Main menu

Background

ထိုင်းနိုင်ငံမှ Ceva Logistics ကုမ္ပဏီက ရန်ကုန်မြို့တွင် ရုံးခွဲဖွင့်လှစ်

Tue, 07/11/2017 - 10:30 -- journal_editor

        ထိုင်းနိုင်ငံရှိ ကမ္ဘာ့အကြီးဆုံးSupply Chain  ကုမ္ပဏီတစ်ခုဖြစ်သော Ceva Logistics ျ ကုမ္ပဏီသည် ၎င်းင်း၏လုပ်ငန်းများအား မဲခေါင် ဈေးကွက် တွင် မဟာဗျူဟာကျကျ ချဲ့ထွင် ဆောင် ရွက်မှု တစ်စိတ်တစ်ပိုင်း အနေဖြင့် မြန်မာနိုင်ငံ၊  ရန်ကုန်မြို့တွင်ရုံးခွဲကို ဖွင့်လှစ်ခဲ့ပါသည်။ Ceva Logistics ကုမ္ပဏီသည် မြန်မာနိုင်ငံတွင် နိုင်ငံ ပေါင်းစုံကုမ္ပဏီများနှင့် ပြည်တွင်း လုပ် ငန်းများအတွက် ထောက်ပံ့ ပို့ဆောင် ပေးသည့် ဝန်ဆောင်မှု များကို မိတ်ဖက် ကုမ္ပဏီများနှင့် ချိတ်ဆက်ဆောင်ရွက် ခဲ့သည်မှာ ငါးနှစ်ခန့်ရှိပြီ ဖြစ်ပါသည်။ ရန်ကုန် ရုံးခွဲအနေဖြင့် လေကြောင်းနှင့် ပင်လယ်ရေကြောင်းများမှ သယ်ယူပို့ ဆောင်ပေးရေး ဝန်ဆောင်မှု လုပ်ငန်း များကို ဇွန်လမှ စတင်၍ လက်ခံ ဆောင် ရွက်မည် ဖြစ်ပါသည်။
မြန်မာနိုင်ငံသည် ဖွံ့ဖြိုး တိုး တက်မည့် အကောင်းဆုံးသော နိုင်ငံတစ် နိုင်ငံဖြစ်ပြီး ပို့ကုန်နှင့်  သွင်းကုန်ဆိုင်ရာ ဝန်ဆောင်မှုများ ခိုင်ခိုင်မာမာ တိုး တက်လာမည့် ဈေးကွက်တစ်ခုအဖြစ် ကုမ္ပဏီက ယုံကြည်ထားသည်ဟုဆိုသည်။ ကုမ္ပဏီအနေဖြင့်လည်း  အများနှင့် ယှဉ်ပြိုင်နိုင်သော ဝန်ဆောင်မှုများကို ထောက်ပံ့ပေးမည် ဖြစ်ပါသည်။မြန်မာနိုင်ငံသည် တိုးတက်မှု အတွက် အလားအလာအကောင်းဆုံး နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ၅၅ သန်းသော မြန်မာပြည်သူလူထုသည် ၎င်းင်းတို့၏ ဖွံ့ဖြိုး တိုးတက်လာမည့် စီးပွားရေးလုပ်ငန်း များကို အထောက်အပံ့ပေးမည့် Ceva  ကဲ့သို့သော ကုမ္ပဏီများ လိုအပ်လျက်ရှိ သည်ဟုဆိုပါသည်။ မြန်မာနိုင်ငံရှိ အခြေခံ အဆောက်အအုံများသည် အကန့် အသတ်များ ရှိသော်လည်း ကုမ္ပဏီ၏ကမ္ဘာနှင့် ဒေသတွင်း အတွေ့အကြုံများ ရှိသဖြင့် မြန်မာနိုင်ငံတွင် ကိုယ်ပိုင်ရုံး ဖွင့်လှစ်ခြင်းနှင့် ခိုင်မာသော အိုင်တီ နည်းပညာများသည် ဈေးကွက်လိုအပ် ချက်နှင့် အားနည်းချက်များကို ဖြည့် ဆည်းပေးနိုင်ကြောင်း Ceva ၏ မဲခေါင် ဒေသခွဲ မန်းနေဂျင်းဒါရိုက်တMr. Bruno Plantaz  က ပြောကြားခဲ့ပါသည်။

ကျော်သူရ၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ ဗန်ကောက်မြို့