Main menu

Background

Apple ကုမ္ပဏီက တရုတ်နိုင်ငံတွင်Data Center တည်ဆောက်မည်

Mon, 07/31/2017 - 15:14 -- journal_editor

      တရုတ်နိုင်ငံ ကွေ့ကျိုးပြည်နယ်Guian New Area  ၌ Apple  ကုမ္ပဏီက ပထမဆုံးအကြိမ်အဖြစ် Data Center   ကို အမေရိကန် ဒေါ်လာ တစ်ဘီလီယံရင်းနှီးမြှုပ်နှံ၍ တည်ဆောက်မည်ဖြစ်ကြောင်း သိရပါသည်။
ကွေ့ကျိုးပြည်နယ် အစိုးရပိုင်ဖြစ်သည့်Guizhou Cloud Big Data Industry Company  မှ တရုတ်ပြည်မကြီး၏  Apple’s iCloud Serviceအတွက်Apple’s iCloud Service အဖြစ်ဆောင်ရွက်မည်ဖြစ် သည်။ တရုတ်နိုင်ငံတွင် ယခုကဲ့သို့ Apple \ Data Center  တည် ဆောက်သည့်အတွက် တရုတ်အိုင်ဖုန်း အသုံးပြုသူများ၏ Data  စီမံ ခန့်ခွဲမှု ၊ ကြိုက်နှစ်သက်မှုနှင့် အလေ့အထတို့ကို  ကောင်းစွာသုံးသပ် နိုင်မည်ဖြစ်ကြောင်း ဗစစူန ကုမ္ပဏီကပြောကြားခဲ့ပါသည်။
ယခုကဲ့သို့  Apple  ကုမ္ပဏီ၏ ရင်းနှီးမြှုပ်နှံမှုသည် ဈေးကွက်၌ တရုတ်ဖုန်းHuawei ကဲ့သို့ Local Brandများနှင့် ယှဉ်ပြိုင်နိုင်စွမ်း ပြန်လည်တိုးတက်လာမည်ဖြစ်ပါသည်။
ဆက်လက်၍ ပေကျင်း၊ ရှန်ဇန်း၊ ရှန်ဟိုင်း၊ စူးကျိုး စသည့်မြို့ များတွငR & D Center တည်ဆောက်ရန် အမေရိကန်ဒေါ်လာ ၅၀၈ သန်း ရင်းနှီးမည်ဖြစ်ကြောင်းလည်း သိရှိရပါသည်။ ယခုနှစ် ဒုတိယ သုံးလပတ်တွင် တရုတ်နိုင်ငံ၌ Apple  ၏ရောင်းအားမှာ ၁၄ ဒသမ ၁ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၇၃ ဘီလီယံ ရှိခဲ့ ပါသည်။ သို့သော် မကြာမီ Apple ၏ ၁၀ နှစ်မြောက် နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် ထွက်ရှိမည့် အိုင်ဖုန်းသည် တရုတ်နိုင်ငံမှ ဝယ် ယူသူများအားဆွဲဆောင်နိုင်မည်ဟု ယုံကြည်ကြောင်း Apple ကုမ္ပဏီ က ပြောကြားခဲ့ပါသည်။
သန္တာခိုင်၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ ပေကျင်းမြို့