Main menu

Background

ပိုမိုသိုလှောင်ထားနိုင်ရန်အတွက် ဖိလစ်ပိုင်နိုင်ငံက ဆန်တန်ချိန် ၂၅၀၀၀၀ ဝယ်ယူသွားမည်

Fri, 09/08/2017 - 15:15 -- journal_editor

      ဖိလစ်ပိုင်နိုင်ငံက ဆန်ပိုမိုသို လှောင်ထားနိုင်ရန်အတွက် ဆန်တန် ချိန်နှစ်သိန်းခွဲ  ဝယ်ယူသွားမည်ဖြစ် ကြောင်း၊  ဗီယက်နမ်၊ ထိုင်းနှင့် စင်ကာ ပူနိုင်ငံရှိ ဝယ်လက်များထံမှ အဆိုပါ ဆန်တန်ချိန်များကို ဝယ်ယူသွားမည် ဖြစ်ကြောင်း rice outlook သတင်းတွင် ဖော်ပြထားသည်။ဖိလစ်ပိုင်နိုင်ငံ ဆန်ဝယ်ယူရေး အေဂျင်စီဖြစ်သည့် အမျိုးသားအစား အစာအာဏာပိုင်အဖွဲ့ (National Food Authority's-NFA) က ဆန် တန်ချိန် ၂၅၀၀၀၀ ဝယ်ယူရေးအတွက် တင်ဒါခေါ်ယူ၍  ဆောင်ရွက်သွားမည် ဖြစ်သည်။ ယခုတင်ဒါခေါ်ယူ၍ ဝယ် ယူသွားမည့်ဆန်များကို သိုလှောင်ထား မည်ဖြစ်သည်ဟုဆိုသည်။အပြည်ပြည်ဆိုင်ရာ ဆန်တင်ပို့ သူများအသင်းတွင် ဆန်တင်ပို့သူ ၁၈ ဦးရှိသည့်အနက် ၁၄ ဦးတို့၏ကိုယ်စား လှယ်များသည်NFA ကပြုလုပ်မည့် ဆန်တင်ဒါခေါ်ယူမည့် အကြိုညှိနှိုင်း ပွဲသို့ တက်ရောက်ခဲ့ကြသည်။
ဆန်တစ်တန်လျှင် ကြမ်းခင်းဈေး  အမေရိကန်ဒေါ်လာ ၄၅၁ ဒသမ ၀၈  အောက်သို့ လျှော့ချ၍  ဆန်တစ်တန် လျှင် အမေရိကန်ဒေါ်လာ ၄၀၉ မှ ၄၃၁ ဒသမ ၇၀ ကြား  ဈေးနှုန်းဖြင့် တင်သွင်းနိုင်သူများသည်    တင်ဒါ အောင်မြင်နိုင်ပြီး   ဆန်တန်ချိန်နှစ်  သိန်းခွဲ တင်ပို့ခွင့်ရရှိမည်ဖြစ်ကြောင်း အဆိုပါသတင်းတွင် ဖော်ပြထားသည်။ဆန်  တင်သွင်းခွင့်ရရှိသူသည် စက်တင်ဘာလအတွင်း ဆန်အားလုံး အပြီး တင်ပို့ရမည်ဖြစ်ကြောင်းNFA မှ ပြောရေးဆိုခွင့်ရှိသူက ပြောကြား ခဲ့သည်။အဆိုပါ  ဆန်တန်ချိန်နှစ်သိန်းခွဲ သည် တစ်နိုင်ငံလုံးအတွက် လေးရက် စာသာရှိသည်ဟု ဆိုသည်။
ဖိလစ်ပိုင်နိုင်ငံအနေဖြင့်   ပြည် တွင်းဆန် တင်သွင်းသူများအား နှစ်စဉ် ဆန်တင်သွင်းမှုခွဲတမ်းအဖြစ် ဆန်တန် ချိန် ၈၀၅၂၀၀ ကိုNFA  က သတ်မှတ် ပေးခဲ့ရာ နှစ်စဉ် ဒီဇင်ဘာမှ ဖေဖော် ဝါရီလအတွင်း   တင်သွင်းရမည်ဖြစ် ကြောင်း အဆိုပါသတင်းတွင်  ဖော်ပြ ထားသည်။