Main menu

Background

ICBC (Asia)ဘဏ်က ပိုးလမ်းမသစ်ရှိ စီမံကိန်းပေါင်း (၃၂)ခုတွင် ဟောင်ကောင်ဒေါ်လာ ဘိလိယံ ၃၀ ရင်းနှီးမြှုပ်နှံသွားမည်။

Tue, 07/11/2017 - 10:35 -- journal_editor

         တရုတ်စက်မှုနှင့် ကူးသန်းရောင်း ဝယ်ရေး ဘဏ်(အာရှ)ICBC(Asia)မှ ဇွန်လအစောပိုင်းထိ ၁၃ လအတွင်း တရုတ်နိုင်ငံ၏  ပိုးလမ်းမသစ်  တစ် လျှောက်တွင် အကောင်အထည်ဖော် မည့် စီမံကိန်းပေါင်း ၃၂ ခု၌ ဟောင် ကောင်ဒေါ်လာ ဘီလီယံ၂၀ အား ရင်းနှီး မြှုပ်နှံခဲ့ပြီး နှစ်ကုန်တွင် ဟောင်ကောင် ဒေါ်လာ ဘီလီယံ၃၀ ခန့် ရှိနိုင် ကြောင်း မျှော်မှန်းထားသည်။ အဆိုပါစီမံကိန်း များမှာ ဗီယက်နမ်၊ မလေးရှား၊ ကမ္ဘော ဒီးယား၊ ထိုင်း၊ အိန္ဒိယ၊ အင်ဒိုနီးရှားနှင့် သြစတြေးလျအပါအဝင် နိုင်ငံအများ အပြားတွင် ပျံ့နှံ့လျက်ရှိကြောင်းICBC (Asia)၏ အမှုဆောင်ချုပ်က ပြောကြား ခဲ့သည်။
စီမံကိန်းများမှာ အာရှ-ပစိဖိတ် ဒေသများတွင် ဆိပ်ကမ်းများ၊ ဓာတ်အား ပေးစက်ရုံများ၊ ပို့ဆောင်ရေးကဲ့သို့ အခြေခံအဆောက်အအုံများ ဖြစ် သည်။ အရှေ့တောင်အာရှနိုင်ငံအချို့ တွင် လူမှုရေး၊ နိုင်ငံရေး မတည်ငြိမ်မှု များနှင့် နိုင်ငံရေး ပြောင်းလဲနိုင်မှုအလား အလာများမှာ ဒေသတွင်း ပါဝင်သူများ ထံမှ ထောက်ပံ့မှုမရရှိလျှင် စွန့်စားမှု အန္တရာယ် ကျရောက်နိုင်မှု အများဆုံး ဖြစ်ကြောင်း၊ အာရှ-ပစိဖိတ်ဒေသများရှိ အခွင့်အလမ်းများ ရှာဖွေရာတွင် ဖြစ် ပေါ်လာနိုင်သည့် အန္တရာယ်များအား ရှောင်ရှားနိုင်ရေးမှာ တရုတ်အစိုးရ၏ ကျောထောက် နောက်ခံရှိသော ကုမ္ပဏီ များအနေဖြင့် ပိုမိုအခွင့်သာကြောင်း ပြောကြားခဲ့သည်။
တရုတ်အစိုးရ၏ One Belt, One Road  တစ်လျှောက်ရှိ အခြေခံ အဆောက် အအုံ စီမံကိန်းများမှာ ဒေသတွင်းနှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများအား ဆွဲ ဆောင်နိုင်ရန်အတွက် လိုအပ်သော                   စီးပွားဖြစ်လုပ်ကိုင်နိုင်ရေးအဆင့်အား တူညီသည့် အဆင့်ရရှိအောင် မဆောင် ရွက်နိုင်သေးကြောင်း၊ တရုတ်နိုင်ငံ အနေဖြင့် ဈေးကွက်အခြေခံမူဝါဒ များအား အလေးပေးဆောင်ရွက်နေ သော်လည်း၊ ရှယ်ယာပိုင်ရှင်များအနေ ဖြင့်လည်း အမြတ်ရရှိရန်  လိုအပ်ကြောင်း၊ တရုတ်ဘဏ်များအနေဖြင့်  ဖြစ်ထွန်းစ နိုင်ငံများအတွင်း ဘဏ္ဍာငွေထူထောင် ခြင်းတွင် အတွေ့အကြုံရှိပြီးဖြစ်သော နိုင်ငံတကာ ဘဏ်များထက် စီမံခန့်ခွဲ နိုင်မှု ရှိ^မရှိနှင့် အမြတ်ရရှိနိုင်သော စီမံကိန်းများအား ဆောင်ရွက်နိုင်မှုရှိ^ မရှိ ဆိုသည့်အပေါ် သံသယဖြစ်မိကြောင်း၊ သို့သော်လည်း တရုတ်ဘဏ်များအနေ ဖြင့် ပိုးလမ်းမစီမံကိန်းများတွင် နိုင်ငံ တကာဘဏ်များထက် ပိုမို ယှဉ်ပြိုင်နိုင် စွမ်းရှိသည်ကို ယုံကြည်ကြောင်း ပြော ကြားခဲ့ပါသည်။

ဖြူဖြူလှိုင်၊ စီးပွားရေးသံမှူး
မြန်မာသံရုံး၊ ဟောင်ကောင်မြို့