြိမ်မှု ရှိလာစေ ရန် အတွက် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း လေ့လာသူများက ပြောကြားခဲ့သည်။
     ယွမ်ငွေကြေးတန်ဖိုးမှာ ယမန်နှစ် ထက် ခုနစ်ရာခိုင်နှုန်းနှင့် ယခုနှစ် အောက်တိုဘာလ နောက်ပိုင်းတွင် လေး ရာခိုင်နှုန်းခန့်ကျဆင်းခဲ့ပြီး၊ ပြီးခဲ့သည့်သီတင်းပတ်တွင် ယွမ်ငွေကြေး ကျဆင်းမှုအရှိန် ပိုမိုမြင့်တက်ခဲ့ သည်။ နိုဝင် ဘာ ၂၃ ရက်က အမေရိကန် တစ်ဒေါ်လာလျှင် offshore ယွမ်မှာ ၆ ဒသမ ၉၅၆၈ အထိရောက်ရှိခဲ့ပြီး သုည ဒသမ ၆ ရာခိုင်နှုန်းကျဆင်းခဲ့သည်။ onshore ယွမ်မှာ ၆ ဒသမ ၉၂၇ အထိရှိ ခဲ့သည်။ သို့သော်လည်း ယွမ်ငွေကြေး မှာ အမေရိကန်ဒေါ်လာနှင့် လဲလှယ်ရာ၌ ဂျပန်ယန်းနှင့် ယူရိုတို့ဖြင့်ယှဉ်လျှင် ပိုမို တည်ငြိမ်အားကောင်းသေးကြောင်း ဗဟိုဘဏ်၏ ဒုတိယအုပ်ချုပ်ရေးမှူးက ပြောကြားခဲ့သည်။ နိုဝင်ဘာလတွင် ဗဟိုဘဏ်မှ ကူးသန်းရောင်းဝယ်ေ ရး ဘဏ်များအား Double-Network payment cards ထုတ်ဝေခြင်းအား ရပ် ဆိုင်းရန် တောင်းဆိုခဲ့သည်။
     နိုင်ငံခြားငွေလဲလှယ်ရေး ဥပဒေ ရေးဆွဲသူများက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အစီရင်ခံစာတွင် ဖော်ပြရမည့် အနိမ့်ဆုံး ရင်းနှီးငွေအဆင့်အား ယခင်အဆင့်မှ ဆယ်ပုံတစ်ပုံအထိ လျှော့ချခဲ့သည်။ ယခင်က အမေရိကန်ဒေါ်လာသန်း ၅၀ ထက်ပိုသော နိုင်ငံခြားတိုက်ရိုက် ရင်းနှီး မြှုပ်နှံမှုများသာ အစီရင်ခံစာတင်ပြရန် လိုအပ်ပြီး ပြင်ဆင်ချက်အသစ်တွင် အမေရိကန်ဒေါ်လာ ငါးသန်းမှစ၍ အစီရင်ခံစာတင်ပြရန် သတ်မှတ်ခဲ့ သည်။ ယခုကဲ့သို့ အစီအမံများ ပြုလု ပ် သော်လည်း ဈေးကွက်အတွင်း၌ ယွမ် တန်ဖိုး ဆက်လက်ကျဆင်းနေဦးမည် ဟုခန့်မှန်းထားကြောင်း သိရှိရပါသည်။

 

ဖြူဖြူလှိုင်၊ စီးပွားရေးသံမှူး
မြန်မာသံရုံး၊ ဟောင်ကောင်မြို့