Main menu

Background

Apple ကုမ္ပဏီက တရုတ်နိုင်ငံတွင် Data Center တည်ဆောက်မည်

Mon, 08/07/2017 - 09:51 -- journal_editor

         တရုတ်နိုင်ငံ ကွေ့ကျိုးပြည်နယ် Guian New Area ၌ Apple ကုမ္ပဏီက ပထမဆုံးအကြိမ်အဖြစ် Data Center  ကို အမေရိကန် ဒေါ်လာတစ်ဘီလီယံရင်းနှီးမြှုပ်နှံ၍ တည်ဆောက်မည်ဖြစ်ကြောင်းသိရပါသည်။ ကွေ့ ကျိုးပြည်နယ် အစိုးရပိုင်ဖြစ်သည့် Guizhou Cloud Big Data Industry Company မှ တရုတ်ပြည်မကြီး၏ Apple’s iCloud Service အတွက်  sole Operating Partner အဖြစ်ဆောင်ရွက်မည်ဖြစ်သည်။ တရုတ်နိုင် ငံတွင် ယခုကဲ့သို့ Apple ၏ Data Center တည်ဆောက်သည့်အတွက် တရုတ်အိုင်ဖုန်း အသုံးပြုသူများ၏ Data စီမံခန့်ခွဲမှု ၊ ကြိုက်နှစ်သက်မှုနှင့် အလေ့အထတို့ကို ကောင်းစွာသုံးသပ် နိုင်မည်ဖြစ်ကြောင်း Apple ကုမ္ပဏီ ကပြောကြားခဲ့ပါသည်။
      ယခုကဲ့သို့  Apple ကုမ္ပဏီ၏ ရင်းနှီးမြှုပ်နှံမှုသည် ဈေးကွက်၌ တရုတ်ဖုန်း Huawei ကဲ့သို့ Local Brand များနှင့် ယှဉ်ပြိုင်နိုင်စွမ်း ပြန်လည်တိုးတက်လာမည်ဖြစ်ပါသည်။ဆက်လက်၍ ပေကျင်း၊ ရှန်ဇန်း၊ ရှန်ဟိုင်း၊ စူးကျိုး စသည့်မြို့ များတွင် R & D Center တည်ဆောက်ရန် အမေရိကန်ဒေါ်လာ ၅၀၈ သန်း ရင်းနှီးမည်ဖြစ်ကြောင်းလည်း သိရှိရပါသည်။ ယခုနှစ် ဒုတိယ သုံးလပတ်တွင် တရုတ်နိုင်ငံ၌ Apple ၏ရောင်းအားမှာ ၁၄ ဒသမ ၁ ရာခို င်နှုန်းကျဆင်းခဲ့ပြီး အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၇၃ ဘီလီယံ ရှိခဲ့ ပါသည်။ သို့သော် မကြာမီ Apple ၏ ၁၀ နှစ်မြောက် နှစ်ပတ်လည်အထိမ်းအမှတ်အဖြစ် ထွက်ရှိမည့်အိုင်ဖုန်းသည် တရုတ်နိုင်ငံမှ ဝယ်ယူသူများအား ဆွဲဆော င်နိုင်မည်ဟု ယုံကြည်ကြောင်း Apple ကုမ္ပဏီ က ပြောကြားခဲ့ပါသည်။

 

သန္တာခိုင်၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ ပေကျင်းမြို့