Main menu

Background

နိုင်ငံပိုင်ဘဏ် ၂၁ ဘဏ်အား ၁၂ ဘဏ်အဖြစ်သို့ ပေါင်းစည်းရန် အိန္ဒိယအစိုးရစီစဉ်လျက်ရှိ

Mon, 08/07/2017 - 09:28 -- journal_editor

       အိန္ဒိယနိုင်ငံ၌ လက်ရှိတွင် နိုင်ငံပိုင်ဘဏ်ပေါင်း ၂၁ ဘဏ်ရှိရာမှ  အရေအတွက်အားဖြင့် လျှော့ချပြီး၊ တောင့်တင်းခိုင်မာအားကောင်းသည့် ကမ္ဘာ့အဆင့်ဘဏ် ၃/၄ ဘဏ် အပါအဝင် စုစုပေါင်း ၁၀ ဘဏ် (သို့မဟုတ်) ၁၂ ဘဏ်သို့ ပေါင်းစည်းမည့်အစီအစဉ်တစ်ရပ်ကို အိန္ဒိယ အစိုးရက ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။ အိန္ဒိယနိုင်ငံ၌ လက်ရှိတွင်ရှိနေသည့် နိုင်ငံပိုင် ၂၁ ဘဏ်မှာ မြန်မာနိုင်ငံ၌ နိုင်ငံခြားဘဏ်ခွဲအဖြစ်လုပ်ငန်း ဆောင်ရွက် ခွင့် ရရှိထားသည့် State Bank of India အပါ အဝင် Allahabad Bank, Andhra Bank, Bank of Baroda, Bank of India, Bank of Maharashtra Canara Bank, Central Bank of India, Corporation Bank, Dena Bank, IDBI Bank, Indian Bank, Indian Overseas Bank, Oriental Bank of Commerce, Punjab & Sind Bank, Punjab National Bank, Syndicate Bank, UCO Bank, Union Bank of India, United Bank of India နှင့် Vijaya Bank တို့ဖြစ်ကြောင်း သိရှိရပါသည်။
         ၎င်းတို့အနက် Tier (၃) အဆင့်ရှိ ဘဏ် (၃/၄) ဘဏ်ပေါင်း၏ အရွယ်အစားမှာ အကြီးဆုံးနိုင်ငံပိုင်ဖြစ်သည့် State Bank of India ၏ အရွယ်အစားမျှသာရှိမည် ဖြစ်ကြောင်း၊သို့ဖြစ်၍ အရွယ်အစားကြီးမားသည့် ဘဏ် ကြီးများနှင့် Punjab and Sind Bank နှင့် Andhra Bank တို့ကဲ့သို့သော ဒေသဆိုင်ရာ ဗဟိုအချက်အချာဘဏ် အချို့အားသီးခြားဘဏ်အဖြစ် ဆက်လက်ထားရှိမည် ဖြစ်ကာ အရွယ်အစား အလယ်အလတ်ဘဏ်အချို့အား ပူးတွဲထားရှိမည်ဖြစ်ကြောင်း၊ နိုင်ငံအတွင်း Bad Loans ဆိုင်ရာကိစ္စရပ်များအား ပြေလည်အောင် ထိန်းသိမ်းနိုင် သည့် အခြေအနေရောက်ရှိလာပါက State Bank of India က အခြား Associate ဘဏ်ငါးခုနှင့် ပူးပေါင်းခဲ့ သည့် အောင်မြင်မှုသာဓကဖြစ်စဉ်ကဲ့သို့ အလားတူ ဆောင်ရွက်မှုမျိုးများကို  ယခုဘဏ္ဍာနှစ်အတွင်း အကောင်အထည်ဖော်ရန် စဉ်းစားနေကြောင်း အိန္ဒိယဘဏ္ဍာရေးဝန်ကြီးက ပြောကြားထားကြောင်း သိရှိရပါသည်။ Reserve Bank India ၏ ဥက္ကဋ္ဌဟောင်းဖြစ်သူ C Rangarajan ကမူ ယင်းကိစ္စနှင့်စပ်လျဉ်း၍  စနစ်တစ်ခု အတွင်းတွင်  လိုအပ်ချက်အပေါ်မူတည်၍ ကြီး၊ ငယ်၊ လတ်၊ အရွယ်အစားအမျိုးမျိုး ရှိနေသင့်သည်ဟု သုံးသပ်ပြောကြားခဲ့ကြော င်း သိရှိရပါသည်။

 

ယဉ်ယဉ်နွယ်၊ စီးပွားရေးသံမှူး မြန်မာသံရုံး၊ နယူးဒေလီမြို့