Main menu

Background

ထိုင်းနိုင်ငံ၊ ပို့ဆောင်ရေးဝန်ကြီးဌာနသည် လိမ္မော်ရောင် လျှပ်စစ်ရထားလမ်း တည်ဆောက်မှုကို ပုဂ္ဂလိကသို့ ရာနှုန်းပြည့်ခွင့်ပြုပေးရန် စီစဉ်ဆောင်ရွက်လျက်ရ

Mon, 09/04/2017 - 13:18 -- journal_editor

     ထိုင်းနိုင်ငံ၊ ပို့ဆောင်ရေးဝန်ကြီးဌာနသည် နိုင်ငံတော် အတွက် ဘဏ္ဍာငွေဝန်ထုပ်ဝန်ပိုးဖြစ်မှုကို လျှော့ချပေးမည့် နည်းလမ်းများကို ရှာဖွေလျက်ရှိရာ ဗန်ကောက်မြို့ရှိ ထိုင်း ယဉ်ကျေးမှုစင်တာနှင့်     တာလင်ကျန်ကို   ဆက်သွယ်မည့် လိမ္မော်ရောင်လျှပ်စစ်ရထားလမ်းစီမံကိန်း၏ အနောက်ဘက် လမ်းပိုင်းကို ပုဂ္ဂလိကသို့ ရာနှုန်းပြည့် တည်ဆောက်ခွင့်ပေးရန်  စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။ပို့ဆောင်ရေး ဝန်ကြီးဌာနသည် လိမ္မော်ရောင် လျှပ်စစ် ရထားလမ်းစီမံကိန်းကို ပုဂ္ဂလိကသို့ ရာနှုန်းပြည့်တည်ဆောက် ခွင့်ပြုခြင်းနှင့်ပတ်သက်၍  လက်တွေ့အကောင်အထည်ဖော် နိုင်မည့်  အခြေအနေများကို စစ်ဆေးရန်အတွက် ပြည်သူ့ပို့ ဆောင်ရေးလုပ်ငန်းများကို လုပ် ကိုင် ခွင့်ရရှိထားသည့် အများ ပြည်သူပို့ဆောင်ရေးအာဏာပိုင်အဖွဲ့သို့  လမ်းညွှန်ထားပြီး ဖြစ်ကြောင်း၊   လက်တွေ့အကောင်အထည်ဖော်နိုင်ပါက အစိုးရ၏ဘဏ္ဍာငွေကို     သက်သာစေမည်ဖြစ်သော်လည်း လိမ္မော်ရောင် လျှပ်စစ်ရထား တည်ဆောက်မှုစရိတ်  ဘတ် ၁၀၉ ဘီလီယံသည် ပုဂ္ဂလိကကဏ္ဍအတွက် အလွန်များပြား သော  ကုန်ကျစရိတ်ဖြစ်ကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာန ဝန်ကြီး Mr. Arkhom Termpittayahaisith က ပြောကြား ခဲ့ပါ သည်။
ဗန်ကောက်မြို့  အနောက်ပိုင်းရှိ တာလင်ကျန်နှင့် အရှေ့ ပိုင်းရှိ ထိုင်းယဉ်ကျေးမှုစင်တာကိုဆက်သွယ်ပေးမည့် အနောက် ဘက်ခြမ်းလမ်းပိုင်းဖြစ်သော လိမ္မော်ရောင် လျှပ်စစ်ရထား လမ်းသည် အရှည် ၁၃ ဒသမ ၄ ကီလိုမီတာ ရှိပြီးအရှေ့ဘက် ခြမ်း လိမ္မော်ရောင်လျှပ်စစ်ရထားလမ်းပိုင်းသည် အရှည် ၂၂ ဒသမ ၅၇ ကီလိုမီတာရှိပါသည်။ ထိုင်း အစိုးရသည် ယခင်က အနောက်ဘက်ခြမ်းလမ်းပိုင်း  လိမ္မော်ရောင် လျှပ်စစ်ရထား လမ်းတည်ဆောက်မှုကို အရှေ့ဘက်ခြမ်းလမ်းပိုင်း  တည် ဆောက်ခဲ့သည့် နမူနာအတိုင်း အများပြည်သူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့က    တာဝန်ယူအကောင်အထည်ဖော်ရန် စီစဉ် ထားသော်လည်း အများပြည်သူပို့ဆောင်ရေးအာဏာ ပိုင်အဖွဲ့ သည်  များပြားသော ပိုက်လိုင်းစီမံကိန်းများ ရှိနေ သဖြင့် အသုံးစရိတ်များကိုလျှော့ချရန် စီစဉ်ခြင်းဖြစ်ပါသည်။အများပြည်သူပို့ဆောင်ေ ရး  အာဏာပိုင်အဖွဲ့သည် အစိုးရ-ပုဂ္ဂလိက အကျိုးတူပူးပေါင်းဆောင်ရွက်မှု(Public-Private Partnership-PPP) အစီအမံအောက်တွင် အကောင် အထည်ဖော်မည့် စီမံကိန်းအတွက် ရင်းနှီးမြှုပ်နှံမှုနှင့် ရထား လမ်းဝန်ဆောင်မှုများအပေါ်  လိုအပ်သော လေ့လာမှုများ ဆောင်ရွက်ရန် အကြံပေးကုမ္ပဏီတစ်ခုကို ငှားရမ်းထားပြီးဖြစ် ပါသည်။ ထို့အပြင် အများပြည်သူပို့ဆောင်ရေး အာဏာပိုင် အဖွဲ့သည် ရာနှုန်းပြည့် အစိုးရ-ပုဂ္ဂလိက  အကျိုးတူပူးပေါင်း ဆောင်ရွက်မှုကိုလည်း လေ့လာဆန်းစစ်ပေးရန် ယင်းအကြံ ပေးကုမ္ပဏီနှင့် ညှိနှိုင်းမည်ဖြစ်ပါသည်။
စီမံကိန်းစရိတ်စက မြင့်မားမှုကြောင့် ဖြစ်ပေါ်လာနိုင် သည့် စွန့်စားရမှုများနှင့် ကန်ထရိုက်စာချုပ်များအား ဆောင် ရွက်ရမည့် အခြေအနေများကိုလည်း လေ့လာတင်ပြစေလို ကြောင်း၊ ယခုကဲ့သို့ ရာနှုန်းပြည့်  အစိုးရ-ပုဂ္ဂလိက အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုပုံစံဖြင့်အကောင်အထည်ဖော်ရန် စီစဉ် ခြင်းသည် အစိုးရ၏ ဘဏ္ဍာရေးအသုံးစရိတ်ကို  လျှော့ချရန် ရည်ရွယ်ပြီး လေ့လာတွေ့ရှိချက်များကို စောင့်ဆိုင်း၍ ယင်း တွေ့ရှိချက်များအပေါ် အခြေခံကာ မည်သို့မည်ပုံဆောင်ရွက် မည်ကို တစ်လ သို့မဟုတ် နှစ်လအတွင်း ဆုံးဖြတ်ရန် မျှော်မှန်း ထားကြောင်း ဝန်ကြီး Mr. Arkhomက ပြောကြားခဲ့ပါသည်။