Main menu

Background

မြန်မာနိုင်ငံ၏နိုင်ငံရေး၊ စီးပွားရေးပြုပြင်ပြောင်းလဲမှုအခြေအနေများကို စောင့်ကြည့်နေသည့် အမေရိကန်ကုမ္ပဏီများစွာရှိဟုဆို

Mon, 08/28/2017 - 13:08 -- journal_editor

      မြန်မာနိုင်ငံ၏နိုင်ငံရေးနှင့် စီးပွားရေးပြုပြင် ပြောင်းလဲမှုအခြေအနေများကို  စောင့်ကြည့်နေသည့် အမေရိကန်ကုမ္ပဏီများစွာရှိသည်ဟု မြန်မာ နိုင်ငံဆိုင်ရာအမေရိကန်နိုင်ငံသံရုံး၏ ဒုတိယအကြီး အကဲဖြစ်သူ Mr. George Sibley က  ပြောကြားခဲ့သည်။ သြဂုတ်လ ၁၀ ရက်တွင် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၌ ကျင်းပသည့်တွေ့ဆုံပွဲတွင် မြန်မာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ရန်အတွက် အစိုးရ နှင့်ပုဂ္ဂလိကကဏ္ဍပူးပေါင်း ဆောင်ရွက်မှုအခြေအနေများကို ဆွေးနွေးခဲ့ပြီး နှစ်နိုင်ငံအကြား စီးပွားရေးဆက်ဆံမှုကို မြှင့်တင်နိုင်မည့် နည်းလမ်းများကို လည်းအမြင်ချင်းဖလှယ်ခဲ့ ကြောင်း၊ မြန်မာနိုင်ငံ၏နိုင်ငံရေးနှင့်စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို စောင့်ကြည့်နေသည့် အမေရိကန်ကုမ္ပဏီများစွာ ရှိပြီး မြန်မာနိုင်ငံသို့ ဝင်ရောက်လုပ်ကိုင်ရန် အမေ ရိကန်ရင်းနှီးမြှုပ်နှံသူများအတွက် အဓိကအတား အဆီးတစ်ခုမှာ မြန်မာနိုင်ငံ၏ဘဏ္ဍာရေးစနစ်ဖြစ် သည်ဟု Mr. George Sibley က ပြောကြားခဲ့သည်။
        မြန်မာနိုင်ငံသို့ဝင်ရောက် လုပ်ကိုင်လိုသည့် အမေရိကန်ကုမ္ပဏီအများအပြားရှိရာ အထူးသဖြင့် အထည်ချုပ်ကဏ္ဍကိုအလွန်စိတ်ဝင်စားမှု ရှိကြောင်း၊ အမေရိကန်ကုမ္ပဏီများဝင်ရောက် ရင်းနှီးမြှုပ်နှံနိုင်ရန်အတွက် မြန်မာနို င်ငံ၏  ဘဏ္ဍာရေးစနစ်သည် ပိုမိုပွင့်လင်းမြင်သာရန်နှင့် ထိရောက်မှုရှိရန်လိုအပ်ကြောင်း၊ငွေပေးချေမှုစနစ်နှင့် ငွေလွှဲ စနစ်ဖွံ့ဖြိုးလာရန်နှင့် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်လုပ်ငန်း ငွေကြေးထောက်ပံ့မှုတို့ကို တားဆီး နိုင်သည့် ဥပဒေများပြဋ္ဌာန်းရန် လိုအပ်သည်ဟု အမေရိကန်သံအမတ်ကြီး မစ္စတာစကော့မာရှယ်လ်က ဇူလိုင်လတွင် ပြောကြားခဲ့သည်။ လက်ရှိအချိန်အထိ မြန်မာနိုင်ငံတွင် အမေရိကန်နိုင်ငံ၏ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ သန်း ၂၅၀ရှိနေပြီး အမေ ရိကန်နိုင်ငံသည် မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့အရေးယူထားမှုများကို ရုပ်သိမ်းထားပြီးဖြစ်သဖြင့် ရှေ့လာမည့်သုံးနှစ်အတွင်း အမေရိကန် နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုသည် နှစ်ဆအထိမြင့်တက် လာနို င်ကြောင်း၊ အမေရိကန်ကုမ္ပဏီများဖြစ်ကြ သော Coca-Cola နှင့် Ball တို့က မြန်မာနိုင်ငံတွင် ဝင်ရောက်ရင်းနှီးမြှုပ်နှံထားပြီးဖြစ်ကြောင်း၊ အမေရိကန်ကုမ္ပဏီများသည် မြန်မာနိုင်ငံ၏ဘဏ္ဍာ ရေးလုပ်ငန်း၊ အာမခံ လုပ်ငန်းနှင့် အိုင်တီလုပ်ငန်းများကို စိတ်ဝင်စားကြပြီး အမေရိကန်ကုမ္ပဏီများ ဝင်ရောက်လာခြင်းသည် မြန်မာနိုင်ငံ၏မူဝါဒများအပေါ်တွင်များစွာမူတည်ပါသည်ဟုရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးေ အာင်နိုင်ဦးကပြောကြားခဲ့ကြောင်း သြဂုတ်လ ၁၆ ရက်နေ့ထုတ် The Nation သတင်းစာတွင် ဖော်ပြထားသည်။

 

ကျော်သူရ၊ စီးပွားရေးသံမှူး မြန်မာသံရုံး၊ ဗန်ကောက်မြို့