Main menu

Background

ဟောင်ကောင်ရှိ နိုင်ငံခြားပညာရှင်များ၏ လစာအပါအဝင် အကျိုးခံစားခွင့်ရရှိငွေ ငါးနှစ်ဆက်တိုက်ကျဆင်း

Tue, 05/30/2017 - 14:06 -- journal_editor

နိုင်ငံခြားပညာရှင်များ၏ လစာ အပါအဝင်  အကျိုးခံစားခွင့်ရရှိငွေမှာ ငါးနှစ်ဆက်တိုက်    ကျဆင်းကြောင်း သုတေသနစာတမ်းသစ်မှ    ထုတ်ပြန်ခဲ့ သည်။ ယမန်နှစ်အတွင်း ပျမ်းမျှရရှိငွေ မှာအမေရိကန်ဒေါ်လာ ၂၆၅၀၀၀ ရှိပြီး လွန်ခဲ့သော ငါးနှစ်အောက် နှစ်ရာခိုင် နှုန်း  လျော့နည်းခဲ့ကာ    ၂၀၁၅ တွင် ပျမ်းမျှ ၂၆၇၀၀၀ ဒေါ်လာရှိခဲ့သည်။ သို့သော်လည်း ဟောင်ကောင်အတွင်းရှိ နိုင်ငံခြားပညာရှင်များ၏   လုပ်ခလစာ မှာကမ္ဘာလုံးဆိုင်ရာအဆင့်တွင် အဆင့် တစ်ဆင့်ကျဆင်းခဲ့ပြီး   အဆင့်ငါးသို့ ကျဆင်းခဲ့သော်လည်း   အာရှပစိဖိတ် ဒေသတွင် ယခင်နှစ်အတိုင်း မပြောင်း လဲဘဲ စတုတ္ထမြောက်  အမြင့်ဆုံးဖြစ်ခဲ့ သည်။
သုတေသနစာတမ်းအရ  ပြုစုရရှိ လာသော   အချက်အလက်များအား ဆွေးနွေးတင်ပြရာတွင် နိုင်ငံခြားပညာ ရှင်များ၏  အိမ်ခန်းငှားရမ်းခခွင့်ပြုငွေ မှာ ၂၀၁၂ မှစ၍ ကျဆင်းခဲ့ကြောင်း နေ ထိုင်စရိတ်အပါအဝင်   အကျိုးခံစား ခွင့်ရငွေမှာ  ငါးရာခိုင်နှုန်းလျော့နည်းခဲ့ ကြောင်း၊ လူသားအရင်းအမြစ်ဆိုင်ရာ အတိုင်ပင်ခံလုပ်ငန်း၏ ဒေသတွင်း ဒါရိုက်တာ Lee Quaneက ပြောကြားခဲ့ သည်။
နိုင်ငံခြားပညာရှင်များ၏  လုပ်ခ လစာ၊ စံသတ်မှတ်နှုန်းမှာ ပုံမှန်အားဖြင့် လစာအကျိုးခံစားခွင့်နှင့်   အခွန်ဟူ၍ သုံးပိုင်းခွဲခြားထားကြောင်း၊    ဟောင် ကောင်အနေဖြင့် အကျိုးခံစားခွင့်တွင် ငါးရာခိုင်နှုန်း လျော့နည်းခဲ့သော်လည်း အာရှပစိဖိတ်ဒေသအတွင်း အခြားနေ ရာအားလုံးထက်   သိသိသာသာမြင့်မား နေသေးကြောင်း၊  ၂၀၁၆ ခုနှစ် စစ်တမ်း မှာ နိုင်ငံပေါင်း ၁၆၀ နိုင်ငံရှိ နိုင်ငံခြား ပညာရှင် ၁၀၀၀ ကျော်နှင့်ကုမ္ပဏီပေါင်း ၂၉၀ မှ    ကောက်ယူထားခြင်းဖြစ်ပြီး အာရှပစိဖိတ်ဒေသအဆင့် သတ်မှတ် ခြင်းဇယားတွင် ယူကေမှ ထိပ်ဆုံးမှ ရပ် တည်ခဲ့ပြီး   ၎င်းနောက်  ဂျပန်၊ တရုတ် ပြည်မကြီးနှင့် အိန္ဒိယတို့ရှိခဲ့သည်။
တရုတ်ကုမ္ပဏီများ    အနေဖြင့် နိုင်ငံခြားပညာရှင်များအား ဆွဲဆောင် နိုင်ရန် လုပ်ခလစာ  ပိုမိုကမ်းလှမ်းပေး ရန် ကြိုးစားလျက်ရှိပြီး  နေထိုင်စရိတ် နှင့်လေထုညစ်ညမ်းမှု     မြင့်တက်နေ သည့်ကြားမှ   နိုင်ငံခြားပညာရှင်များ အား ပိုမိုခန့်ထားနိုင်ရေး  နည်းလမ်းများ ကို ကြိုးပမ်းရှာဖွေလျက်ရှိသည်။အိန္ဒိယမှာ  အဆင့်သုံးတွင် ရပ် တည်ခဲ့သော်လည်း   ၎င်းင်းလုပ်ခလစာ၏ ထက်ဝက်နီးပါးခန့်မှာ     အခွန်ပေး ဆောင်ရကြောင်း၊ အခွန်အားဖယ်နုတ် လိုက်ပါက ဒေသတွင်းတွင် အဆင့် ၁၀ အတွင်းသာရှိကြောင်း၊   စင်ကာပူမှာ အမေရိကန်ဒေါ်လာ   ၂၃၅၅၀၀ နှင့် အာရှပစိဖိတ်ဒေသအတွင်းအဆင့် ကိုး မှ ရပ်တည်ခဲ့ကြောင်း သိရှိရပါသည်။
ဖြူဖြူလှိုင်၊ စီးပွားရေးသံမှူး၊  
မြန်မာသံရုံး၊ ဟောင်ကောင်မြို့