Main menu

Background

များမကြာမီနှစ်များအတွင်း ပဲမျိုးစုံနှင့်ဆီထွက်သီးနှံများမှာ ပြည်တွင်းထုတ်လုပ်မှုဖြင့်ဖူလုံလာနိုင်တော့မည်ဖြစ်ကြောင်း အိန္ဒိယစိုက်ပျိုးရေးဝန်ကြီး ပြောကြား

Mon, 07/31/2017 - 15:13 -- journal_editor

      အိန္ဒိယနိုင်ငံတွင် သီးနှံအထွက် နှုန်းမြင့်မားစေရန်အတွက် အရည် အသွေးပိုမိုကောင်းမွန်သည့် မျိုးစေ့များ နှင့် နည်းပညာများကို အသုံးပြုခြင်းဖြင့်  စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို အစိုးရက အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ များမကြာမီ နှစ်များအတွင်း ပဲအမျိုးမျိုးနှင့် ဆီထွက် သီးနှံထုတ်လုပ်နိုင်မှုမှာ ပြည်တွင်း လိုအပ်မှုအတွက် ဖူလုံလာလိမ့်မည်ဖြစ် ကြောင်း စိုက်ပျိုးရေးဝန်ကြီး ရာဒါမိုဟန် ဆင်းဂ်က ဇူလိုင် ၁၆ ရက်တွင် ပြော ကြားခဲ့ ပါသည်။
အိန္ဒိယနိုင်ငံသည် ပဲအများဆုံး စားသုံးသည့်နိုင်ငံဖြစ်ရာ လက်ရှိတွင် ပြည်တွင်းလိုအပ်ချက် ပြည့်မီနိုင်ရန် အတွက် ပဲမျိုးစုံတန်ချိန် ငါးသန်းကျော် နှင့် ဟင်းသီးဟင်းရွက်ဆီတန်ချိန် ၁၄ ဒသမ ၅ သန်းခန့်ကို ပြည်ပမှ နှစ်စဉ် တင်သွင်းနေရသည်။
စိုက်ပျိုးရေးဝန်ကြီး  ရာဒါမိုဟန် ဆင်းဂ်က အိန္ဒိယနိုင်ငံတွင် စိုက်ပျိုးရေး နှင့်ဆက်စပ်ကဏ္ဍများသည် နိုင်ငံ၏ ွီဏ တွင် ၁၈ ရာခိုင်နှုန်းခန့်ပါဝင်နေ ကြောင်း၊ ထို့ကြောင့် အဆိုပါကဏ္ဍများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရည်မှန်း ချက်များထားရှိ ဆောင်ရွက်လျက်ရှိရာ သီးနှံအထွက်နှုန်းမြင့်မားလာစေရေး နှင့် လယ်သမားများဝင်ငွေ တိုးပွားလာ စေရေးတို့အတွက် တောင်သူလယ် သမားများ၏ စွမ်းရည်တိုးတက်လာစေ ရေးကို အလေးထားဆောင်ရွက်လျက် ရှိကြောင်း၊ အိန္ဒိယနိုင်ငံတွင်  မြစိမ်း ရောင်တော်လှန်ရေးစီမံချက်ကို ဖော် ဆောင်ခဲ့သည့်အတွက် ဆန်နှင့်ဂျုံထုတ် လုပ်နိုင်မှုမှာ ပြည်တွင်းလိုအပ်ချက် ပြည့်မီနိုင်ပြီဖြစ်သော်လည်း ပဲအမျိုးမျိုး နှင့် ဆီထွက်သီးနံှများကိုမူ ပြည်ပမှ အမြောက်အများတင်သွင်းနေရပြီး၊ ယင်းအတွက် နိုင်ငံခြားငွေအမြောက် အများ သုံးစွဲနေရကြောင်း၊ သို့ရာတွင် များမကြာမီနှစ်များအတွင်း ပဲအမျိုးမျိုး နှင့်ဆီထွက်သီးနှံထုတ်လုပ်နိုင်မှုမှာ ပြည်တွင်းလိုအပ်ချက် ဖူလုံလာလိမ့် မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
၂၀၁၆-၁၇ သီးနှံရာသီ၌ အိန္ဒိယ နိုင်ငံသည် ပဲမျိုးစုံတန်ချိန် ၂၂ ဒသမ ၄ သန်းခန့် စံချိန်တင်ထုတ်လုပ်နိုင်ခဲ့သည့် အတွက် ပဲထုတ်လုပ်နိုင်မှုပမာဏမှာ ယခင်နှစ်များထက် သိသိသာသာမြင့် တက်ခဲ့ကြောင်း၊ ၂၀၁၅-၁၆ သီးနှံရာသီ တွင် ပဲမျိုးစုံတန်ချိန် ၁၆ ဒသမ ၃၅သန်း သာ ထုတ်လုပ်နိုင်ခဲ့ကြောင်း၊ ဆီထွက် သီးနှံထုတ်လုပ်နိုင်မှုမှာလည်း ၂၀၁၆-၁၇ သီးနှံရာသီတွင်တန်ချိန် ၃၂ ဒသမ ၅၂ သန်းခန့်ရှိခဲ့သည့်အတွက် ယခင်နှစ် ထက် ၂၉ ရာခိုင်နှုန်းမြင့်တက်လာခဲ့ ကြောင်း၊ ၎င်းင်းတို့အနေဖြင့် ၂၀၁၆-၁၇  ရာသီအတွင်း အစေ့အဆန်တန်ချိန် ပေါင်း ၂၇၄ သန်းခန့်ထွက်ရှိရန် ခန့်မှန်း ထားပြီး၊ သီးနှံအထွက်နှုန်းနှင့်ထုတ်လုပ် မှုပမာဏ မြင့်တက်စေရေးအတွက် နည်းလမ်းပေါင်းစုံဖြင့် ဖော်ဆောင်နေ ကြောင်း၊ နိုင်ငံအတွင်း သိပ္ပံ ပညာရှင် များ၏ သိပ္ပံနှင့်နည်းပညာ ဖော်ဆောင် မှု တိုးတက်လာသည့်အခြေအနေမှာ လည်း နိုင်ငံတကာအဆင့် ရောက်ရှိနေ ပြီဖြစ်သည့်အတွက် သိပ္ပံပညာရှင်များ ၏ အခန်းကဏ္ဍမှာလည်း အရေးကြီး ကြောင်း၊ စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုး တက်ရေး နည်းပညာ၊ အရည်အသွေး ကောင်းမွန်သည့် မျိုးစေ့များ၊ တောင်သူ လယ်သမားများအတွက် ဖော်ဆောင် ပေးနေသည့် ဝန်ဆောင်မှု အမျိုးမျိုးတို့ ကြောင့် သီးနှံအထွက်နှုန်း လျာထား ချက်များမှာ ပြည့်မီနိုင်သည့် အခြေ အနေရှိကြောင်း ပြောကြားခဲ့ပါသည်။
 
ယဉ်ယဉ်နွယ်၊ စီးပွားရေးသံမှူး
မြန်မာသံရုံး၊ နယူးဒေလီမြို့