Main menu

Background

မြန်မာနှင့် ကတိကဝတ်ပြုထားသည့် အခြေခံအဆောက်အအုံ စီမံကိန်းများအား အိန္ဒိယနိုင်ငံက အရှိန်မြှင့်ဆောင်ရွက်

Tue, 07/04/2017 - 10:24 -- journal_editor

      အိန္ဒိယအစိုးရသည် မြန်မာနိုင်ငံနှင့် ကတိကဝတ်ပြုထား သည့် အခြေခံအဆောက်အုံ စီမံကိန်းများ အကောင်အထည် ဖော်မှုတွင် နောက်ဆုံးသတ်မှတ်ကာလများထက်   များစွာ ကျော်လွန်လျက်ရှိပြီး တရုတ်နိုင်ငံက လက်ဦး မှုရ ယူနေသည့် အတွက် ယခုအခါ အဆိုပါ စီမံကိန်းများအား အရှိန်မြှင့် ဆောင်ရွက်ရန် ကြိုးပမ်းနေကြောင်း၊ အိန္ဒိယအနေဖြင့် မြန်မာ နိုင်ငံအတွက်  အကူအညီနှင့် ချေးငွေပမာဏ  အမေရိကန် ဒေါ်လာ ၁ ဒသမ ၇၅ ဘီလီ ယံကျော်အထိ သုံးစွဲခဲ့သော်လည်း စီမံကိန်း အကောင်အထည်ဖော်ရာ၌ နှောင့်နှေးကြန့်ကြာနေမှု ကြောင့် နိုင်ငံ၏ ဂုဏ်သတင်းကို ထိခိုက်စေခဲ့ကြောင်းTimes of India    သတင်းစာတွင်  ထောက်ပြထားသည်။
မြန်မာနိုင်ငံဆိုင်ရာ  အိန္ဒိယသံအမတ်ကြီးVikram Misri  က  အိန္ဒိယအစိုးရက အကောင်အထည်ဖော်နေသည့် စစ်တွေဆိပ်ကမ်းနှင့် ပလက်ဝဆိပ်ကမ်း  တည်ဆောက်ခြင်း လုပ်ငန်းများမှာ   ပြီးစီးပြီဖြစ်ကြောင်း၊ ပလက်ဝမှ  ဇိုရင်ပူ ကားလမ်းဖောက်လုပ်ရန်အတွက် စာချုပ်ချုပ်ဆိုရန် နောက် ဆုံးအဆင့်သို့ ရောက်ရှိပြီဖြစ်ကာ အောက်တိုဘာလတွင် လုပ် ငန်းများစတင်ရန် မျှော်မှန်းထားကြောင်း၊ အိန္ဒိယအစိုးရသည် မြန်မာ နိုင်ငံတွင် သုံးနိုင်ငံ အဝေးပြေး လမ်းမကြီး စီမံကိန်းကို လည်း အကောင်အထည်ဖော်လျက်ရှိရာ မူလက ၂၀၁၄ ခုနှစ် တွင်ပြီးစီးရန် ရည်မှန်းခဲ့သော်လည်း ယခုအခါ ၂၀၂၀ ခုနှစ် ရောက်မှသာ ပြီးစီးနိုင်တော့မည်ဖြစ်ကြောင်း၊ ထို့အပြင် တမူး-ကလေး လမ်းပေါ်ရှိ တံတား ၆၉ စင်း ပြင်ဆင်ခြင်း၊ ကလေးဝ  -ယာကြီးလမ်းပိုင်း တည်ဆောက်ခြင်း၊ ရိဒ်- ထီးတန်းလမ်းပိုင်း တည်ဆောက်ခြင်းတို့ကိုလည်း ၎င်းင်းတို့အနေဖြင့် ဆောင်ရွက် လျက်ရှိကြောင်း ပြောကြားထားသည်ဟု အဆိုပါ သတင်း စာမျက်နှာ၌ ဖော်ပြထားပါသည်။
အိန္ဒိယ-မြန်မာ နှစ်နိုင်ငံဆက်ဆံရေးတွင် လတ်တလော ၌ နေပြည်တော်သို့ အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန်၊S Jaish- ankar    သွားရောက်ခြင်းကဲ့သို့သော   တရားဝင်ခရီးစဉ်များ တွေ့မြင်ရသော် လည်း အိန္ဒိယအစိုးရသည် မြန်မာနိုင်ငံ အား ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာ၊ နီပေါတို့ကဲ့သို့ အထူးအာရုံထား ခြင်းမျိုး မရှိကြောင်း၊ အိန္ဒိယနိုင်ငံ၏ အရှေ့မျှော်မူဝါဒအရ မြန်မာနိုင်ငံသည်  အရေးကြီးသော်ငြားလည်း မြန်မာနိုင်ငံ အတွင်းသို့  တရုတ်၏ အလုံး အရင်းနှင့် ဝင်ရောက်မှုကို ထိန်း ညှိရုံသက်သက်မျှသာ အိန္ဒိယဆက်ဆံနေကြောင်း၊ မြန်မာ အနေနှင့်လည်း တရုတ်နှင့် ဆက်ဆံရာ၌ အဆင်မပြေမှုများက အိန္ဒိယအတွက် အထောက်အကူပေးသကဲ့သို့ ဖြစ် ခဲ့ကြောင်း၊ ယခုအခါ တရုတ်နိုင်ငံက ဦးဆောင်အကောင်အထည်ဖော်နေ  သည့်  OBORစီမံကိန်းအရ ကျောက်ဖြူဆိပ်ကမ်း၌ အမေ ရိကန်ဒေါ်လာ ၁၀ ဘီလီယံနီးပါးခန့် ရင်းနှီးမြှုပ်နှံမည်ဖြစ် ရာ ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင် သည့် အရပ် သား အစိုးရလက်ထက်တွင် မြန်မာ-တရုတ် ဆက်ဆံရေးမှာ ပိုမိုတိုး တက်လာပြီး အိန္ဒိယနှင့် ဆက်ဆံရေးထက် ပိုကောင်းလာနိုင် ကြောင်း၊ သို့ရာတွင် အိန္ဒိယနှင့် နှိုင်းစာလျှင် ကြီးကြီးမားမား မရှိသော်လည်း   တရုတ်နိုင်ငံ အပေါ် သံသယမကင်းသည့် အမြင်များမှာ ဆက်လက်ရှိနေသေးကြောင်း  Times of India  သတင်းတွင် ဖော်ပြထားပါသည်။
    ယဉ်ယဉ်နွယ်၊စီးပွားရေးသံမှူး
မြန်မာသံရုံး၊ နယူးဒေလီမြို့