Main menu

Background

အိန္ဒိယ IT ကုမ္ပဏီများက ဂျပန်၊ တရုတ်နှင့် ဂျာမနီနိုင်ငံတို့၌ ဈေးကွက်သစ်များ ရှာဖွေလျက်ရှိ

Fri, 06/23/2017 - 10:30 -- journal_editor

      အိန္ဒိယ သတင်းအချက်အလက်နှင့် နည်းပညာဝန်ဆောင်မှု အိုင်တီ (IT) ကုမ္ပဏီများသည် ၎င်းင်းတို့၏ မူလဈေးကွက်တည်ရှိရာဖြစ် သည့် အမေရိကန်ဈေး ကွက်အပြင် ဂျာမနီ၊ ဂျပန်နှင့်တရုတ်နိုင်ငံတို့၌ လုပ်ငန်းများတိုးချဲ့ရန် လေ့လာ စူးစမ်းမှုများ ပြုလုပ်လျက်ရှိကြောင်း၊ အိန္ဒိယနိုင်ငံအတွက် အိုင်တီကဏ္ဍမှ တစ်နှစ်လျှင် ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၅၀ ဘီလီယံခန့် ရရှိလျက်ရှိရာ၊ ၎င်းင်းပမာဏအနက် ၆၀ ရာခိုင်နှုန်းခန့်မှာ အမေရိကန်ဈေးကွက်မှ ရ ရှိခြင်းဖြစ် ကြောင်း၊ ယခုအခါ ဂျာမနီ၊ ဂျပန်နှင့် တရုတ်နိုင်ငံတို့ကိုလည်း မဟာဗျူဟာ မြောက် အရေးကြီးသည့် ဈေးကွက်များအဖြစ် တိုးချဲ့ဆောင်ရွက်သွားရန် စီစဉ် လျက်ရှိရာ အဆိုပါကဏ္ဍမှ အမေရိကန်ဒေါ်လာ ဘီလီယံ ၃၀၀ ခန့် ရရှိနိုင်မည့် အခွင့်အလမ်းရှိသည်ဟု အိန္ဒိယနိုင်ငံ၏ National Association of Software and Services Companies (Nasscom) က ပြောကြားခဲ့ပါသည်။
       Nasscom က ပြောကြားရာ၌ အမေရိကန်နိုင်ငံ၏ အိုင်တီဈေးကွက် အရွယ်အစားမှာ အမေရိကန်ဒေါ်လာ ဘီလီယံ၄၀၀ ခန့်ရှိကြောင်း၊ အိန္ဒိယနည်းပညာကုမ္ပဏီများအနေဖြင့် အမေရိကန် အိုင်တီဈေးကွက်အပေါ် သိသိ သာသာ လွှမ်းမိုးမှုရှိကြောင်း၊ သို့ရာတွင် အမေရိကန်သမ္မတသစ် ဒေါ်နယ် ထရမ့်လက်ထက်၌ ပြည်တွင်း မှ အိုင်တီပညာရှင်များအား ငှားရမ်းအသုံးပြုရန် တွန်းအားပေးမှုများ ပြုလုပ်ခဲ့ပြီး အမေရိကန်၌ စီမံကိန်းလုပ်ငန်းများ ဆော င် ရွက်ရန် အိန္ဒိယကုမ္ပဏီများက အင်ဂျင်နီယာများ စေလွှတ်ရာ၌ လျှောက်ထား ရယူ အသုံးပြုလေ့ရှိသည့် H1B ဗီဇာအမျိုးအစား ထုတ်ပေးမှုအပေါ် ပိုမိုကန့် သတ်သည့် အစီအမံများပြုလုပ်လာခဲ့သည့်အတွက် အမေရိကန်နိုင်ငံရှိ အိန္ဒိယ အိုင်တီကုမ္ပဏီများ၏ အနာဂတ်မျှော်မှန်း ချက်မှာ မှေးမှိန်လာခဲ့ကြောင်း၊ ယင်းအကြောင်းအရာများကြောင့် အိန္ဒိယအိုင်တီကုမ္ပဏီများသည် ၎င်းတို့၏ ဝင်ငွေအလားအလာပြန် လည်ကောင်းမွန်လာ စေရန်အတွက် စက်ကိရိ ယာများ ကို အသုံးပြု၍ အလိုအလျောက်စနစ်များဖြင့် ပြောင်းလဲဆောင်ရွက်ခြင်းနှင့် အခြားဈေးကွက်သစ်များ ရှာဖွေခြင်းတို့ကို ပြုလုပ်လျက်ရှိကြောင်း သိရှိရပါ သည်။

 

ယဉ်ယဉ်နွယ်၊ စီးပွားရေးသံမှူး၊  မြန်မာသံရုံး၊ နယူးဒေလီမြို့