Main menu

Background

ထိုင်းနိုင်ငံ မြောက်ပိုင်းဒေသကို မဟာမဲခေါင်ဒေသခွဲ၏ စီးပွားရေးအချက်အချာဒေသတစ်ခုဖြစ်လာစေရန် ဆောင်ရွက်မည်

Mon, 09/11/2017 - 15:21 -- journal_editor

      ထိုင်းနိုင်ငံ   မြောက်ပိုင်းဒေသ တွင်  လက်ရှိဖြစ်ပွားနေသည့်  ပြဿနာ များကို ဖြေရှင်း၍  ဒေသဖွံ့ဖြိုးရေးစီမံ ကိန်းအသစ်များ ချမှတ်ဆောင်ရွက်ခြင်း ဖြင့် မဟာမဲခေါင်ဒေသခွဲ၏ စီးပွားရေး အချက်အချာဒေသ တစ်ခုဖြစ် လာသည် အထိ ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက် ရန် ရည်မှန်းထားကြောင်း  ထိုင်းနိုင်ငံ ဝန်ကြီးချုပ်က  အမျိုးသားသတင်းဗျူရို ဌာနသို့ ပြောကြားခဲ့ပါသည်။မဟာမဲခေါင်     ဒေသခွဲတွင် ကမ္ဘောဒီးယားနိုင်ငံ၊    လာအိုနိုင်ငံ၊ မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံ၊  ဗီယက်နမ်နိုင်ငံ နှင့်တရုတ်နိုင်ငံ၏  ယူနန်နှင့်ဂူရှီဇောင်း ပြည်နယ်တို့ ပါဝင်ပါသည်။  ထိုင်းနိုင်ငံ မြောက်ပိုင်းဒေသ၏    အဓိကဝင်ထွက် ရာနေရာဖြစ်သည့်အပြင်  မြောက်ဘက် အနိမ့်ပိုင်းဒေသတွင် အချက်အခြာနေ ရာဖြစ်သည့်        နခွန်ရချစီမားတွင် အစည်းအဝေးများကျင်းပရန်     စီစဉ် ထားကြောင်း အစိုးရပြောခွင့်ရပုဂ္ဂိုလ် ဒုတိယဗိုလ်ချုပ်ကြီး Sansern Kaew- kamnerdက ပြောကြားခဲ့ပါ သည်။
အစည်းအဝေးတွင် ရေစီမံခန့်ခွဲ မှုစီမံကိန်းများ၊ စီးပွားရေးလုပ်ငန်းများ နှင့် စိုက်ပျိုးရေးကို အထောက်အကူပြု သည့် စီမံကိန်းများ၊  ဒေသနေပြည်သူ လူထု၏   ဘဝအရည်အသွေးကို  တိုး တက်စေမည့် စီမံကိန်းများ၊ အော်ဂဲနစ် စိုက်ပျိုးရေးနှင့်  ပြုပြင်ထုတ်လုပ်သည့် စီမံကိန်းများ၊  ခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်မှုစီမံကိန်းများနှင့်   ရွာတစ်ရွာ ထုတ်ကုန်တစ်မျိုး (OTOP)  လုပ်ငန်းစဉ် များကဲ့သို့ စီမံကိန်းများကို အလေးထား ဆွေးနွေးကြမည်ဖြစ်ပါသည်။
ထိုင်းအစိုးရသည် နာခွန်ရချစီမား အား နောက်ထပ်ဖွံ့ဖြိုးတိုးတက်မှုများ ကို ဆောင်ရွက်မည့်ဒေသအဖြစ် ရွေး ချယ်ထားပြီး စက်မှုနှင့်စိုက်ပျိုးရေးကဏ္ဍ နှစ်ခုစလုံးအတွက်    အချက်အချာ ဒေသတစ်ခုဖြစ်လာသည်အထိ ဆောင် ရွက်မည်ဖြစ်ကြောင်း သိရှိရပါသည်။

ကျော်သူရ၊ စီးပွားရေးသံမှူး
မြန်မာသံရုံး၊ ဗန်ကောက်မြို့