Main menu

Background

ကြက်သွန်နီကုန်သည်များ၏သိုလှောင်မှုပမာဏကို ကန့်သတ်ရန် အိန္ဒိယဗဟိုအစိုးရက ပြည်နယ်အစိုးရများအား ပြောကြား

Mon, 09/04/2017 - 13:20 -- journal_editor

     ပြည်တွင်း၌ ကြက်သွန်နီဈေးနှုန်းများ မြင့်တက်လျက်ရှိနေပြီး ဆက် လက်မြင့်တက်လာခြင်းမရှိစေရန် အိန္ဒိယဗဟိုအစိုးရက ကုန်သည်များ၏ ကြက်သွန်နီသိုလှောင်မှုပမာဏကို ကန့်သတ်ရန် ပြည်နယ်အစိုးရများအား သြဂုတ် ၂၃ ရက်၌ ပြောကြားခဲ့ကြောင်း သိရှိရပါသည်။ထို့ပြင် ပြည်တွင်း၌  ကြက်သွန်နီလုံလောက်မှုရှိစေရေးနှင့် ဈေးနှုန်း တည်ငြိမ်စေရေးတို့အတွက် ကြက်သွန် နီတင်ပို့မှုအပေါ် အနိမ့်ဆုံးပို့ကုန်ဈေး နှုန်း (minimum export price-MEP) သတ်မှတ်ရန်အတွက်လည်း  ဗဟို အစိုးရက စဉ်းစားနေကြောင်း၊ ထိုသို့ သတ်မှတ်ရာ၌ ကြက်သွန်နီပို့ကုန်တစ် တန်လျှင် အမေရိကန်ဒေါ်လာ ၄၅၀ ဖြင့် သတ်မှတ်ရန်ကိုလည်း အိန္ဒိယ စားသုံးသူရေးရာဝန်ကြီးဌာနက  ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသို့ အကြံပြုထားကြောင်း၊ ယင်းနှင့်စပ်လျဉ်းသည့် အပြီးသတ်ဆုံးဖြတ်ချက်ကို မကြာမီထုတ်ပြန်မည်ဖြစ်ကြောင်း သိရှိရပါသည်။
သြဂုတ် ၂၃ ရက်တွင် အိန္ဒိယနိုင်ငံ၌  ကြက်သွန်နီဈေးနှုန်းမှာ တစ် ကီလိုဂရမ်လျှင် ၃၈ ရူပီးသို့မြင့်တက်ခဲ့ပြီး ယခင်နှစ်အလားတူကာလက ကြက်သွန်နီဈေးမှာ တစ်ကီလိုဂရမ် လျှင် ၂၂ရူပီးသာရှိကြောင်း၊ ကြက်သွန်နီ သည် အိန္ဒိယနိုင်ငံ၏ မရှိမဖြစ်ကုန် စည်စာရင်းတွင် ပါဝင်သည့် မီးဖိုချောင် သုံးအခြေခံစားကုန်ဖြစ်ရာ ကုန်သည်များအနေဖြင့် ကြက်သွန်နီဈေးနှုန်း မြင့်တက်အောင်   လက်ဝယ်သိုလှောင်ထားပြီး   ဈေးကစားနေကြောင်း အထောက်အထားတွေ့ရှိပါကEssential Commodities Act ဖြင့် အရေး ယူရန်  ပြည်နယ်အစိုးရများအား အာဏာလွှဲအပ်သည့် စာတစ်စောင်ကို လည်း ထုတ်ပြန်ထားသည်ဟုFood and Consumer Affairs ၏ ဝန်ကြီးဖြစ် သူ Ram Vilas Paswan  က ပြောကြား ထားကြောင်း သိရှိရပါသည်။
ပြီးခဲ့သည့်  ရက်သတ္တပတ်  အနည်းငယ်အတွင်းက အိန္ဒိယ၌ ကြက် သွန်နီဈေးနှုန်း  မြင့်တက်လာရခြင်းမှာ ကြက်သွန်နီ လက်ဟောင်းများ လက်ကျန်လျော့နည်းလာပြီး လက်ရှိနွေရာသီ ကြက်သွန်နီစိုက်ဧကမှာ ၂၀ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့သည့်အတွက် ယခုနှစ်ထုတ်လုပ် နိုင်မည့် ပမာဏအပေါ် စိုးရိမ်ပူပန်လျက်ရှိနေရာ ကုန်သည်များအနေဖြင့် လက်ဝယ်သိုလှောင်ထားခြင်းများရှိနိုင်ကြောင်း၊ သို့ဖြစ်၍ ဈေးကစားခြင်းကို ဟန့်တားရန်အတွက် အများဆုံးသိုလှောင်ခွင့်ကို ကန့်သတ်ရန် စီစဉ်ခြင်းဖြစ် ကြောင်း သိရှိရပါသည်။
အိန္ဒိယအစိုးရ၏MEP  မူဝါဒအရ ပို့ကုန်တင်ပို့သူသည် သတ်မှတ် ကုန်စည်အမျိုးအစားအပေါ် အစိုးရက  ထုတ်ပြန်ထားသည့်MEP  ဈေးနှုန်း အောက်လျော့၍ တင်ပို့ခွင့်မရှိကြောင်း၊ အိန္ဒိယနိုင်ငံသည် ယခင်က ကြက် သွန်နီတင်ပို့မှုအပေါ် MEP သတ်မှတ်ခဲ့သော် လည်း ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာ လမှစ၍ အဆိုပါကန့်သတ်ချက်အား ဖျက်သိမ်းပေးထားခြင်းဖြစ်ကြောင်း၊ ၂၀၁၆-၁၇ ဘဏ္ဍာနှစ်တွင် အိန္ဒိယနိုင်ငံမှ ကြက်သွန်နီတန်ချိန် ၃၄ ဒသမ ၉၂ သိန်းခန့် တင်ပို့ခဲ့ကြောင်း၊ ပြည်တွင်း၌  လက်ရှိစားသုံးနေသည့် ကြက် သွန်နီများမှာ ယခင်နှစ်လက်ကျန်များဖြစ်ပြီး  လာမည့်လတွင် ဈေးကွက် အတွင်းသို့ ကြက်သွန်နီသစ်များ စတင်ရောက်ရှိတော့မည်ဟု ခန့်မှန်းထား ကြောင်း သိရှိရပါသည်။
ယဉ်ယဉ်နွယ်၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ နယူးဒေလီမြို့
ကျော်သူရ၊ စီးပွားရေးသံမှူး
မြန်မာသံရုံး၊ ဗန်ကောက်မြို့ှိ