Main menu

Background

အိန္ဒိယနိုင်ငံတွင် အဆိုးရွားဆုံးရေလွှမ်းမိုးမှုများ ဖြစ်ပေါ်ခဲ့သော်လည်း လယ်ယာကဏ္ဍ ထုတ်လုပ်မှုအပေါ်တွင် ထိခိုက်မှုမရှိဟုဆို

Fri, 09/08/2017 - 15:16 -- journal_editor

       အိန္ဒိယနိုင်ငံတွင် ယခုနှစ်မုတ်သုံရာသီအတွင်း အဆိုးရွားဆုံးရေလွှမ်း မိုးမှုများ ဖြစ်ပေါ်လျက်ရှိသော်လည်း နိုင်ငံ၏လယ်ယာကဏ္ဍထုတ်လုပ်မှု အပေါ်တွင် အကျိုးသက်ရောက်မှုမရှိခဲ့ကြောင်း တိုင်းမ်အော့ဖ်အိန္ဒိယ သတင်း တွင် ဖော်ပြထားသည်။ အိန္ဒိယနိုင်ငံတွင် မုတ်သုံရာသီ စတင်ဝင် ရောက်ချိန်မှ ယနေ့အထိ အဆိုးရွားဆုံးရေလွှမ်းမိုးမှုများဖြစ်ပေါ်လျက်ရှိရာ စိုက်ပျိုးမြေများ ပျက်စီး ဆုံးရှုံးခဲ့ရသည်။သို့သော် လည်း လယ်သမားများ အနေဖြင့် ရေပြန်လည်ကျဆင်းသွား ချိန်တွင် အချိန်မီ ပြန်လည်စိုက်ပျိုးနိုင်ခဲ့သဖြင့် ဆိုးဆိုးရွားရွား ထိခိုက် ပျက်စီးမှုမရှိခဲ့ဟု အဆိုပါသတင်းတွင် ဖော်ပြထားသည်။''တစ်နိုင်ငံလုံး ရေလွှမ်းမိုးမှုတွေ ဖြစ်ပေါ်ခဲ့ပေမယ့် ထုတ်လုပ်မှုမှာ ကြီးကြီးမားမား ထိခိုက်မှုမရှိခဲ့ပါဘူး။ လယ်သမားတွေမှာတော့ အနည်းနဲ့ အများထိခိုက်မှုရှိခဲ့ပါတယ်''ဟု အိန္ဒိယနိုင်ငံ လယ်ယာစိုက်ပျိုးရေးသုတေ သနကောင်စီမှ ဒုတိယညွှန်ကြားရေးမှူးချုပ် အေကေဆင်းက ပြောကြား ခဲ့သည်။''ကျွန်တော်တို့ လယ်သမားတွေက တကယ့်ကို ဉာဏ်ကောင်းတဲ့သူ တွေပါ။  ရေလွှမ်းမိုးမှုတွေဖြစ်ပေါ်ခဲ့ပေမယ့် သီးနှံတွေကို အစားထိုးစိုက်ပျိုး ခဲ့ကြပါတယ်။ ဆောင်းရာသီရောက်တဲ့ အချိန်မှာတောင် မြေအောက်ရေရရှိ နေတာကြောင့် နှစ်သီးစိုက်ပျိုးကြတယ်''ဟု ၎င်းင်းက ထပ်မံပြောကြားခဲ့သည်။ ထို့ပြင် ရေလွှမ်းမိုးခံရသည့် ခရိုင်ပေါင်း ၆၂၃ ခရိုင်တွင် သီးနှံများ ပြန် လည်စိုက်ပျိုးရန် စတင်နေပြီဖြစ်သည်ဟုဆိုသည်။
အိန္ဒိယနိုင်ငံတစ်ဝန်း ရေလွှမ်းမိုးမှု ဖြစ်ပေါ်လျက်ရှိရာ ဂူဂျာရတ်၊ ရာဂျတ် စသန်၊ ဘီဟာ၊ အနောက်ဘင်ဂေါနှင့် အာသံပြည်နယ်တို့တွင် အဆိုးရွားဆုံးဖြစ်ပေါ်ခဲ့ပြီး လယ်ယာစိုက်ပျိုးမြေ ဟက်တာပေါင်း ၂၅ သိန်း ကျော် ရေနစ်မြုပ်ခဲ့သည်။
စက်တင်ဘာ ၁ ရက်က အိန္ဒိယနိုင်ငံ လယ်ယာစိုက်ပျိုးရေးဝန်ကြီး ဌာနမှထုတ်ပြန်ခဲ့သည့် စာရင်းများအရ စုစုပေါင်းလယ်ယာစိုက်ပျိုးသည့် ဟက်တာပေါင်း ၉၇၆ ဒသမ ၃ သိန်းရှိခဲ့ရာ ကြီးကြီးမားမား ပျက်စီးဆုံးရှုံး ခဲ့ခြင်း မရှိကြောင်း၊ အိန္ဒိယ အစိုးရအနေဖြင့် မိုးသီးနှံရာသီတွင် စိုက်ဧက ၁၀၅၈ ဒသမ ၆ သန်း စိုက်ပျိုးရန် လျာထားခဲ့ကြောင်း အဆိုပါသတင်းတွင် ဖော်ပြထားသည်။