Main menu

Background

CLMV နိုင်ငံများတွင် ထိုင်းနိုင်ငံမှ ChKarnchang ကုမ္ပဏီက လုပ်ငန်းတိုးချဲ့ မည်

Thu, 08/10/2017 - 13:29 -- journal_editor

          ထိုင်းနိုင်ငံ၊ ChKarnchang အများပိုင်ကုမ္ပဏီသည် ၂၀၁၇ ခုနှစ် ဒုတိယ နှစ်ဝက်တွင် ဘတ် ၃၅၄ ဘီလီယံတန်ဖိုးရှိ ဆောက်လုပ်ရေးလေလံများကို အောင်မြင်၍ ယခုနှစ်အတွင်း ဝင်ငွေစုစုပေါင်း ဘတ် ၃၀ ဘီလီယံရရှိ ရန် ရည်မှန်းထားကြောင်း အမှုဆောင်အရာရှိချုပ် Mrs. SupamasTrivisvatet က ပြောကြားပါသည်။ ဤအတောအတွင်း ဃ့ုမေညခ့ညေါ ကုမ္ပဏီသည် နိုင်ငံခြားတိုင်းပြည်များ ရှိ ရင်းနှီးမြှုပ်နှံမှုကို တိုးချဲ့မည်ဖြစ်ရာ အထူး သဖြင့် လာအိုနိုင်ငံနှင့် မြန်မာနိုင်ငံတို့တွင် တိုးချဲ့မည်ဖြစ်ကြောင်း၊ လာအိုနိုင်ငံ၌ ရေအားလျှပ်စစ်စက်ရုံနောက်တစ်ရုံအတွက် ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်ပြီးပါက မြန်မာနိုင်ငံတွင် တိုးချဲ့ရင်းနှီးမြှုပ်နှံမည်ဖြစ်ရာ အခြေခံအဆော က်အဦနှင့် လျှပ်စစ်မီးစီမံကိန်းများကို ဦးစားပေးမည်ဖြစ်ကြောင်း၊ ယခုပထမနှစ်ဝက်တွင် လေလံအောင်မြင်ခဲ့သည့် တည်ဆောက်ရေး စီမံကိန်းများကို ဒုတိယနှစ်ဝက်တွင် စတင်အကောင်အထည်ဖော်မည်ဖြစ်ပြီး  တစ်နှစ်ပတ် လုံး ဝင်ငွေရည်မှန်းချက်ကို မြှင့်တင်ပေး မည်ဖြစ်ကြောင်း Mrs. Supamasကဆက်လက်ပြောကြားပါသည်။
          ChKarnchang ကုမ္ပဏီသည် ၂၀၁၇ ခုနှစ် ပထမသုံးလပတ်တွင် စုစု ပေါင်း ဝင်ငွေဘတ် ၈ ဒသမ ၅၄ ဘီလီယံရရှိ၍  အသားတင်အမြတ်ငွေ  ဘတ် ၃၀၁ ဒသမ ၈၆ သန်းရရှိခဲ့ကြောင်းနှင့် ၂၀၁၆ ခုနှစ် တွင် စုစုပေါင်း ဝင်ငွေဘတ် ၄၇ ဒသမ ၅၉ ဘီလီယံရရှိ၍ အသားတင်အမြတ်ငွေ ဘတ် ၂ ဘီလီယံရရှိခဲ့ ကြောင်း တွေ့ရှိရပါသည်။ ထိုင်းနိုင်ငံ၏ ဆောက်လုပ်ရေးလုပ်ငန်းကဏ္ဍသည် ပထမနှစ်ဝက်ထက် ဒုတိယနှစ်ဝက်တွင် ပိုမိုကောင်းမွန်လာ ရန် မျှော်မှန်းထားကြောင်း အစိုးရ၏ အလုပ်သမားဥပဒေအသစ် ထုတ်ပြန်မှုကြောင့် ထိုင်းနိုင်ငံတွင် ရောက်ရှိနေသည့် အိမ်နီးချင်းနိုင်ငံများမှ အလုပ်သမား အမြောက်အမြားသည် မူရင်းနိုင်ငံများသို့ ပြန်လည်ထွက်ခွာသွားခဲ့ကြေ သာ်လည်း မိမိတို့ကုမ္ပဏီ ၏ ဆောက်လုပ်ရေးလုပ်ငန်းများကို  ထိခိုက်မှုမရှိကြောင်း၊  ChKarnchang အနေဖြင့်လိုအပ်သော အလုပ်သမားများရရှိရေးအတွက် အလုပ်သမားရှာဖွေရေး ဆပ်ကန်ထရိုက်များထားရှိသဖြင့် ချမှတ် ထားသည့် အစီအစဉ်များအတိုင်း ဆောင်ရွက်လျက်ရှိကြောင်း Mrs. Supamas က ပြောကြားပါသည်။
          လာအိုနိုင်ငံတွင် တည်ဆောက်မည့် Xayaburi ရေအားလျှပ်စစ်စီမံကိန်းသည် ကုမ္ပဏီ၏ဦးစားပေးရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတစ်ခုဖြစ်ကြောင်း၊ ထို့နောက်ယမန်နှစ်က ရေရရှိရေးစီမံကိန်း (tap water) တစ်ခုကို စတင်ရ င်းနှီးမြှုပ်နှံခဲ့သည့် မြန်မာနိုင်ငံတွင် တိုးချဲ့ရင်းနှီးမြှုပ်နှံမည်ဖြစ်ကြောင်း၊ ကုမ္ပဏီသည် မြန်မာနိုင်ငံ၏ အခြေခံအဆောက်အဦနှင့် လျှပ်စစ်မီးစီမံကိန်းများအပေါ် လေ့လာဆန်းစစ်မှုများဆောင်ရွက်လျက်ရှိပြီး ယင်းစီမံကိန်းများတည်ေ ဆာက်ခွင့်ကို  လေလံယှဉ်ပြိုင်မှုများမှတစ်ဆင့်ရရှိရန်  မျှော်မှန်းထားကြောင်း၊ အာဆီယံဒေသသည် စီးပွားရေးလုပ်ငန်းများ တိုးချဲ့ရန်အတွက် အလားအလာကောင်းများရှိသည့် ဒေသတစ်ခုဖြစ်ပြီး အထူးသဖြင့် လာအို၊ ကမ္ဘောဒီး ယား၊ မြန်မာနှင့် ဗီယက်နမ် စသည့် CLMV နိုင်ငံ များဖြစ်ကြောင်း၊ CLMV နိုင်ငံများ၏ နှစ်စဉ်ပျမ်းမျှ တိုးတက်မှုနှုန်းသည် ငါးရာခိုင်နှုန်းအထက်တွင်ရှိကြောင်း၊ CLMV နိုင်ငံများတွင် အခြေခံအဆောက်အဦ ဖွံ့ဖြိုးတိုးတက်ရေး အ တွက် ရင်းနှီးမြှုပ်နှံမှု တိုးချဲ့ခြင်းသည် ရေရှည်စီးပွားရေးတိုးတက်မှုကို အထောက်အကူပြုကြောင်းနှင့် CLMV နိုင်ငံများတွင်  ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများတိုးချဲ့ရန် ထိုင်းကုမ္ပဏီများအတွက် အခွင့်အလမ်းကောင်းဖြစ်ကြောင်း Mrs. Supamas က ပြောကြားပါသည်။

 

ကျော်သူရ၊ စီးပွားရေးသံမှူး မြန်မာသံရုံး၊ ဗန်ကောက်မြို့