Main menu

Background

မတ်ပဲနှင့် ပဲတီစိမ်းတင်သွင်းမှုအား ကန့်သတ်ကုန်စည်အမျိုးအစား ခေါင်းစဉ်အောက်သို့ အိန္ဒိယအစိုးရက ထည့်သွင်းသတ်မှတ်

Thu, 08/31/2017 - 14:40 -- journal_editor

         အိန္ဒိယအစိုးရသည် မတ်ပဲနှင့် ပဲတီစိမ်းတင်သွင်းခြင်းအား ကန့် သတ်ကုန်စည်အမျိုးအစားခေါင်းစဉ်အောက်သို့  ထည့်သွင်းသတ်မှတ် လိုက်ပြီး ပြည်တွင်းသို့သင်္ဘောတင်ဝင်ရောက်မှုပမာဏ ခွဲတမ်းအား ဘဏ္ဍာနှစ်တစ်နှ စ်အတွင်း တန်ချိန်သုံးသိန်း  အများဆုံး သတ်မှတ် ကြောင်း Directorate  General of Foreign Trade ၏ သြဂုတ် ၂၁ရက်၌ ထုတ်ပြန်သည့် ကြေညာချက်၌ ဖော်ပြထားကြောင်း သိရှိရပါသည်။
        သို့ရာတွင် အဆိုပါကန့်သတ်ချက်သည် နှစ်နိုင်ငံနှင့် ဒေသတွင်း သဘောတူညီချက်များအရ အစိုးရ၏  သွင်းကုန်ကတိကဝတ်များအပေါ် သက်ရောက်ခြင်းမရှိကြောင်း၊ မတ်ပဲနှင့် ပဲတီစိမ်းတင်သွင်းခြင်းအား လွတ်လပ်စွာ တင်သွင်းနိုင်သည့် ကုန်စည်အမျိုးအစားအောက်မှ ကန့် သတ်ကုန်စည်အမျိုးအစားအောက်သို့ ပြောင်းလဲလိုက်ကြောင်း ဖော်ပြပါရှိပါသည်။ အိန္ဒိယအစိုးရ၏ ယခုလုပ်ဆောင်ချက်သည် နိုင်ငံအတွင်း၌ MSP ဈေးနှုန်းအောက် သို့ကျဆင်းနေသည့် ပြည်တွင်းပဲဈေးနှုန်းများကို ခိုင်မာ အားကောင်းလာစေမည်ဖြစ်ကာ  တောင်သူလယ်သမားများအပေါ် ထိခိုက်မှု လျော့နည်းလာစေရန်တို့အတွက် အထောက်အကူပြုစေမည်ဟု ဆိုထားကြောင်း သိရသည်။
         အိန္ဒိယနိုင်ငံသည် ကမ္ဘာပေါ်တွင်ပဲအများဆုံးထုတ်လုပ်သည့် နိုင်ငံဖြစ်ပြီး နှစ်စဉ်ပဲမျိုးစုံတန်ချိန် ၂၂ သန်းဝန်း ကျင်ခန့်ထုတ်လုပ်လျက်ရှိရာ ၂၀၁၆-၁၇ သီးနံှရာသီတွင် ပဲတီစိမ်းတန်ချိန် ၂ ဒသမ ၀၇ သန်းခန့် စံချိန်တင် ထုတ် လုပ်နိုင်ခဲ့ပြီး ပြည်တွင်းဈေးနှုန်းများ ကျဆင်းနေသည့်အတွက် တောင်သူများအား ထိခိုက်စေပြီး စိုက်ဧကကျဆင်းလာသည့် အပေါ်အစိုးရကစိုးရိမ်ပူပန်နေကြောင်း၊ သို့ဖြစ်၍ အိန္ဒိယအစိုးရသည် ယခုလအစောပိုင်းကလည်း ပဲစင်း ငုံတင်သွင်းမှုအား ကန့်သတ်ကုန်စည် အမျိုးအစားအောက်သို့ ထည့်သွင်းသတ်မှတ်ခဲ့ကြောင်း သိရှိရပါသည်။

 

ယဉ်ယဉ်နွယ်၊ စီးပွားရေးသံမှူး မြန်မာသံရုံး၊ နယူးဒေလီမြို့