Main menu

Background

Made in China 2025 Policy ဖြင့် တရုတ်ကုန်ထုတ်လုပ်ငန်းများ၏ စွမ်းဆောင်ရည်မြှင့်တင်မည်

Mon, 03/06/2017 - 13:23 -- journal_editor

တရုတ်နိုင်ငံတွင် ကုန်ထုတ်လုပ် မှုကဏ္ဍကို စွမ်းရည်မြှင့်တင်ရနMade in China 2025 နည်းဗျူဟာချမှတ် ဆောင်ရွက်နေပြီး အဓိကအားဖြင့် နည်းပညာမြငsmart manufacturing? high-end equipment နှင် brandingကို ဦးစားပေး မြှင့်တင်မည်ဖြစ်သည်။ အဆိုပါ လုပ်ငန်းစဉ်ကို 1+X  ဟုခေါ်ဆို ပြီး 1  မှာMade in China 2025 ကိုကိုယ် စားပြုပြီး X သည် ကဏ္ဍခွဲ ၁၁ ခု(နည်း ပညာမြင့်လုပ်ငန်းများ၊ တီထွင်ဆန်း သစ်မှုနှင့် အဆင့်မြင့်နည်းပညာဖွံ့ဖြိုး မှု၊ သဘာဝပတ်ဝန်းကျင်နှင့်လိုက်လျော ညီထွေရှိသည့်လုပ်ငန်းများစသည်) အတွက် အသေးစိတ်ချမှတ်ထားသည့် လမ်းညွှန်ချက်များဖြစ်ပါသည်။
၂၀၁၅ ခုနှစ်၊ မတ်လ၌ ကျင်းပခဲ့ သည့် နိုင်ငံတော်ကောင်စီ၏ အစိုးရ လုပ်ငန်းအစီရင်ခံစာအစည်းအဝေး၌ ဝန်ကြီးချုပ် လီခချန်းကMade in China 2025  နည်းဗျူဟာကို စတင် အဆိုပြုခဲ့ပါသည်။ တရုတ်၏ ထုတ်လုပ် မှုကဏ္ဍအား သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတရှိစေခြင်း၊ ခေတ်မီနည်း ပညာအသုံးပြုခြင်း၊ အဆင့်မြင့်နည်း ပညာပစ္စည်းများထုတ်လုပ်ခြင်း၊ အရင်း အမြစ်ခွဲဝေသုံးစွဲမှု မှန်ကန်စေခြင်း၊ ဈေးကွက်ဝင်ရောက်မှု အခွင့်အလမ်း တိုးချဲ့ခြင်းစသည်တို့ကို ဦးစားပေး ဆောင်ရွက်ရန် လမ်းညွှန်ပြောကြား ထားပါသည်။
အဆိုပါနည်းဗျူဟာကို နိုင်ငံ တော်ကောင်စီ လက်အောက်ရှိ ဌာန ပေါင်း ၂၀ က ပူးပေါင်းဆောင်ရွက်နေ ပြီး နိုင်ငံတကာ ကုန်ထုတ်လုပ်မှု လုပ်ငန်းကြီးများနှင့် ဒီဇိုင်း၊ ထုတ်လုပ် မှုနည်းပညာ၊ အရည်အသွေးစသည်တို့ တွင် ယှဉ်ပြိုင်နိုင်စွမ်း မြှင့်တင်နိုင်ရန် ရည်ရွယ်ထားကြောင်း သိရှိရပါသည်။ လမ်းညွှန်ချက် ၁၁ ရပ်၏ အနှစ်သာရမှာ အစိုးရနှင့်ပုဂ္ဂလိက လုပ်ငန်းရှင်များ ကြား လက်တွေ့အကြံပြုဆောင်ရွက် ချက် တစ်ခုဖြစ်ပြီး အဓိကအားဖြင့် အုပ်ချုပ်မှုကိစ္စရပ်များအစား အရင်း အနှီးနှင့်အရင်းအမြစ်ခွဲဝေမှု၊ ဈေးကွက် ရှာဖွေချဲ့ထွင်မှု၊ သုတေသနနှင့်ဖွံ့ဖြိုးမှု ကိစ္စရပ်များ၊ သုတေသနအင်စတီကျု အဖွဲ့အစည်းများ၊ တက္ကသိုလ်များနှင့် ဘဏ္ဍာရေးအဖွဲ့အစည်းများဖွဲ့စည်း ခြင်းတို့ကို ပူးပေါင်းဆောင်ရွက်မည်ဖြစ် သည်။
လွန်ခဲ့သည့်နှစ်နှစ်မှ စတင်၍ တရုတ်သည် ကမ္ဘာ့အကြီးဆုံး ကုန်ထုတ် လုပ်သူ l (World's Biggest Manufacturer)  ဖြစ်လာခဲ့သော်လည်း အခြား ဖွံ့ဖြိုးပြီး နိုင်ငံများနှင့်   နှိုင်းယှဉ်ပါက Brand Reorganization & Innovationတွင် နောက်ကျကျန်နေသေးသည့်အတွက် နည်းပညာနှင့် ကုန်စည်အရည်အသွေး ကို အာရုံစိုက် ဆောင်ရွက်လျက် ရှိပါ သည်။
ယခုလက်ရှိ တရုတ်စီးပွားရေး သည် နှေးကွေးနေပြီးsmart manu-facturing သည် စီးပွားရေးပြန်လည် ဦးမော့ရန် နည်းလမ်းတစ်ခုဖြစ် သည့် အတွက Made in China 2025 နည်း ဗျူဟာကို အလေးပေးဆောင်ရွက်မည် ဖြစ်ကြောင်းလည်း သိရှိရပါသည်။

သန္တာခိုင်၊  စီးပွားရေးသံမှူး
မြန်မာသံရုံး၊ ပေကျင်းမြို့