Main menu

Background

မဏိပူရ်-မြန်မာ အမြန်လမ်း အား အဆင့်မြှင့်တင်ရန်နှင့် လမ်းအကျယ်တိုးချဲ့ရန် အိန္ဒိယစီးပွားရေးကော်မတီ အတည်ပြု

Fri, 07/28/2017 - 10:38 -- journal_editor

        အိန္ဒိယနိုင်ငံအတွင်းရှိ အင်ဖာမှ မြန်မာနယ်စပ်သို့ ဖောက်လုပ်ထား သည့် အဝေးပြေးလမ်းမကြီးအား လေး လမ်းသွားအဖြစ် အဆင့်မြှင့်တင်ခြင်း နှင့် လမ်းအကျယ်တိုးချဲ့ခြင်းတို့ကို ဆောင်ရွက်ရန် အိန္ဒိယစီးပွားရေးရာ ကော်မတီက ဇူလိုင် ၁၂ ရက်တွင် အတည်ပြုခဲ့ကြောင်း၊ အဆိုပါစီမံကိန်း အတွက် ရူပီးကုဋေ ၁၆၃၀ ဒသမ ၂၉ ကုဋေ ကျခံသုံးစွဲမည်ဖြစ်ကြောင်း သိရှိရပါ သည်။
အင်ဖာ-မိုရေးလမ်းပိုင်းသည် အိန္ဒိယနှင့်မြန်မာနိုင်ငံတို့ကို ဆက်သွယ် ထားသည့်လမ်းဖြစ်ပြီး၊ အာရှအဝေး ပြေးလမ်းမကြီး စီမံကိန်းအောက်ရှိ လမ်းပိုင်းတစ်ခုဖြစ်ကြောင်း၊ အဆိုပါ လမ်းပိုင်းမှတစ်ဆင့် မြန်မာနိုင်ငံကို ဖြတ်ကာ ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့သို့ သွားရောက်နိုင်ကြောင်း၊ ထိုမှတစ်ဆင့် အင်ဒိုနီးရှားနှင့်မလေးရှားတို့အထိ ဆက်လက်သွားရောက်နိုင်ကြောင်း၊ သို့ဖြစ်ပါ၍ အဆိုပါလမ်းပိုင်းသည် နိုင်ငံတကာနှင့်ချိတ်ဆက်နေသည့် လမ်းတစ်ခုလည်းဖြစ်ကြောင်း အိန္ဒိယ နိုင်ငံ၊ ကုန်းလမ်းပို့ဆောင်ရေး၊ ရေ ကြောင်းနှင့်အဝေးပြေးလမ်းမကြီး ဝန်ကြီးဌာန ဝန်ကြီး Nitin Gadkari  က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
အဆိုပါလမ်းပိုင်းအား အဆင့် မြှင့်တင်ခြင်းအားဖြင့် အိန္ဒိယအရှေ့ မြောက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး အတွက် များစွာအထောက်အကူပြုစေ မည်ဖြစ်ပြီး၊ အထူးသဖြင့် ကုန်းတွင်း ပိတ်ဒေသဖြစ်သည့် မဏိပူရ်ဒေသ တွင် အလုပ်အကိုင်နှင့်စီးပွားရေး အခွင့် အလမ်းများပိုမိုဖန်တီးပေးလာနိုင်မည် ဖြစ်ကြောင်း၊ ယင်းဒေသ၌ အများအား ဖြင့် ကုန်းလမ်းခရီးကိုသာအားထားနေ ရကြောင်း၊ ယခုစီမံကိန်းအား ှSouth Asian Sub-Regional Economic Cooperation (SASEC)  ၏ ကုန်းလမ်း ဆက်သွယ်ရေးရင်းနှီးမြှုပ်နှံမှု အစီ အစဉ်အောက်၌ အာရှဖွံ့ဖြိုးရေးဘဏ် ၏ အကူအညီဖြင့် ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း သိရှိရပါသည်။
အင်ဖာ-မိုရေးစြင်္ကံသည် အာရှ အဝေးပြေးလမ်းအပိုင်း(၁) တွင်ပါဝင် နေပြီး၊ အိန္ဒိယမှအရှေ့ဘက်နိုင်ငံများ သို့ သွားရောက်ရာ ထွက်ပေါက်တစ်ခု အနေဖြင့် တည်ရှိကြောင်း၊ ယခုဖော် ဆောင်သည့် စီမံကိန်းသည် မဏိပူရ် ဒေသတွင် နေ့စားအလုပ်အကိုင်ပေါင်း ၂ ဒသမ ၆၇ သိန်းကိုဖော်ဆောင်နိုင် မည်ဖြစ်ကာ၊ လမ်းခရီးကြာချိန်ကိုလည်း လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ လက်ရှိ တွင် သုံးနာရီခွဲခန့်ရှိရာမှ စီမံကိန်းပြီးစီး ပါက တစ်နာရီခွဲခန့်သာ ကြာမြင့်တော့ မည်ဖြစ်ကာ အရှေ့တောင်အာရှနိုင်ငံ များနှင့် ကုန်သွယ်မှုအချိတ်အဆက် များ တိုးမြှင့်လာနိုင်တော့မည်ဖြစ် ကြောင်းNitin Gadkari  ကပြောကြား ထားပါသည်။
ယဉ်ယဉ်နွယ်၊ စီးပွားရေးသံမှူး
မြန်မာသံရုံး၊ နယူးဒေလီမြို့