
ထိုင်းအစိုးရသည် စွန့်ဦးတီထွင်လူငယ်သုံး သောင်းခန့်ကို မွေးထုတ်ရန် ရည်ရွယ်၍ စီးပွားရေး လုပ်ငန်းများတွင် ဒစ်ဂျစ်တယ် နည်းပညာများကို လက်တွေ့အသုံးပြုသည့် ဘာသာရပ်များကို သင်ကြား ပေးမည့် စီးပွားရေး အကယ် ဒမီကို ၂၀၁၈ ခုနှစ်တွင် ဖွင့်လှစ် မည်ဖြစ်ပါသည်။ဒုတိယဝန်ကြီးချုပ် မစ္စတာဆွမ်ကစ်၏ တရုတ် နိုင်ငံခရီးစဉ်အပြီးတွင် ယင်းအကယ်ဒမီကို ဖွင့်လှစ် ရန် လမ်းညွှန်ခဲ့ခြင်းဖြစ်ပါသည်။ ဒုတိယဝန်ကြီးချုပ် ၏ တရုတ်နိုင်ငံခရီးစဉ် အတွင်း တရုတ် အီးကော မတ်စ်လုပ်ငန်းကြီး အလီဘာဘာနှင့် ထိုင်းSMEs များ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်အတွက် သဘောတူညီချက်များလည်း ရရှိခဲ့သည်။ တရုတ် နိုင်ငံ၏ ကျေးလက်ဒေသများတွင် အလီဘာဘာ ၏ ျွကမေူ ွှဘေသေ စီမံကိန်းကို အောင်မြင်စွာ အကောင် အထည်ဖော် ဆောင်ရွက်နိုင်ခဲ့သဖြင့် တရုတ်နိုင်ငံ တစ်ဝန်းရှိ ကျေးလက်နေပြည်သူ သန်းပေါင်းများစွာ ကို အီးကောမတ်စ် အခွင့်အလမ်းများအား လက် တွေ့အသုံးချ၍ လူနေမှုအဆင့်အတန်းကို မြှင့်တင် ပေးနိုင်ခဲ့ပါသည်။ ယခုလက် ရှိတွင် ျွကမေူ ွှဘေသေ ဝန်ဆောင်မှုစင်တာ ၁၆၀၀၀ ကို ဖွင့်လှစ်ထားပြီး နောက်သုံးနှစ်ငါးနှစ်အတွင်း ကျေးရွာ တစ်သိန်းထိ တိုးချဲ့ဆောင်ရွက်မည်ဖြစ်သည်။
တရုတ်နိုင်ငံ၏ အောင်မြင်မှုကို နမူနာယူ၍ ထိုင်းနိုင်ငံတွင် စီးပွားရေးအကယ်ဒမီကို ဖွင့်လှစ်ခြင်း ဖြစ်ပြီးSMEsလုပ်ငန်းများနှင့် တစ်ဦးချင်းစွန့်ဦး တီထွင်လူများအတွက် အီကောမတ်စ် ဘာသာရပ်(e-commerce knowledge) ကို အဓိကထား၍ သင်ကြားပေးမည် ဖြစ်ပါသည်။ အီးကောမတ်စ် ဘာသာရပ်တွင် Online Marketing Trading via Social Media နှင့် Logistics Management စသည့်ပညာရပ်များ အဓိကပါဝင်ပါသည်။ သင်ကြား မှု စနစ်သည်လည်း အီလက်ထရောနစ် သင်ကြားမှု စနစ်နှင့် အခြားသော ဒစ်ဂျစ်တယ်သင်ကြားမှု နည်း စနစ်များကို အသုံးပြုမည်ဖြစ်ပါသည်။
နောက်ပိုင်းတွင် ပြည်နယ်အဆင့်အထိ တိုးချဲ့ ဖွင့်လှစ်မည်ဖြစ်ပြီး အဓိကပါဝင်မည့် အစိုးရဝန်ကြီး ဌာနနှင့် အခြားအဖွဲ့အစည်းများမှာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒစ်ဂျစ်တယ် စီးပွားရေးနှင့် လူမှုရေးဝန်ကြီးဌာန၊ ပညာရေးဆိုင်ရာ အဖွဲ့အစည်းများ၊ ထိုင်းကုန်သည်ကြီးများအသင်း စက်မှုလုပ်ငန်းရှင်များအသင်းနှင့် ကူးသန်းရောင်း ဝယ်ရေးဘဏ်များ ပါဝင်ပါသည်။ ထို့အပြင် ကျောင်း အတွက် လိုအပ်သော နည်းပညာများနှင့် လေ့ကျင့်ရေး သင်တန်းများကို အလီဘာဘာက ပံ့ပိုးပေးမည်ဖြစ် ပါသည်။
ကျော်သူရ၊ စီးပွားရေးသံမှူး
မြန်မာသံရုံး၊ ဗန်ကောက်မြို့