Main menu

Background

အိန္ဒိယနိုင်ငံရှိ ရာဂျတ်စသန်ပြည်နယ် အဝေးပြေးလမ်းမကြီး ပိုမိုတိုးတက်ကောင်းမွန်လာစေရန်အတွက် ADB ထံမှ ချေးငွေ အမေရိကန်ဒေါ်လာသန်းပေါင်း ၂၂၀ ရယူ

Thu, 08/17/2017 - 10:22 -- journal_editor

     အိန္ဒိယနိုင်ငံ ရာဂျတ်စသန်ပြည်နယ် အဝေးပြေးလမ်းမကြီးတစ်လျှောက် ဆက်သွယ်သွားလာရေးနှင့် သယ်ယူပို့ဆောင်ရေး တိုးတက်ကောင်းမွန်လာစေရန်နှင့်ခရီးသည်များ၊ မော်တော်ယာဉ်များ ဘေးကင်းလုံခြုံစွာသွားလာနို င်ရေးတို့ကို ဆောင်ရွက်ရန်အတွက် အာရှဖွံ့ဖြိုးရေးဘဏ်  (ADB)နှင့် အိန္ဒိယအစိုးရတို့သည် အမေရိကန် ဒေါ်လာသန်းပေါင်း ၂၂၀ ရယူမည့် ချေးငွေသဘောတူစာချုပ်တစ်စောင် ကို ဇူလိုင် ၃ ရက်တွင် လက်မှတ်ရေးထိုးခဲ့ကြ ကြောင်း သိရှိရပါသည်။ ADB ဘုတ်အဖွဲ့သည် အမေရိကန်ဒေါ်လာသန်း ၅၀၀ခန့် အသုံးပြုဆောင်ရွက်မည့် ရာဂျက်စသန်ပြည်နယ်အဝေးပြေးလမ်းမကြီး ရင်းနှီးမြှုပ်နှံမှုအစီအစဉ်(Rajasthan State Highways Investment Program) ကို ယခုနှစ် မေလက အတည်ပြုခဲ့ကြောင်း၊ ယင်းစီမံကိန်းအရ ရာဂျတ်စသန် ပြည်နယ်အဝေးပြေးလမ်းမကြီးပေါ်ရှိ လမ်းအရှည်ကီလိုမီတာ ၂၀၀၀ ခန့်အား အဆင့်မြှင့်တင်ခြင်း၊ အဓိကကျသည့် ခရိုင်ချင်းဆက်လမ်း များအား  နှစ်လမ်းသွားအဖြစ် အဆင့်မြှင့်တင်ခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
        ယခုလက်မှတ်ရေးထိုးသည့် ချေးငွေစာချုပ်သည် Rajasthan State Highways Investment Program အတွက် ADB ၏ ပထမအရစ်ချေးငွေ ဖြစ်ပြီး ယင်းချေးငွေဖြင့် ရာဂျတ်စသန်ပြည်နယ် အဝေးပြေးလမ်း အရှည် ကီလိုမီတာ ၁၀၀၀ ခန့်အား အဆင့် မြှင့်တင်ခြင်းနှင့် အဓိကကျသည့် ခရိုင်ချင်းဆက်လမ်းများအား အဆင့်မြှင့်တင်ခြင်းတို့ကို ဦးစွာအကောင်အထည်ဖော်မည်ဖြစ်ကြောင်း၊ ချေးငွေသက်တမ်းမှာ ၂၅ နှစ် ဖြစ်ပြီး ဆိုင်းငံ့ကာလ ရှစ်နှ စ်ပါဝင်ကြောင်း၊ နှစ်စဉ်အတိုးနှုန်းမှာ ADB ၏ LIBOR ကို အခြေခံထားသည့် ချေးငွေဝန်ဆောင်မှုနှုန်းထားများနှင့်အညီ သတ်မှတ်ဆုံးဖြတ်မည်ဖြစ်ကြောင်း သိရှိရပါသည်။ ရာဂျတ်စသန် အဝေးပြေးလမ်းမကြီး  အဆင့်မြှင့်တင်ခြ င်း စီမံကိန်းအတွက် စုစုပေါင်းကုန်ကျမည့်ပမာဏမှာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၄၁၅ ဘီလီယံဖြစ်ပြီး အစိုးရက အမေရိကန်ဒေါ်လာ ၄၆၅ သန်း၊ ပုဂ္ဂလိကကဏ္ဍမှ အမေရိကန်ဒေါ်လာ သန်း ၄၅၀ နှင့်သက်သာသောချေးငွေ အမေရိကန်ဒေါ်လာသန်း ၅၀၀ တို့ကို အသုံးပြုဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယခုစီမံကိန်းသည် လမ်းပန်းဆက်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက်သာမက ပြည်သူ့ရေးရာ လိုအပ်ချက်များကို ဖြည့်ဆည်း အကောင်အထည်ေ ဖာ်ရာ၌ အစိုးရတစ်ခုတည်းသာမက ပုဂ္ဂလိကကဏ္ဍပါ ပါဝင်လာစေရေး  ဆွဲဆောင်မှုတစ်ရပ်အနေဖြင့် PPP စနစ် အားကောင်းလာစေရေးလည်း ဦးတည်ဆောင်ရွက်ထားကြောင်း သိရှိရပါသည်။

 

ယဉ်ယဉ်နွယ်၊ စီးပွားရေးသံမှူး မြန်မာသံရုံး၊ နယူးဒေလီမြို့