Main menu

Background

မြန်မာနှင့်စီးပွားရေးဆက်ဆံမှု တိုးတက်လာစေရန်အတွက် မီဇိုရမ်ပြည်နယ်ရှိ အဝေးပြေးလမ်းမကြီးအား အိန္ဒိယအစိုးရက အဆင့်မြှင့်တင်မည်

Mon, 09/04/2017 - 13:10 -- journal_editor

        အိန္ဒိယ အရှေ့မြောက်ဒေသအား စီးပွားရေးပါဝါကောင်းသည့်  ဒေသ တစ်ခုဖြစ်လာစေရန်နှင့် အိန္ဒိယနိုင်ငံ၏ မဟာဗျူဟာမြောက်တည်ရှိမှုတို့ကို ပိုမို ခိုင်မာအားကောင်းလာစေရန် ရည်ရွယ် ကာ   မီဇိုရမ်ပြည်နယ်အတွင်းရှိ  ၃၅၂ ကီလိုမီတာရှည်သည့်  အဝေးပြေးလမ်း မကြီးအား  အဆင့်မြှင့်တင်ရန်အတွက်  သြဂုတ် ၂၁ ရက်တွင် အိန္ဒိယဗဟိုအစိုးရ က ရူပီး ၆၁၆၇ ကုဋေခန့်   ခွင့်ပြုပေးခဲ့ ကြောင်း သိရှိရပါသည်။
အဆိုပါလမ်းမကြီးအား  အဆင့် မြှင့်တင်လိုက်ခြင်းဖြင့်    အရှေ့မြောက် ဒေသ၌ စီးပွားရေးလုပ်ငန်းများ ဆောင် ရွက်နေသည့်   ကုန်သည်များအတွက် ကုန်သွယ်မှုလမ်းကြောင်း တစ်ခုရရှိလာ ပြီး မြန်မာနှင့်စီးပွားရေးချိတ်ဆက်မှု ပိုမို တိုးတက်ကောင်းမွန်လာစေမည်  ဖြစ် ကြောင်း ဖော်ပြထားပါသည်။
ယခု      အဆင့်မြှင့်တင်မည့်Aizawl - Tuipang  အဝေးပြေးလမ်းမ ကြီးသည်  မြန်မာနှင့်  အိန္ဒိယအကြား စီးပွားရေးဆက်သွယ်မှု တိုးတက်ကောင်း မွန်လာစေရေး အဓိကကျသည့်လမ်းမ ကြီးဖြစ်သည့်အပြင် မြန်မာကိုဖြတ်သန်း ကာ အာဆီယံဈေးကွက်များသို့  ချိတ် ဆက်ရန်အတွက်လည်း  အသုံးပြုနိုင် မည်ဖြစ်ကြောင်း၊  သို့ဖြစ်၍  အိန္ဒိယ၏ စိုက်ပျိုးရေးထွက်ကုန်များ၊  ဥယျာဉ်ခြံ ထွက်ပစ္စည်းများ၊  နို့ထွက်ပစ္စည်းများ၊ ငါးမျိုးစုံ၊ စက်မှုထုတ်ကုန်မျိုးစုံများအား အာဆီယံဈေးကွက်သို့လည်း ချိတ်ဆက် လာနိုင်ရုံသာမက  နိုင်ငံအတွက်  ကုန် ကြမ်းရရှိလာနိုင်မှုနှင့် အခြားသောယှဉ် ပြိုင်နိုင်မှုအားသာ ချက်များ  (Competi- tive Advantages)    လည်းရှိလာမည်ဖြစ် ကြောင်း သုံးသပ်ဖော်ပြထားပါသည်။
အိန္ဒိယအတွက်   မြန်မာသည် အရှေ့တောင်အာရှ   ၁၀ နိုင်ငံသို့  ကုန်း လမ်းဖြင့်   ကူးလူးဆက်သွယ်ရန်တစ်ခု တည်းသော   ဝင်ပေါက်/ထွက်ပေါက် ဖြစ်ကာ  ကုန်းတွင်းပိတ်ဒေသဖြစ်သော အိန္ဒိယအရှေ့မြောက်ဒေသရှိ  ပြည်နယ် လေးခု အာရူနာချယ်လ်ပရာဒေ့ရှ်၊ မဏိ ပူရ်၊  နာဂဒေသနှင့်    မီဇိုရမ်တို့သည် မြန်မာနှင့် ကီလိုမီတာ ၅၂၀၊ ၃၉၈၊ ၂၁၅ နှင့် ၅၁၀ တို့အသီးသီး    အကာအရံမရှိ ထိစပ်လျက်ရှိကြောင်း သိရှိရပါသည်။
ယခုအကောင်အထည်ဖော်မည့် Aizawl-Tuipang   အဝေးပြေးလမ်း နှင့်စပ်လျဉ်း၍  Observer Research Foundation  ၏  အကြီးတန်း သုတေ သနအဖွဲ့ဝင်  K.Yhomက အဆိုပါလမ်း အား သတ်မှတ်ကာလအတွင်း ပြီးစီး အောင်ဖော်ဆောင်သင့်ပြီး  ရာသီမရွေး အသုံးပြုနိုင်ရန်မှာလည်း   အရေးကြီး ကြောင်း၊   လက်ရှိတွင် အိန္ဒိယ-မြန်မာ ချစ်ကြည်ရေးလမ်းတစ်ခုအဖြစ် မဏိပူရ် တွင်ရှိပြီးဖြစ်သော်လည်း  ယင်းလမ်း ပေါ်ရှိ လမ်းပိုင်းအများစုမှာ တစ်နှစ် ပတ်လုံးအသုံးပြုနိုင်ခြင်း မရှိကြောင်း၊ ယခုစီမံကိန်းသည်    ဘင်းမ်စတက်(BIMSTEC)  အဖွဲ့ကြီး  ပိုမိုခိုင်မာအား ကောင်းလာစေရေး   တည်ဆောက်ရန် အတွက် ရည်ရွယ်ဆောင်ရွက်ခြင်း ဖြစ် နိုင်ပြီး အိန္ဒိယ၏ အိမ်နီးချင်းမဟာဗျူ ဟာကို      ပိုမိုအားကောင်းလာစေနိုင် ကြောင်း၊ ထို့ပြင် အဓိကအားဖြင့် မီဇိုရမ် ပြည်နယ်နှင့် အရှေ့မြောက်ဒေသ ပြည် နယ်များအတွက်    စီးပွားရေးအခွင့် အလမ်းများ   ပိုမိုရရှိလာနိုင်ပြီး ယင်း ဒေသ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုး တက်လာစေမည်ဟု  သုံးသပ်ပြောကြား ထားကြောင်း သိရှိရပါသည်။
ယဉ်ယဉ်နွယ်၊ စီးပွားရေးသံမှူး
မြန်မာသံရုံး၊ နယူးဒေလီမြို့