Main menu

Background

အရှေ့ပိုင်းစီးပွားရေးစြင်္ကံ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ထိုင်းအစိုးရက အလေးထား၍ဖိတ်ခေါ်လျက်ရှိ

Tue, 07/11/2017 - 10:31 -- journal_editor

         ထိုင်းနိုင်ငံ၏ အရှေ့ပိုင်းစီးပွားရေးစြင်္ကံတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာရန် ဝန်ကြီး ချုပ် ဗိုလ်ချုပ်ကြီး ပရာယွဒ် ချန်အိုချာ၊ စီးပွားရေး ဝန်ကြီးများနှင့် စီးပွားရေးလုပ်ငန်းရှင်များသည် ဇွန်လ ၂၂ ရက်တွင် ဆွဲဆောင်ဖိတ်ခေါ် ဆောင်ရွက်ခဲ့ကြောင်း နှင့် နိုင်ငံခြားသား စိတ်ပါဝင်စားသူများက  လျှပ်စစ် ကား ထုတ်လုပ်မှုတွင် ထိုင်းဘတ်ဘီလီယံ ၂၀ နှင့် စက်ရုပ်ထုတ်လုပ်မှုတွင် ဘတ် ၁၂ ဘီလီယံကို မကြာမီ တွင် ရင်းနှီးမြှုပ်နှံကြမည်ဖြစ်ကြောင်း စက်မှုဝန်ကြီးMr. Uttama Savanayana  က ပြောကြားပါသည်။
ထိုင်းနိုင်ငံသည် ဆန်းသစ်တီထွင်မှုရှိသော အနာဂတ်စက်မှု လုပ်ငန်းများတွင် ယှဉ်ပြိုင်မှုကို မြှင့် တင်ပေးရန် ရည်မှန်းထားကြောင်း ဇွန်လ ၂၂  ရက်တွင် ကျင်းပသည့် “Forum for Global Fund Managers” တွင် ဝန်ကြီးချုပ်က ပြောကြားပါသည်။ ဝန်ကြီးချုပ် အပါအဝင် စီးပွားရေးဝန်ကြီးများသည် အရှေ့ပိုင်း စီးပွားရေးစြင်္ကံတွင် ဝင်ရောက်လုပ်ကိုင်ရန် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကိုလည်း ဖိတ်ခေါ်ခဲ့ကြောင်း သိရှိ ရပါသည်။ ထိုင်းစတော့အိတ်ချိန်းက ကြီးမှူး ကျင်းပ ခဲ့သည့်ဖိုရမ်သို့ စုစုပေါင်းပိုင်ဆိုင်မှုတန်ဖိုး အမေရိကန် ဒေါ်လာ ၇ ဒသမ ၆၆ ထရီလီယံရှိသည့် ကမ္ဘာ့ရင်းနှီး မြှုပ်နှံမှု ရန်ပုံငွေအဖွဲ့ ၂၀ တက်ရောက်ခဲ့ကြောင်း၊ ထိုင်းနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ အားလုံး ကို ဂျပန်နှင့် တရုတ်ရင်းနှီးမြှုပ်နှံသူများက လက်ဦးမှု ရယူသွားနိုင်သဖြင့် အနောက်နိုင်ငံများမှ ရင်းနှီးမြှုပ်နှံ သူများအနေဖြင့် ဆုံးဖြတ်ချက်ကို အလျင်အမြန် ချမှတ်ရန်လိုအပ်ကြောင်း ဒုတိယဝန်ကြီးချုပ် Mr. Somkid Jatusripitak  က ပြောကြား ပါသည်။
ဖိုရမ်၌ အရှေ့ပိုင်းစီးပွားရေးစြင်္ကံတွင် ရှေ့လာ မည့်နှစ်မှ စတင်၍ အကောင်အထည်ဖော်မည့် ဦးစား ပေး စီမံကိန်းများကို ချပြခဲ့ပြီး ရင်းနှီးမြှုပ်နှံံသူများကို ငွေကြေးထောက်ပံ့ပေးရန်အတွက်Thailand Future Fund  တွင် ရန်ပုံငွေဘတ် ဘီလီယံ ၄၀ရှိရာမှ မကြာမီ တွင် ဘတ်ဘီလီယံ ၁၀၀ ထိ ဖြည့်ဆည်းပေးမည် ဖြစ်ပါ သည်။ အဆိုပါရန်ပုံငွေများကို နိုင်ငံခြားသား ရင်းနှီး မြှုပ်နှံသူများအား ထောက်ပံ့ပေးခြင်းမပြုမီ ထိုင်းနိုင်ငံ သား ရင်းနှီးမြှုပ်နှံသူများကို အခွင့်အရေးတစ်ရပ်အနေ ဖြင့် ပထမဦးစားပေး ထောက်ပံ့ပေးရန် စီစဉ်ထားပါ သည်။ ထိုင်းနိုင်ငံအနေဖြင့် အနာဂတ်ကာလတွင် ကျွမ်းကျင်လုပ်သား မလုံလောက်မှုနှင့် ကြုံတွေ့နိုင် သည့် အခြေအနေတွင်ရှိကြောင်း သိရှိရပါသည်။

ကျော်သူရ၊ စီးပွားရေးသံမှူး
မြန်မာသံရုံး၊ ဗန်ကောက်မြို့