Main menu

Background

ရေလွှမ်းမိုးမှုနှင့် မိုးခေါင်မှုကြောငအိန္ဒိယ၌ ယခုနှစ် မိုးသီးနှံ (Kharif Crop) ထုတ်လုပ်မှုပမာဏ လျော့နည်းမည့် အလားအလာရှိ

Wed, 09/20/2017 - 13:42 -- journal_editor

      အိန္ဒိယနိုင်ငံတွင် ပြည်နယ်အများအပြား၌ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိခြင်းနှင့် အချို့သောသီးနှံများ၏ စိုက်ဧကမှာ ကျဆင်း လာခဲ့ခြင်းတို့ကြောင့် ယခုနှစ်တွင် မိုးသီးနှံ  စုစုပေါင်းထုတ်လုပ်မှု ပမာဏမှာ ယခင်နှစ်ေ အာက် လျော့နည်းနိုင်သည်ဟု ပညာရှင်များက သုံးသပ်ပြောကြားထားကြောင်း သိရှိရပါသည်။သို့ရာတွင် နိုင်ငံအတွင်း အခြေခံစားကုန်သီးနှံများအား အစိုးရ က အရန်သိုလှောင်မှုများ ပြုလုပ်ထားသည့်အတွက်  စားနပ်ရိက္ခာ လုံလောက်မှုရှိနိုင်ပြီး သီးနှံဈေးနှုန်းများကိုလည်း တည်ငြိမ်အောင် ဆက်လက်ထိန်းထားနိုင်မည်ဟုလည်း သုံးသပ်ထားကြောင်း သိရှိရပါ သည်။
    ယခုနှစ် မိုးသီးနှံများအနက် ပဲအမျိုးမျိုးနှင့် ဆီထွက်သီးနှံ များ၏ စိုက်ဧကမှာ ကျဆင်းခဲ့သည့်အတွက် ယင်းသီးနှံများ၏ ထုတ် လုပ်မှုပမာဏမှာလည်း ကျဆင်းမည်ဟု ခန့်မှန်းထားကြောင်း၊ စပါး သီးနှံမှာမူ စိုက်ဧကကျ ဆင်းေ သာ် လည်း အထွက်နှုန်းကောင်းနိုင် သည့်အတွက် ယခုနှစ်ထုတ်လုပ်မှုပမာဏမှာ ယခင်နှစ်နှင့်အလားတူ ထွက်ရှိနိုင်မည်ဟု ခန့်မှန်းထားကြောင်း သိရှိရပါ သည်။ယခုနှစ်တွင် ငွေဖြစ်လွယ်သည့် သီးနှံများဖြစ်သည့် ကြံနှင့်ဝါ ထုတ်လုပ်မှုပမာဏမှာမူ ယခင်နှစ်ထက် ပိုမိုကောင်းမွန်နိုင်ဖွယ်ရှိ သည်ဟု ခန့်မှန်းထားပြီး ကြံနှင့်ဝါ  စိုက်ဧကများမှာ ယခင်နှစ်ထက် ကိုးရာခိုင်နှုန်းနှင့် ၁၈ ရာခိုင်နှုန်း အသီးသီးတိုးတက်လာခဲ့ကြောင်း သိရှိရပါသည်။အိန္ဒိယနိုင်ငံ တွင် ဂူဂျာရတ်၊ အာသံ၊ ရာဂျတ်စသန်၊ ဘီဟာ၊ အနောက်ဘင်ဂေါနှင့် ဥတ္တရာပရာဒေ့ရှ်ပြည်နယ်များ၏ နေရာအနှံ့ အပြား၌ ရေလွှမ်းမိုးမှုများဖြစ်ပေါ်လျက်ရှိသော်လည်း အိန္ဒိယနိုင်ငံ တောင်ပိုင်းတွင်မူ မိုးနည်းနေပြီးသီးနှံစိုက်ပျိုးရန် အတွက် မိုးရေမလုံ လောက်သည့်အခြေအနေများနှင့် တွေ့ကြုံရလျက်ရှိကြောင်း၊ ပြီးခဲ့ သည့် ရက်သတ္တပတ်ထိ အချက်အလက်များအရ ရေကြီးခြင်း၊ မိုး သည်းထန်ခြင်း၊ မိုးခေါင်ခြင်းများကြောင့် ထိခိုက်မှုရှိသည့် စိုက်ဧက ပေါင်း ၃ ဒသမ ၈၂ သန်းရှိကြောင်း သိရှိရပါသည်။စိုက်ပျိုးရေးဝန်ကြီးဌာန အတွင်းဝန် SK Pattanayak  က ယခု နှစ်တွင် သီးနှံအချို့၏ ထုတ်လုပ်မှုလျော့နည်းနိုင်သော်လည်း အချို့ သောသီးနှံများမှာ ထုတ်လုပ်မှုတိုး တက် လာနိုင်ေ ကြာင်း၊ ယင်း အခြေ အနေများကြောင့် ယခုနှစ်မိုးရာသီသီးနှံ စုစုပေါင်းထုတ်လုပ်မှုပမာဏ မှာ ယခင်နှစ်ထက် တိုးတက်များပြားနိုင်သည့် အခြေအနေတွင်မရှိဘဲ အလားတူပမာဏတွင်သာ  ရှိနိုင်သည်ဟု ပြောကြားထားကြောင်း သိရှိရပါသည်။အိန္ဒိယနိုင်ငံအတွင်း၌ ယခုရာသီအတွင်း ရေလွှမ်းမိုးမှုဒဏ်ကို အဆိုးရွားဆုံး ရိုက်ခတ်ခံစားရသည့် ပြည်နယ်များမှာ ဂူဂျာရတ်ပြည် နယ်တွင် စိုက်ဧက ၁ ဒသမ ၁ သန်း၊ ရာဂျတ်စသန်ပြည်နယ်တွင် စိုက်ဧက ခုနစ် သိန်းနှင့် ဘီဟာပြည်နယ်တွင် စိုက်ဧက ၆ ဒသမ ၅ သိန်းတို့ဖြစ်ကြောင်း သိရှိရပါသည်။ (ရာဂျတ်စတန်ပြည်နယ်သည် မိုးရာသီပဲသီးနှံ အများဆုံးစိုက်ပျိုးသည့် ပြည်နယ်တစ်ခုဖြစ်ပြီး ဥတ္တရာပရာဒေ့ရှ်ပြည်နယ်သည်လည်း ပဲ အမြောက် အမြား စိုက်ပျိုး သည့် ပြည်နယ်ဖြစ် ကြောင်း သိရှိရပါသည်။)ကင်နာတာကာ၊ကီရာလာနှင့် တီလန်ဂါ နာပြည်နယ်များတွင်မူ ခြောက်သွေ့မှုကြောင့် ပဲ နှံစားပြောင်း၊ ဆီထွက်သီးနှံနှင့် ဝါသီးနှံစိုက် ပျိုးဧကများ လျော့နည်း ခဲ့သည်ဟု စိုက်ပျိုးရေးဝန်ကြီးဌာနက ထုတ် ပြန်ထားပါသည်။ပညာရှင်များကမူ ယခင်နှစ် မိုးရာသီက သီးနှံစုစုပေါင်းတန်ချိန် ၁၃၈ ဒသမ ၅၂ သန်းခန့် ထုတ်လုပ်နိုင်ခဲ့ကြောင်း၊ ယခုနှစ် မိုးသီးနှံ စုစုပေါင်း ထုတ်လုပ်မှုပမာဏ အနေဖြင့် ယခင်နှစ်အောက် ငါးရာခိုင် နှုန်းမှ ၁၀ ရာခိုင်နှုန်းအတွင်း ကျဆင်းမည်ဟု ခန့်မှန်းထားကြောင်း သိရှိရပါသည်။Agri Value Chain Ltd သုတေသနကုမ္ပဏီ က အိန္ဒိယနိုင်ငံ၏ ယခုနှစ် မိုးရာသီ ပဲထုတ်လုပ်မှု ပမာဏ မှာ ယခင်နှစ်တန်ချိန် ၉ ဒသမ ၄၂ သန်းအောက် ၁၀ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းထိ ကျဆင်းနိုင် ကြောင်း၊ ဆန်ထုတ်လုပ်မှုပမာဏမှာမူ ယခင်နှစ်အလားတူပမာဏ ဖြစ်သည့် တန်ချိန် ၉၆ ဒသမ ၃၉ သန်းရှိမည်ဟု ခန့်မှန်းထားပြီး ဆီ ထွက်သီးနှံထုတ်လုပ်မှုပမာဏ အနေဖြင့် ယခင်နှစ်တန်ချိန် ၂၂ ဒသမ ၄ သန်းအောက် ၁၅ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းထိ ကျဆင်း မည်ဟု ခန့်မှန်းထားကြောင်း သိရှိရပါသည်။ပဲစိုက်ဧကအနေဖြင့်  စိုက်ပျိုးရေးဝန်ကြီးဌာန၏  အချက် အလက်များအရ ယခင်နှစ် ပဲဈေးနှုန်းကျဆင်းခဲ့သည့်အတွက် လယ် သမားများက စိုက်ဧကလျှော့၍ စိုက်ပျိုးလာကြရာ ယခုနှစ်တွင် ဟက်တာဧက ၁၃ ဒသမ ၇၆ သန်းသာရှိခဲ့ပြီး ယခင်နှစ်ထက် လေးရာ ခိုင်နှုန်း ကျဆင်း ခဲ့ေ ကြာင်း သိရှိရပါသည်။Indian Pulses and Grains   Association (IPGA)၏ဥက္ကဋ္ဌဖြစ် သူ  Pravin Dongre က အိန္ဒိယနိုင်ငံ၏ ယခုနှစ်မိုးရာသီ ပဲထုတ်လုပ်မှု အနေဖြင့် ယခင်နှစ်ထက် သုံးရာခိုင်နှုန်းမှ ငါးရာခိုင်နှုန်း ထိ ကျဆင်း မည်ဟု ခန့်မှန်းကြောင်း၊  သို့ရာတွင် အစိုးရအနေဖြင့် ပဲစင်းငုံတန်ချိန် ၁ ဒသမ ၄ သန်းခန့် သိုလှောင်ထားပြီး ပြည်တွင်းဈေးကွက်၌လည်း အမြောက်အမြားရှိနေသေးသည့်အတွက် ဈေးနှုန်းမြင့်တက်နိုင်ဖွယ် မရှိေ ကြာင်း ၊ ရေရှည်တွင်အစိုးရအနေဖြင့် ပြည်ပမှ ပဲတင်သွင်းမှု ကန့်သတ်ချက်များအား ဖယ်ရှားပေးရလိမ့်မည်ဟုလည်း ပြောကြားခဲ့ ကြောင်း သိရှိရပါသည်။
All  India  Rice  Exporters'  Association ၏ဥက္ကဋ္ဌဖြစ်သူVijay  Setia က ယခုရာသီစပါးစိုက် ဧကအနေဖြင့် ယခင်နှစ်ထက် ၁ ဒသမ ၅ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ဟက်တာဧက ၃၆ ဒသမ ၆ သန်းသာရှိခဲ့သော်လည်း စပါးအဓိကစိုက်ပျိုးသည့် ပြည်နယ်များ၌ ရာသီဥတုကောင်းမွန်ပြီး အထွက်နှုန်း ပိုမိုမြင့်မားနိုင်သည့်အတွက် ယခင်နှစ် ထုတ်လုပ်မှုပမာဏကို ပြည့်မီနိုင်မည်ဟု ခန့်မှန်းထားကြောင်း သိရှိရပါသည်။
ှSolvent Extractors' Association of India ၏ အမှုဆောင် ဒါရိုက်တာဖြစ်သူBV Mehta  က အိန္ဒိယနိုင်ငံ၏ ယခုနှစ် ပဲပုပ်ထုတ် လုပ်မှုပမာဏမှာ ယခင်နှစ်ပမာဏ တန်ချိန် ၁၃ ဒသမ ၇၉ သန်း အောက် ၁၀ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းထိ  ကျဆင်းဖွယ်ရှိပြီး မြေပဲ နှင့်နေကြာတို့  အပါအဝင် ဆီထွက်သီးနှံစိုက်ဧကမှာ ယခင်နှစ် အောက် ရှစ်ရာခိုင်နှုန်း လျော့နည်းခဲ့ကြောင်း၊ သို့ဖြစ်၍ မြေပဲထုတ် လုပ်နိုင်မှုမှာ ယခင်နှစ်တန်ချိန် ၆ ဒသမ ၂  သန်းအောက် ၁၀ ရာခိုင် နှုန်းခန့် ကျဆင်းနိုင်ကြောင်း၊ သို့ရာတွင် နိုင်ငံမြေပဲလိုအပ်ချက်၏ ၇၀ ရာခိုင်နှုန်းမှာ သွင်းကုန်အပေါ် မှီခိုနေရသည်ဖြစ်ရာ ပြည်တွင်း ထုတ်လုပ်မှုလျော့ကျရုံမျှဖြင့် ဈေးနှုန်းမြင့်တက်ဖွယ်မရှိဟု ပြောကြား ထားကြောင်း သိရှိရပါသည်။Cotton  Association  of  India ၏ ဥက္ကဋ္ဌ ဖြစ်သူayan Mirani က ယခုနှစ်တွင် ဝါသီးနှံမှာ စိုက်ဧကလည်းမြင့်တက်မှုရှိပြီး ရာသီဥတုမှာလည်း အခြေအနေပေးသည့်အတွက် အလားအလာ ကောင်းပြီး အကျိုးကျေးဇူးဖြစ်ထွန်းနိုင်ကြောင်း၊ ယခုနှစ် ဝါစိုက်ဧက အနေဖြင့် ယခင်နှစ်ထက် ၁၈ ရာခိုင်နှုန်းတိုးတက်လာရာ ဟက်တာ ဧကပေါင်း ၁၁ ဒသမ ၈၉ သန်းသို့ တိုးတက်လာခဲ့ကြောင်း၊ သို့ဖြစ်၍ ယခုနှစ် ရာသီဝါ ထုတ်လုပ်မှုပမာဏအနေဖြင့်  ယခင်နှစ်ထက် ၁၀ ရာခိုင်နှုန်း တိုးတက်မည်ဟု ခန့်မှန်းထားပြီး ရာသီဥတုကောင်းမွန်ပါက ထိုထက်ပို၍ ထုတ်လုပ်မှုပမာဏတိုးတက်နိုင်ကြောင်း၊ သို့ဖြစ်၍ ဝါဈေးနှုန်းမှာလည်း ကျဆင်းလာနိုင် သည်ဟု ပြောကြားခဲ့ကြောင်း သိရှိရပါသည်။ကြံလုပ်ငန်းရှင်များအသင်းကမူ ယခုနှစ်ရာသီ၌ ကြံစိုက်ဧက ကိုးရာခိုင်နှုန်း  မြင့်တက်လာသည့်အတွက် ကြံ၊ သကြားထုတ်လုပ်မှု ပမာဏမှာ ယခင်နှစ်ထက် ပိုမိုမြင့်မားမည်ဟု ခန့်မှန်းထားကြောင်း သိရှိရပါသည်။
ယဉ်ယဉ်နွယ်၊ စီးပွားရေးသံမှူး
မြန်မာသံရုံး၊ နယူးဒေလီမြို့