Main menu

Background

အမေရိကန်နိုင်ငံမှ တင်သွင်းလာသည့် အေးခဲအသားများ တင်ဆောင်လာသည့် ကုန်သင်္ဘော တရုတ်နိုင်ငံ ရှန်ဟဲဆိပ်ကမ်းသို့ ဆိုက်ရောက်လာ

Wed, 09/13/2017 - 14:26 -- journal_editor

      အမေရိကန်နိုင်ငံမှ တင်သွင်း လာသည့် အေးခဲအသားများ တင် ဆောင်လာသည့် ကုန်သင်္ဘောသည် တရုတ်နိုင်ငံ ရှန်ဟဲဆိပ်ကမ်းသို့ စက် တင်ဘာလ ၁ ရက် ဆိုက်ကပ်လာခဲ့ကြောင်း ဆင် ဟွာသတင်းဌာနက ရေးသား ဖော်ပြ ခဲ့သည်။အမေရိကန်နိုင်ငံမှ ကုန်တင် သင်္ဘောသည် အမေရိကန်ဒေါ်လာသုံး သိန်းကျော်တန်ဖိုးရှိသည့်အေးခဲအမဲ သား ၁၅ ဒသမ ၁ တန်ကို တင်ဆောင် လာခြင်းဖြစ်ကြောင်း ရှန်ဟဲ Entry-Exit Inspection and Quarantine Bureau  ၏ ထုတ်ဖော်ပြောကြားချက် ကို ဆင်ဟွာသတင်းတွင် ဖော်ပြထား သည်။အမေရိကန်နှင့်တရုတ်နိုင်ငံတို့ သည် ၁၄နှစ်ကြာ ကုန်သွယ်မှုများ ရပ် ဆိုင်းခဲ့ပြီးနောက် ယခုနှစ် ဇွန်လမှစတင် ကာ ကုန်သွယ်မှု ပြန်လည်ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။    ယခုရောက်ရှိလာသည့် အေးခဲအမဲသားများ  တင်ဆောင်လာ သည့်  ကုန်တင်သင်္ဘောသည် တရုတ် နှင့် အမေရိကန်နှစ်နိုင်ငံအကြား ကုန် သွယ်ရေးဆိုင်ရာ   လုပ်ငန်းများ စတင် လိုက် ပြီဖြ စ်ကြောင်း ကြေညာလိုက်ခြင်း ပင်ဖြစ်သည်။သို့သော် ကုန်စည်များတင်ပို့ရာ တွင် ပင်လယ်ရေကြောင်းမှတင်သွင်း ခြင်းကိုသာ ခွင့်ပြုထားမည်ဖြစ်ပြီး လေ ကြောင်းမှတင်သွင်းခြင်းကိုမူ ဇွန်လနှင့် ဇူလိုင်လအတွင်းက အကန့် အသတ်ြ ဖင့် တင်သွင်းခွင့်ပြုခဲ့သည်။ရှန်ဟဲဆိပ်ကမ်းသို့ ဇန်နဝါရီလမှ ဇူလိုင်လအတွင်း ဘရာဇီး၊ သြစတြေး လျ၊ ဥရုဂွေးနှင့် နယူးဇီလန်နိုင်ငံတို့မှ အေးခဲအမဲသား တန်ချိန် ၁၄၀၀၀၀ တင်သွင်းခဲ့ကြောင်း ရှန်ဟဲအကောက် ခွန် ဦးစီးဌာန၏ အချက်အလက်များ အရ သိရသည်။၂၀၁၆ ခုနှစ်အတွင်းက တရုတ် နိုင်ငံသို့ အေးခဲအမဲသားတင်သွင်းမှုတန် ဖိုးသည် အမေရိကန်ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံအထိ ရောက်ရှိခဲ့သည်။ယင်းကဲ့သို့ အမေရိကန်နိုင်ငံ မှ အေးခဲ အမဲသားများ တရုတ်နိုင်ငံသို့ တင်သွင်းလာမှုသည် ၂၀၀၃ခုနှစ်က ဖြစ်ပွားခဲ့သည့် နွားရူးရောဂါကြောင့် အေးခဲအမဲသားများတင်သွင်းမှုကို ပိတ် ပင်ထားခြင်းကို အဆုံးသတ်လိုက်ခြင်း ပင်ဖြစ် သည်။ထို့ပြင် နှစ်နိုင်ငံ စီးပွားရေးနှင့် ကုန် သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုကို ကဏ္ဍသစ် ဖွင့်လှစ်လိုက်ခြင်းပင်ဖြစ် သည်ဟု အဆိုပါသတင်းတွင် ဖော်ပြ ထားသည်။