Main menu

Background

RCEP ဆိုင်ရာ(၁၉) ကြိမ်မြောက် အစည်းအဝေးကို ဟိုက်ဒရာဘတ်မြို့တွင် ဇူလိုင်လအတွင်း ကျင်းပမည်

Tue, 07/18/2017 - 14:19 -- journal_editor

   Regional Comprehensive Economic Partnership (RCEP ) သြစတြေးလျတို့ အပါအဝင် နိုင်ငံပေါင်း ၁၆ နိုင်ငံမှ  ကိုယ်စားလှယ် ပေါင်း ၇၀၀ ခန့်   တက်ရောက်မည့် အစည်းအဝေးကို     အိန္ဒိယနိုင်ငံ ဟိုက်ဒရာဘတ်မြို့၌     ဇူလိုင်လ ၂၄ ရက်မှစတင်၍   ငါးရက်ကြာ  ကျင်းပ မည်ဖြစ်ကြောင်း  အိန္ဒိယ   ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိ သူတစ်ဦးက ပြောကြားခဲ့သည်။
RCEP   အရ  အခွန်ကင်းလွတ် ခွင့်ပြုမည့် အများဆုံး  ကုန်စည်အရေ အတွက်ကို အပြီးသတ် သတ်မှတ်ထား ခြင်းမရှိသည့်အတွက်    ယင်းကိစ္စနှင့် စပ်လျဉ်း၍ အဆိုပါအစည်းအဝေးတွင် အဖွဲ့ဝင်နိုင်ငံများအကြား  အဓိကဆွေး နွေးသွားမည်ဖြစ်ကြောင်း   သိရှိရပါ သည်။
RCEP   သဘောတူညီချက်တွင် အာဆီယံ ၁၀ နိုင်ငံနှင့် ၎င်းင်း၏မိတ်ဖက် နိုင်ငံ    ခြောက်နိုင်ငံဖြစ်သည့် အိန္ဒိယ၊ တရုတ်၊   တောင်ကိုရီးယား၊   ဂျပန်၊ သြစတြေးလျနှင့်  နယူးဇီလန်နိုင်ငံတို့ ပါဝင်ကြောင်း၊ ယင်းသဘောတူညီချက် သည် အဖွဲ့ဝင်နိုင်ငံများအကြား  ကုန် စည်နှင့်   ဝန်ဆောင်မှုများ   ကုန်သွယ် မှုအတွက်  စံနှုန်းသတ်မှတ်ချက်များကို ဖြေလျှော့ရန်နှင့် အဖွဲ့ဝင်နိုင်ငံများ အကြား ရင်းနှီးမြှုပ်နှံမှုများ မြှင့်တင်နိုင် ရန်     ရည်ရွယ်ထားပြီး  ကုန်စည်၊ ဝန်ဆောင်မှု၊ ရင်းနှီးမြှုပ်နှံမှု၊ စီးပွားရေး နှင့် နည်းပညာပူးပေါင်းဆောင်ရွက်မှု၊ ယှဉ်ပြိုင်မှုနှင့်   အသိဉာဏ်ပစ္စည်းမူပိုင် ခွင့်တို့အားလုံးကို လွှမ်းခြုံနိုင်ရန် ရည် ရွယ်ထားကြောင်း သိရှိရပါသည်။
ယင်းစာချုပ်   တစ်စိတ်တစ်ပိုင်း အနေဖြင့် ကုန်သွယ်မှုပြုသည့် ကုန်စည် များ၏  ၉၀ ခန့်အား အိန္ဒိယက အခွန် ကင်းလွတ်ခွင့်ပြုရန်    အဖွဲ့ဝင်နိုင်ငံ အမြောက်အမြားက    လိုလားနေ ကြောင်း သိရှိရပြီး၊RCEP  အဖွဲ့ဝင် နိုင်ငံများ၌ တရုတ်နိုင်ငံလည်း ပါဝင်နေ ရာ တရုတ်နှင့်ကုန်သွယ်မှုပြုရာ၌ ကုန် သွယ်မှုလိုငွေ ကွာဟချက်ကြီးမားနေ ပြီး၊   တရုတ်မှ   ကုန်စည်များအလုံး အရင်းနှင့်     ဝင်ရောက်လာမည်ကို အိန္ဒိယလုပ်ငန်းရှင်များက  စိုးရိမ်ပူပန် နေသည့်အတွက်  ယင်းအဆိုပြုချက် အပေါ် အိန္ဒိယအနေဖြင့်  သဘောတူ ရန် ခဲယဉ်းလိမ့်မည်ဟု ကျွမ်းကျင်သူများ က လေ့လာသုံးသပ်ထားကြောင်း သိရှိ ရပါသည်။
အိန္ဒိယနိုင်ငံ   အနေဖြင့်လည်း ဝန်ဆောင်မှုကဏ္ဍနှင့်  စပ်လျဉ်း၍ လွန် စွာစိတ်ဝင်စားနေရာ   အိန္ဒိယနိုင်ငံ အတွက် ၎င်းင်းကဏ္ဍကို  ဖွင့်လှစ်ပေးရန် RCEP   အဖွဲ့ဝင်အများစုက    တုံ့ဆိုင်း နေကြကြောင်း သိရှိရပါသည်။
အဖွဲ့ဝင်    နိုင်ငံများအကြားRCEP   ဆိုင်ရာ      ဆွေးနွေးပွဲများကို ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလတွင် ဖနွမ်းပင် မြို့၌ စတင်ပြုလုပ်ခဲ့ရာ ယင်းဆွေးနွေး မှုများအား ယခုနှစ်အတွင်း အပြီးသတ် နိုင်ဖွယ်မရှိဘဲ ၂၀၁၈ ခုနှစ်၊ ပထမနှစ် ဝက်အထိ ရောက်ရှိနိုင်ဖွယ်ရှိသည်ဟု Economic Times  သတင်းတွင် ဖော်ပြ ထားပါသည်။

ယဉ်ယဉ်နွယ်၊ စီးပွားရေးသံမှူး
မြန်မာသံရုံး၊ နယူးဒေလီမြို့