Main menu

Background

ပဲမျိုးစုံအပါအဝင် အိန္ဒိယနှင့် စိုက်ပျိုးရေးထွက်ကုန်ပစ္စည်းကုန်သွယ်မှု အားကောင်းလာစေရန် သြစတြေးလျက လိုလားနေ

Wed, 09/20/2017 - 13:37 -- journal_editor

     သြစတြေးလျသည် အိန္ဒိယနှင့် စိုက်ပျိုးရေး ထွက်ကုန် ကုန်သွယ်မှုတိုးမြှင့်လာစေရေး ကြိုးစား လျက်ရှိရာ အိန္ဒိယပြည်တွင်း၌ လိုအပ်လျက်ရှိသည့် ပဲမျိုးစုံနှင့်  အစေ့အဆန်ကုန်သွယ်မှု   တိုးမြှင့်ရန် စိတ်ဝင်စားနေသည်ဟု k Australian High Commission  ၏ Trade Commissioner  Gregory Harvey  က သြဂုတ်လ ၃၀ ရက်၌ ပြောကြားခဲ့ကြောင်း သိရှိရပါ သည်။Australia Business Week in India အစီ အစဉ်၏ တစ်စိတ်တစ်ပိုင်း အနေဖြင့် တွေ့ဆုံဆွေး နွေးမှုများ ပြုလုပ်ရန် သြစတြေးလျကုန်သွယ်ရေး ဝန်ကြီးဦးဆောင်၍လုပ်ငန်းရှင် ၄၀ ဦးပါဝင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ယခုနှစ် သြဂုတ်လ ၂၈ ရက်မှ စက်တင်ဘာလ ၁ ရက်ထိ အိန္ဒိယသို့လာ ရောက်ခဲ့ကြောင်း၊ ၎င်းင်းတို့အနေဖြင့် ပဲနှင့်အစေ့ အဆန်များ (Pulses and Grain) ကိုသာမကLupin  ကဲ့သို့သော အမယ်သစ်များကိုလည်း စတင်မိတ် ဆက်ရောင်းချရန်နှင့် ဝါဂွမ်းမှအစ အုတ်ဂျုံအထိအခြားသောကုန်စည်များ ကိုလည်း ကုန်သွယ်မှု တိုးမြှင့်လိုကြောင်း၊ ထိုမျှသာမက နို့ထွက်ပစ္စည်း၊ အစေ့အဆန်  သိုလှောင်ခြင်းနှင့်   သီးနှံများကိုင် တွယ်စီမံခန့်ခွဲသည့်   ဝန်ဆောင်မှုဆိုင်ရာ  နည်း ပညာသစ်များကို  သြစတြေးလျ ကုမ္ပဏီများက အိန္ဒိယသို့မိတ်ဆက်ရန်  စိတ်ဝင်စားနေသည်ဟု Harvey  က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။ထို့ပြင် အထွက်နှုန်းတိုး၊   ရာသီနှင့်  ပိုးမွှား ဒဏ်ပိုမိုခံနိုင်စွမ်းရှိပြီး အာဟာရဓာတ်ပိုမိုကြွယ်၀ သော သီးနှံမျိုးစိတ်သစ်များ စမ်းသပ်အကောင် အထည်ဖော်ရာ၌   နှစ်နိုင်ငံ   တက္ကသိုလ်များနှင့် သုတေသနအဖွဲ့အစည်းများအကြား သုတေသန လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်လိုသည်ဟုလည်း ပြောကြားခဲ့ကြောင်း သိရှိရပါသည်။လက်ရှိ တွင် အိန္ဒိယသည် သြစတြေးလျ၏ စိုက်ပျိုးရေးပို့ကုန် သတ္တမအများဆုံးတင်ပို့သော ဈေးကွက်ကြီးဖြစ်ပြီး ၂၀၁၆ ခုနှစ်တွင် နှစ်နိုင်ငံ စိုက်ပျိုးရေးထွက်ကုန် ကုန်သွယ်မှုပမာဏ အမေရိ ကန်ဒေါ်လာ ၂ ဒသမ ၃ ဘီလီယံဖြင့် သြစတြေးလျ သည် အိန္ဒိယ၏ ဒသမမြောက် စိုက်ပျိုးရေးထွက် ကုန်  ကုန်သွယ်ဖက်နိုင်ငံဖြစ်လာကြောင်း သိရှိ ရပါသည်။
စိုက်ပျိုးရေးထွက်ကုန် ကုန်သွယ်မှုအနေဖြင့် သြစတြေးလျမှ အိန္ဒိယသို့ပဲတင်ပို့ရာ၌ ကုလားပဲ နှင့် ပဲတီစိမ်းတို့ကို အဓိကအားဖြင့် တင်ပို့လျက်ရှိ ရာ ၂၀၁၁ ခုနှစ်တွင် သြစတြေးလျဒေါ်လာ ၁၇၂ ဒသမ ၆ သန်းဖိုးသာ တင်ပို့နိုင်ခဲ့ ရာမှ ၂၀၁၆ တွင် သြစတြေးလျဒေါ်လာ ၈၉၀ ဒသမ ၉ သန်းခန့်ထိသို့   မြင့်တက်လာခဲ့ကြောင်း၊ ၂၀၁၆-၁၇ ဘဏ္ဍာနှစ် ပထမကိုးလတွင် အိန္ဒိယသို့ ၁ ဒသမ ၂ ဘီလီယံ ခန့်အထိ တိုးတက်တင်ပို့နိုင်ခဲ့သည်ဟုAustralian Trade and  Investment  Commission က ထုတ် ပြန်ထားကြောင်း၊ သြစတြေးလျ၏ ဘဏ္ဍာနှစ်မှာ ဇူလိုင်လ ၁ ရက်မှ ဇွန်လ ၃၀ ရက်ထိဖြစ်ကြောင်း သိရှိရပါသည်။အလားတူပင် လတ်တလောနှစ်များအတွင်း အိန္ဒိယသို့ သြစတြေးလျ ဂျုံတင်ပို့မှုပမာဏမှာ လည်း မြင့်တက်လာလျက်ရှိရာ  ၂၀၁၁ ခုနှစ်တွင် သြစတြေးလျဒေါ်လာ သုည ဒသမ ၇ သန်းတန်ဖိုး ရှိ မပြောပလောက်သည့်ပမာဏကိုသာ တင်ပို့နိုင် ခဲ့ရာမှ ၂၀၁၆ တွင် သြစတြေးလျေ ဒါ်လာ ၂၆၉ သန်းခန့်ထိသို့   တိုးတက်လာခဲ့ကြောင်း၊  ၂၀၁၇ ပထမသုံးလပတ်တွင် သြစတြေးလျဒေါ်လာ ၃၉၅ သန်းခန့်    တင်ပို့ခဲ့ပြီးဖြစ်ကြောင်း၊   သို့ရာတွင် ၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင်မူ အိန္ဒိယသည် ပြည်တွင်း ထုတ်လုပ် မှုမြင့် တက်လာသည့်အတွက် ပြည်တွင်း အကာအကွယ်များ ပြုလုပ်ထားရှိမှုကြောင့် အိန္ဒိယ သို့  ဂျုံတင်ပို့မှုပမာဏကျဆင်းဖွယ်ရှိသည်ဟု Harvey  က ပြောကြားခဲ့ပါသည်။၂၀၁၆ ခုနှစ်တွင် အိန္ဒိယမှသြစတြေးလျသို့ တင်ပို့သည့်အဓိကစိုက်ပျိုးရေးပို့ကုန်အမယ်များ မှာ ဆန်၊ လက်ဖက်ပင်၊ ကော်ဖီ၊  စက္ကူထုတ်လုပ် သည့်ပစ္စည်းများနှင့် ကိတ်မုန့်ပြုလုပ်သည့် ကုန် ကြမ်းများတို့ဖြစ်ကြောင်း သိရှိရပါသည်။

ယဉ်ယဉ်နွယ်၊ စီးပွားရေးသံမှူး
မြန်မာသံရုံး၊ နယူးဒေလီမြို့