Main menu

Background

ထိုင်းနိုင်ငံတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကို လေးနှစ်သက်တမ်းရှိ အခမဲ့ဗီဇာပေးမည်

Mon, 09/11/2017 - 15:20 -- journal_editor

     ထိုင်းနိုင်ငံတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ  ဆောင်ရွက်ရာ၌ လွယ်ကူချောမွေ့စေရန်အတွက်  မကြာမီကထုတ်ပြန်ခဲ့သည့် အစိုးရ၏ဖြေ လျော့ဆောင်ရွက်ပေးမှုများအပေါ် အားရကျေနပ်မှုရှိပါကြောင်းနှင့် နိုင်ငံ ခြားသားများအတွက် အီလက်ထရောနစ်နည်းပညာများဖြင့် ဆောင်ရွက်ပေး မှုကို ထိုင်းအစိုးရကထောက်ပံ့ပေးရန်လိုအပ်ကြောင်းJoint Foreign Chambers  of Commerce of Thailand (JFCCT)  ၏ ဥက္ကဋ္ဌStanley Kangါ က ပြောကြား ပါသည်။ထိုင်းနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့ (BOI) မှ ခွင့်ပြုချက်ရရှိထားသည့် လုပ်ငန်းများရှိ နိုင်ငံခြားသားရင်းနှီးမြှုပ်နှံသူများနှင့် ကျွမ်းကျင်ပညာရှင်များ အတွက် လေးနှစ်အခမဲ့ဗီဇာကင်းလွတ်ခွင့်ပေးမည့် အစီအစဉ်ကို စက်တင် ဘာလ ၁ ရက်တွင် ထုတ်ပြန်ခဲ့ပြီးနောက်JFCCT  ဥက္ကဋ္ဌ ှStanley Kang က ယခုကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်ပါသည်။ ထိုင်းအစိုးရအနေဖြင့် နိုင်ငံခြားသား များအတွက် အလုပ်လုပ်ခွင့်ပါမစ်ရရှိ ရန် ပိုမိုလွယ်ကူသည့် နည်းလမ်းများ ဖြည့်ဆည်းဆောင်ရွက်ပေးရန်နှင့် နေထိုင်ခွင့်ကာလ တိုးမြှင့်ပေးရန် အတွက် နိုင်ငံခြားသားများက မေတ္တာရပ်ခံခဲ့ကြပါသည်။ လက်ရှိတွင် နိုင်ငံခြားသား များအတွက် BOI ၏ ထောက်ခံချက်ဖြင့် ထုတ်ပေးနေသည့် နှစ်နှစ်သက်တမ်းရှိ  ဗီဇာသည် ကာလအလွန်တိုတောင်းလျက်ရှိကြောင်း တွေ့ရှိရပါသည်။ ပြည် ဝင်ခွင့်ဗီဇာများ အတွက် e-government  စနစ်ဖြင့် ဆောင်ရွက်ပေးမည်ဆိုပါက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုလုပ်ငန်းများအတွက် ပိုမိုအဆင်ပြေ ကြောင်း ဥက္ကဋ္ဌ ှStanley Kang က ပြောကြားခဲ့ခြင်းဖြစ်ပါသည်။
ထိုင်းအစိုးရက ယခုကဲ့သို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ လွယ်ကူအဆင် ပြေစေရန်ဆောင်ရွက်ပေးခြင်းသည် သတ်မှတ်ထားသော လုပ်ငန်းကဏ္ဍများ တွင် လုပ်ကိုင်သည့်နိုင်ငံခြားသားပညာရှင်နှင့် ရင်းနှီးမြှုပ်နှံသူများအတွက် သာဖြစ်၍ အကန့်အသတ်ဖြင့် ဆောင်ရွက်ပေးခြင်းဖြစ်ပြီး အမှန်တကယ်ဖြေ လျော့ပေးခြင်းမဟုတ်သဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အများအပြား ဝင် ရောက်လာခြင်း  မရှိနိုင်ကြောင်း European Association for Business and Commerce   ၏ ဥက္ကဋ္ဌRolf- Dieter  ကပြောကြားခဲ့ပါသည်။
ထိုင်းအစိုးရသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ လွယ်ကူအဆင် ပြေစေရန်အတွက်  ဖြေလျော့ဆောင်ရွက်မည့်  အစီအစဉ်များ အကောင် အထည်ဖော်ခြင်းကို ၂၀၁၈ ခုနှစ် ဇန်နဝါရီလတွင်  စတင်မည်ဖြစ်ကြောင်း သိရှိရပါသည်။
ကျော်သူရ၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ ဗန်ကောက်မြို့