Main menu

Background

ဗန်ကောက်ဘဏ် (BBL) က ဘဏ်ခွဲ ၂၀ တိုးချဲ့ ဖွင့်လှစ်မည်

Thu, 08/17/2017 - 09:43 -- journal_editor

       ထိုင်းနိုင်ငံရှိ ကူးသန်းရောင်းဝယ်ရေးဘဏ် အများစု၏ ဘဏ်ခွဲဖွင့်လှစ်မှု အခြေအနေသည် ကျဆင်းနေသော်လည်း အကြီးဆုံးဘဏ်တစ်ခုဖြစ်သော ဗန်ကောက်ဘဏ် (Bangkok Bank-BBL) သည် ယခုနှစ်တွင် ဘဏ်ခွဲ ၂၀ ကို တိုးချဲ့ဖွင့်လှစ်မည်ဖြစ်ပါသည်။ ဘဏ်ခွဲများ၏  အခန်းကဏ္ဍသည် အချို့နေရာဒေသများတွင် ဖောက်သည်များအတွက် အလွန်အရေး ပါနေဆဲဖြစ်ကြောင်း၊ ဗန်ကောက်ဘဏ်အနေဖြင့် နေထိုင်မှုပုံစံနှင့် ဖောက်သည်များ၏ ဘဏ္ဍာရေးဆောင် ရွက်မှုအလေ့အထ ပြောင်းလဲလာမှုများနှင့်အညီ ၎င်း၏ဝန်ဆောင်မှုလုပ်ငန်းများအပေါ် သုံးသပ်လျက်ရှိ ကြောင်း၊ အချို့သော ဘဏ်ခွဲများ၏ ဝန်ဆောင်မှုသည် လူပုဂ္ဂိုလ်များကို ဦးစားပေးခဲ့ရာမှ လုပ်ငန်းများကို ပြောင်းလဲအလေးထားလာကြောင်း၊ ဘဏ်ဖောက်သည်များသည် အီလက်ထရောနစ် ပေးချေမှုစနစ်များကို အသုံးပြုရန် ပိုမိုနှစ်သက်ပါက ဘဏ်ခွဲများအနေဖြင့် အခြေအနေပေါ်မူတည်၍ ဝန်ဆောင်မှုများပေးနိုင်ရန် လိုအပ်ကြော င်း၊ ဗန်ကောက်ဘဏ်သည် မြို့ပြဖွံ့ဖြိုး တိုးတက်မှုနှင့်လျော်ညီစွာ ဘဏ်ခွဲနှင့် ATM ငွေထုတ်စက်များကို တိုးချဲ့မည်ဖြစ်ကြောင်း ဗန်ကောက်ဘဏ်၏ ဒုတိယဥက္ကဋ္ဌ Mr.Thaweelap Rittapirom ကပြော ကြားပါသည်။
       ဗန်ကောက်ဘဏ်သည်  ယခုနှစ် ဇန်နဝါရီလမှ ဧပြီလအထိ ဘဏ်ခွဲခုနစ်ခုကို ဖွင့်လှစ်ခဲ့ပြီးနောက် ဘဏ်ခွဲစုစုပေါင်း ၁၁၆၄ ခုထိ တိုးတက်လာပါသည်။ တစ်ချိန်တည်းတွင် အခြားဘဏ်အများစုသည် ဘဏ်ခွဲများပိတ်သိမ်းခြ င်းကို ဆောင်ရွက်ခဲ့ကြရာ ဘဏ်ခွဲစုစု ပေါင်း ၆၆ ခုကို ပိတ်သိမ်းခဲ့ပါသည်။ ထိုင်းနိုင်ငံရှိ ကူးသန်းရောင်းဝယ်ရေးဘဏ်အားလုံးသည် ဘဏ်ခွဲစုစု ပေါင်း ၆၉၅၀ ဖွင့်လှစ်ထားရှိကြောင်း တွေ့ရှိရပါသည်။ ဘဏ်ခွဲအများဆုံးလျှော့ချခဲ့ သည့် ဘဏ်မှာ Krungthai ဘဏ်ဖြစ်ပြီး ဘဏ်ခွဲ ၂၇ခုကိုပိတ်သိမ်းခဲ့သဖြင့် ဘဏ်ခွဲ စုစုပေါင်း ၁၁၈၆ ခုသာ ကျန်ရှိပါသည်။ ထို့နောက် Kasikorn  bank (KBank) သည် ဘဏ်ခွဲ ၂၆ ခုကိုလျှော့ ချခဲ့သဖြင့် ဘဏ်ခွဲစုစုပေါင်း ၁၁၈၆ ခု နှင့် Thanachart ဘဏ်သည်လည်း ဘဏ်ခွဲ ၂၆ ခုကို လျှော့ချခဲ့သဖြင့် ဘဏ်ခွဲစုစုပေါင်း ၅၆၇ ခုကျန်ရှိပါ သည်။
        သမားရိုးကျဘဏ်ခွဲများ၏ လုပ်ငန်းဆောင်ရွက်မှုသည် ထပ်မံကျဆင်းမည့်အခြေအနေတွင် ရှိသော်လည်း ရှော့ပင်းမောလ်ကဲ့သို့သော အချို့နေရာများရှိ ဘဏ်ခွဲများ၏ လုပ်ငန်းဆောင်ရွက်မှုသည် တိုးတက်လျက်ရှိကြောင်း၊ ဗန်ကောက်ဘဏ်သည် ဘဏ်ဖောက်သည်အသစ်များသို့ ဝန်ဆောင်မှုများ ပံ့ပိုးပေးရန်အတွက် ဒစ်ဂျစ်တယ်ဘဏ်စနစ် တိုးတက်ရေးကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း Mr.Thaweelap က ဆက်လက်ပြောကြား ပါသည်။ ထိုင်းစတော့အိတ်ချိန်းတွင် ဇွန် ၁၃ ရက်ရှိ ဗန်ကောက်ဘဏ်၏ အစုရှယ်ယာဈေးနှုန်းသည် ရှယ်ယာတစ်စုလျှင် ဘတ် ၁၈၀ ဖြင့် ပြောင်းလဲမှုမရှိခဲ့ဘဲ အရောင်းအဝယ် ပမာဏ စုစုပေါင်း ဘတ်သန်း ၈၄၀ ရှိကြောင်း တွေ့ ရှိရပါသည်။

 

ကျော်သူရ၊ စီးပွားရေးသံမှူး မြန်မာသံရုံး၊ ဗန်ကောက်မြို့