Main menu

Background

Air India လေကြောင်းလိုင်းအား ဝယ်ယူရန် Tata Group နှင့် Indigoတို့က စိတ်ဝင်စားလျက်ရှိ

Tue, 07/11/2017 - 10:33 -- journal_editor

             အိန္ဒိယအစိုးရက ပုဂ္ဂလိကသို့ ရောင်းချရန် စီစဉ်နေသည့်Air India  ၏ နိုင်ငံတကာ လေကြောင်းလိုင်း လုပ်ငန်းနှင့် ဈေးနှုန်းချိုသာသည့် လေကြောင်း သယ်ယူပို့ဆောင်ရေးလုပ်ငန်း   Air India Express တို့ကို ဦးစားပေး ဝယ်ယူရန် ပြည်တွင်း၌ ဈေးကွက်ရှယ်ယာ အများဆုံးရရှိထားသညIndigo က စိတ်ဝင် စားနေကြောင်း၊ ှုညိငါသ သည် ပြည်တွင်း၌ ဈေးကွက်ရှယ်ယာ ၄၁ ရာခိုင်နှုန်း ရရှိထားပြီးဖြစ်ရာ ပြည်ပလေကြောင်းလိုင်းများသို့ တိုးချဲ့ရန် စဉ်းစားနေသည့် အတွက် ပြည်ပခရီးသည်ရရှိမှု၌ ၁၇ ရာခိုင်နှုန်းရှိနေသည့်Indigoလေကြောင်း လိုင်းအား ဝယ်ယူရန် စိတ်ဝင်စားနေခြင်းဖြစ်ကြောင်း၊ Air India   လေကြောင်း လိုင်းသည် လေယာဉ်စင်းပေါင်း ၁၁၈ စင်းဖြင့် တိုက်ကြီးလေးတိုက်အတွင်းရှိ နိုင်ငံ ပေါင်း  ၂၈ နိုင်ငံမှ မြို့ပေါင်း ၄၁ မြို့သို့ ကွန်ရက်ချိတ်ဆက် ပြေးဆွဲလျက်ရှိရာIndigo  အနေဖြင့် Air India  အား ဝယ်ယူလိုက်ခြင်းဖြင့် ၎င်းင်း၏ နိုင်ငံတကာ ကွန်ရက်သို့ တိုးချဲ့ပြေးဆွဲမည့် ရည်မှန်း ချက်ကို အလွယ်တကူ အကောင်အထည် ဖော်နိုင်လာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် အစိုးရအဖွဲ့၏ ဆုံးဖြတ်ချက် ထွက်ပေါ် ပြီး နာရီပိုင်းအတွင်းမှာပင် ၎င်းင်းတို့အနေဖြင့် ဝယ်ယူရန် စိတ်ဝင်စားကြောင်း အဆို ပြုလွှာကို မြို့ပြလေကြောင်း ဝန်ကြီးဌာနသို့ ပေးပို့တင်ပြခဲ့ကြောင်း၊ လေကြောင်း လိုင်းအား ဝယ်ယူရန် Indigo  အပြင် Tata Group  ကလည်း စိတ်ဝင်စားလျက်ရှိ ကြောင်း သိရှိရပါသည်။          

   ယဉ်ယဉ်နွယ်၊ စီးပွားရေးသံမှူး
မြန်မာသံရုံး၊ နယူးဒေလီမြို့