Main menu

Background

တရုတ်ကုန်စည်များအပေါ် တန်ပြန်စုပုံခွန်များ ထပ်တိုးသတ်မှတ်စည်းကြပ်သည်ဆိုခြင်းကို အိန္ဒိယငြင်းဆို

Mon, 09/11/2017 - 15:16 -- journal_editor

      သြဂုတ်လအတွင်း တရုတ်နိုင်ငံ ထုတ်ကုန် စည် ၉၃ မျိုးအပေါ်  တန်ပြန်စုပုံခွန်သစ်များ စည်း ကြပ်ရန် အိန္ဒိယကစီစဉ်နေသည်ဆိုသည့် သတင်း အား တရုတ်နိုင်ငံပိုင်သတင်းက ဖော်ပြခဲ့ခြင်းမှာ အဖြစ်မှန်မဟုတ်ဟု တရုတ်နို င် ငံရှိ အိန္ဒိယသံရုံးက ပြောကြားထားကြောင်း သိရှိရပါသည်။လက်ရှိကာလအထိ   ဓာတုပစ္စည်းများ၊ သံမဏိနှင့် အခြားသတ္တုပစ္စည်းများ၊ ချည်ခင်များ၊ စက်ပစ္စည်းများ၊ ရော်ဘာနှင့် ပလတ်စတစ်ပစ္စည်း များ၊  လျှပ်စစ်ပ စ္စည်း များ၊  လူသုံးကုန်ပစ္စည်းများ စသည့် တရုတ်နိုင်ငံမှ  ကုန်ပစ္စည်းအမယ်ပေါင်း ၉၃ မျိုးမှာ တန်ပြန်စုပုံခွန် စည်းကြပ်မည့် ပစ္စည်း များအဖြစ် သတ်မှတ်စည်းကြပ်လျက်ရှိကြောင်း၊ ယင်းအမယ်များမှာ ပြီးခဲ့သည့်  ငါးနှစ် အတွင်း က သတ်မှတ်ထားခဲ့သည့်  စုစုပေါင်း  အရေအတွက် ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။
အိန္ဒိယနိုင်ငံသည် ၁၉၉၄ ခုနှစ်မှစ၍ လက် ရှိကာလအထိ တရုတ် နိုင်ငံမှ ကုန်စည်အမယ်ပေါင်း ၂၁၂ မျိုး အပေါ် တန်ပြန်စုပုံခွန် စုံစမ်းစစ်ဆေးမှု များပြုလုပ်ခဲ့ရာ ၎င်းင်းတို့အနက် ကုန်စည်အမယ် ၉၃ မျိုးမှာ လက်ရှိအချိန်ထိ အသက်ဝင်နေသေး ကြောင်း၊ ယခုနှစ်အတွင်းတွင် စုံစမ်းစစ်ဆေးမှု ၁၃ ခုသာ ပြုလုပ်ခဲ့ကြောင်း  အိန္ဒိယကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနက   ပြောကြားထားကြောင်း သိရှိရပါသည်။
ယခုနှစ်  ပထမခြောက်လအတွင်း တရုတ် နိုင်ငံထုတ်ကုန်ပစ္စည်းများအပေါ်   ကုန်သွယ်ရေး ဆိုင်ရာစုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြရာ အိန္ဒိယ  သည် အမေရိကန်ထက်ပင် ကျော်လွန်များပြားခဲ့ ကြောင်း အစီရင်ခံစာ၌ ဖော်ပြထားပါသည်။
တရုတ်နိုင်ငံအနေဖြင့် ကုန်သွယ် မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုများအပေါ် အထူးအာရုံထားလျက် ရှိပြီး အိန္ဒိယအနေဖြင့်   သက်ဆိုင်ရာလုပ်ထုံးလုပ် နည်းများနှင့်အညီ စဉ်းစားချင့်ချိန်၍ လုပ်ဆောင် လိမ့်မည်ဟု မျှော်လင့်ကြောင်း တရုတ်စီးပွားရေး နှင့်  ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ  ပြော ရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ကြောင်း သိရှိ ရပါ သည်။
ယဉ်ယဉ်နွယ်၊ စီးပွားရေးသံမှူး
မြန်မာသံရုံး၊ နယူးဒေလီမြို့