Main menu

Background

AIIB အနေဖြင့် စိန်ခေါ်မှု သုံးခုကို ကျော်လွှားရန်လိုအပ်ကြောင်း သုံးသပ်

Tue, 07/18/2017 - 14:21 -- journal_editor

       ပေကျင်းအခြေစိုက် Asian Infrastructure Investment Bank (AIIB) သည် အချိန်တိုအတွင်း အောင်မြင်မှုများ   ရရှိနေသော်လည်း အဓိက စိန်ခေါ်မှုသုံးခုကို သတိပြုကျော်လွှားရန် လိုအပ်ကြောင်းInter- national Business and Economics  တက္ကသိုလ်မှ  ပါမောက္ခတစ်ဦးက သုံးသပ်ထားပါသည်။
ဘဏ်စတင်ဖွင့်လှစ်ပြီး တစ်နှစ်ကျော်အတွင်း  ကနဦး ကတိပြု ထားသည့် လုပ်ငန်းကြီး ကိုးခု (ချေးငွေပမာဏ အမေရိကန်ဒေါ်လာ ၁ ဒသမ ၇၃ ဘီလီယံ) အနက်မှ အမေရိကန် ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံ ကို ခွင့်ပြုနိုင်ခဲ့ပါသည်။  အဆိုပါပမာဏသည်International Bank for Reconstruction and Development  နှင့်International Development Association များမှ အဆိုပါနှစ်တွင် ထုတ်ချေးသည့်ပမာဏ (အမေရိကန် ဒေါ်လာ ၇ ဒသမ ၆၂ ဘီလီယံ) ၏   လေးပုံတစ်ပုံခန့်ရှိကြောင်း သိရပါ သည်။
ထိုကဲ့သို့ အောင်မြင်ရခြင်းမှာ ဘဏ်၏ Good Governance Legal Framework ု  ကောင်းမွန်ခြင်းနှင့် အဖွဲ့ဝင် ၇၇ နိုင်ငံအကြား အပြန်အလှန် ယုံကြည်မှုနှင့် ဆောင်ရွက်ခြင်းကြောင့်ဖြစ်ကြောင်း ဖော်ပြထားပါသည်။ သို့ရာတွင် အောက်ပါစိန်ခေါ်မှုသုံးခုကို  ကျော်လွှားရန် လိုအပ်ကြောင်း ဆက်လက်သုံးသပ်ထားပါသည်။    
ပထမစိန်ခေါ်မှုမှာ ဘဏ်၏ ်funding  projects    များကို ယခုလက်ရှိHard Infrastructure   ကိုသာ အာရုံ စိုက်ရာမှ Comprehensive Infra- structure သို့  ပြောင်းလဲရန်လိုအပ်ခြင်းဖြစ်ပါသည်။ ယခု AIIB ၏ ချေး ငွေစီမံကိန်းများမှာ လျှပ်စစ်ရရှိရေး၊ လမ်း၊ ဆိပ်ကမ်းစသည့်စီမံကိန်းများ ဖြစ်ပြီးSoft Infrastructure ဖြစ်သည့် ကျန်းမာရေး၊ ပြည်သူ့ဘဏ္ဍာစီမံခန့် ခွဲမှုနှင့် မြို့ပြဖွံ့ဖြိုးမှုစီမံကိန်းစသည့် စီမံကိန်းများတွင် မတွေ့ရှိရသေး ကြောင်း၊ အမှန်အားဖြင့် အဆိုပါHard Infrastructure  နှင့်Soft Infra- structure  နှစ်ခုလုံးသည် အာရှဖွံ့ဖြိုးဆဲနိုင်ငံများတွင် အရေးကြီးသည့် အတွက် ဘဏ်၏ချေးငွေထုတ်ချေးရာတွင် အဆိုပါအချက်ကို ထည့်သွင်း စဉ်းစားသင့်ကြောင်း သုံးသပ်ထားပါသည်။
ဒုတိယအချက်မှာEnvironmental factor   ဖြစ်ကြောင်း၊ ဘဏ်၏ ချေးငွေစံသတ်မှတ်ချက်တွင်Environmental Friendly Projects  ဖြစ်စေ ရေးကို ထည့်သွင်းသတ်မှတ်ထားသော်လည်း ချေးငွေစီမံကိန်းများ သည် အမှန်တကယ် Environmental Standardနှင့် ကိုက်ညီမှုရှိ/မရှိကို ယခု ထက် သုံးသပ်သင့်ကြောင်း ဖော်ပြထားပါသည်။
တတိယအချက်မှာ AIIB   အနေ ဖြင့် ချေးငွေထုတ်ချေးရန် စီမံကိန်း များရွေးချယ်ရာ၌ ယခုထက်ပို၍ အမှီအခိုကင်းရန်လိုအပ်ကြောင်း ဖော်ပြ ထားပါသည်။ ယခုအချိန်အထိ ချေးငွေ စီမံချက်ကိုးခု ရှိရာ ခြောက်ခု မှာWorld Bank , ADB နှင့် အခြားFinancial Institution  များနှင့်co-financing ပြုလုပ်ထားခြင်းဖြစ်သည်ကို တွေ့ရပါ သည်။Project Mana- gement  နှင့် အခြားအရေးကြီးသည့်risk management  စသည့် နည်းပညာ တို့ တွင်World BankနှငADB တို့ထံမှ နည်းပညာအကူအညီ ရယူရခြင်း များ ရှိမည်ဟုယူဆသည့်အတွက်  AIIBအနေဖြင့်  Managerial? financial နှင့်legal teams  တို့တွင် ယခုထက်ပို၍ လွတ်လပ်စွာ ဆောင်ရွက်သင့် ကြောင်း သုံးသပ်ဖော်ပြထားပါသည်။
သန္တာခိုင်၊ စီးပွားရေးသံမှူး
မြန်မာသံရုံး၊ ပေကျင်းမြို့