Main menu

Background

၂၀၁၇-၁၈ သီးနှံရာသီ (ဇွန် -ဇူလိုင်)၊ နွေစိုက်သီးနှံ (Kharif Crops) များအတွက် MSP ဈေးနှုန်းများကို အိန္ဒိယအစိုးရက တိုးမြှင့်သတ်မှတ်

Tue, 07/04/2017 - 10:25 -- journal_editor

       အိန္ဒိယအစိုးရသည် ယခုနှစ်  သီးနှံရာသီ အတွင်း စိုက်ပျိုးမည့် နွေစိုက်သီးနှံ(Kharif Crops)  ၁၄ မျိုးအတွက်MSP  ဈေးနှုန်းများကို ဇွန်လ ၇ ရက်က ကျင်းပခဲ့သည့် အစိုးရအဖွဲ့အစည်းအဝေး၌ အတည်ပြု သတ်မှတ်ခဲ့ရာ စိုက်ဧကများ ပိုမိုတိုး တက်လာစေရေးအတွက် တွန်းအားတစ်ရပ်ဖြစ်စေ ရန် ရည်ရွယ်၍ စပါးကီလီဂရမ် ၁၀၀ အတွက် ယခင်ထက် ရူပီး ၈၀ နှင့်  ပဲမျိုးစုံ တစ်ကွင်တယ် အတွက် ရူပီး ၄၀၀ စီ တိုးမြှင့်သတ်မှတ်ပေးခဲ့ကြောင်း၊ ပဲပုပ်၊ နေကြာ၊ မြေပဲ၊ ပန်းနှမ်း၊ နံှစားပြောင်း၊ ပြောင်း ဖူး စသည့် သီးနှံများအတွက်လည်း တိုးမြှင့်သတ် မှတ်ပေးခဲ့ကြောင်း သိရှိရပါသည်။အိန္ဒိယဗဟိုအစိုးရသည် ဆန်နှင့် ဂျုံများအားMSP  ဈေးနှုန်းများဖြင့် တောင်သူလယ် သမား များ ထံမှ နှစ်စဉ် ဝယ်ယူလေ့ရှိကာ အခြားသီးနှံများကိုမူ တောင်သူလယ်သမားများအနေဖြင့် ဈေးကွက် အတွင်း၌သာ ပုံမှန်အားဖြင့် ရောင်းချကြရပြီး၊ ဈေးကွက်ပေါက်ဈေးသည် သတ်မှတ်ထားသည့် MSP  ဈေးအောက် သို့ ကျဆင်းချိန်မှသာ ဈေးနှုန်း ထိန်းညှိရန်အတွက် အစိုးရကMSP  ဈေးနှုန်းများ အတိုင်း ဝယ်ယူပေးကြောင်း၊ ပြီးခဲ့သည့်နှစ်တွင် အိန္ဒိယဗဟိုအစိုးရသည်   အရန်ပဲသိုလှောင်ရန် အတွက် တောင်သူလယ်သမားများနှင့် ပြင်ပဈေး ကွက်မှ ပဲတန်ချိန် သိန်း ၂၀ ခန့် ဝယ်ယူခဲ့ကြောင်း သိရပါသည်။
၂၀၁၇-၁၈ ရာသီ  နွေသီးနံှဈေးကွက်များ အတွက်  အိန္ဒိယအစိုးရက နောက်ဆုံးအတည်ပြု သတ်မှတ်ထားသညMSP  ဈေးနှုန်းအရ ပဲစင်းငုံ တစ်ကွင်တယ်လျှင် ရူပီး ၅၄၅၀၊  ပဲတီစိမ်း တစ်ကွင် တယ်လျှင် ရူပီး ၅၅၇၅ ၊ မတ်ပဲ တစ်ကွင်တယ်လျှင် ရူပီး ၅၄၀၀ တို့ ဖြစ်ပြီး အသေးစိတ်အချက်အလက် များအား  http://farmer.gov.in/mspstatements.aspxတွင် မကြာမီ ထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
၂၀၁၆-၁၇ သီးနှံရာသီတွင်   အိန္ဒိယနိုင်ငံ၏စားနပ်ရိက္ခာ အစေ့အဆန် ထုတ်လုပ်နိုင်မှုမှာ တန် ချိန် ၂၇၃ ဒသမ ၃၈ သန်းထိ စံချိန်တင် ထွက်ရှိခဲ့ သော်လည်း အလုံးအရင်းနှင့်   ထွက်ရှိခဲ့သည့် အတွက် ဈေးနှုန်းကျဆင်းစေခဲ့ပြီး တောင်သူလယ် သမားများအား ဝန်ထုပ်ဝန်ပိုးဖြစ်စေခဲ့ပါသည်။
သို့သော် အိန္ဒိယနိုင်ငံ၌ ယခုနှစ် မုတ်သုံရာသီ မှာ ပုံမှန်အနေအထားရှိမည်ဟု   ခန့်မှန်းထားရာ စိုက်ပျိုးရေး  နိုင်ငံတစ်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံ အနေဖြင့်လည်း   ပြည်တွင်း၊ ပြည်ပ  ဈေးကွက် အခြေအနေ၊ ရာသီဥတု အခြေအနေများကို မျက် ခြည်မပြတ် လေ့လာစောင့်ကြည့်ရန် လိုအပ်လျက် ရှိကြောင်း သိရပါသည်။

ယဉ်ယဉ်နွယ်၊ စီးပွားရေးသံမှူး
မြန်မာသံရုံး၊ နယူးဒေလီမြို့