Main menu

Background

ဗီယက်နမ်နိုင်ငံမှ ထုတ်လုပ်သည့် ကရိန်းကြီးများအား အိန္ဒိယနိုင်ငံသို့ တင်ပို့

Fri, 09/22/2017 - 13:18 -- journal_editor

     ဗီယက်နမ်နိုင်ငံမှ ထုတ်လုပ်သည့် ကုန်တင်ကရိန်းကြီးများအား အိန္ဒိယ နိုင်ငံသို့ ဒုတိယအသုတ်အဖြစ် တင်ပို့နိုင်ခဲ့ကြောင်း ဗီယက်နမ်သတင်းတွင် ဖော်ပြထားသည်။ဒိုးဆန်အကြီးစားစက်မှုလုပ်ငန်း(Doosan Vina) က ကုန်တင်ကရိန်း အကြီးစားသုံးခုကို အိန္ဒိယနိုင်ငံသို့ တင်ပို့ခဲ့ခြင်းဖြစ်သည်။ အဆိုပါကုန်တင် ကရိန်းများကို အိန္ဒိယနိုင်ငံဘာဟာရတ်  မွမ်ဘိုင်းကုန်သေတ္တာတင်ဆိပ်ကမ်း ပရိုက်ဗိတ်လီမိတက်  (Bharat Mumbai Container Terminals Private Limited-BMCTPL)  က စာချုပ်ချုပ်ဆို၍ ဝယ်ယူခဲ့ခြင်းဖြစ်သည်။ ဒိုးဆန် အကြီးစား စက်မှုလုပ်ငန်းအနေဖြင့် MMCTPL ကုမ္ပဏီသို့ ကရိန်းကြီး ၁၂ စင်းကို ထုတ်လုပ်၍ တင်ပို့ပေးရမည်ဖြစ်သည်။
ယခုကဲ့သို့ ပြည်တွင်းမှ ထုတ်လုပ်လိုက်သည့် အကြီးစားကုန်ပစ္စည်းများကို ပြည်ပသို့ တင်ပို့ခွင့်ရရှိခဲ့ခြင်းသည် ဗီယက်နမ်နိုင်ငံ၏ သမိုင်းဝင်အောင်ပွဲ တစ်ရပ်ပင်ဖြစ်ကြောင်း၊အဘယ်ကြောင့်ဆိုသော် ဗီယက်နမ်နိုင်ငံအနေဖြင့် ကုန်တင် ကရိန်းေ ပါင်း ၆၈ စင်းကို ထုတ်လုပ်နိုင်ခဲ့ပြီဖြစ်ကြောင်း၊ ယင်းကုန်တင် ကရိန်းများသည် ကမ္ဘာပေါ်ရှိမည်သည့် ဆိပ်ကမ်းတွင်မဆို အသုံးပြုနိုင်သည့် ကုန်တင်ကရိန်းကြီးများဖြစ်ကြောင်း၊ ဒိုးဆန်အကြီးစား စက်မှု လုပ်ငန်းမှ အမှုဆောင် အရာရှိချုပ်Yeon In Jung  က ပြောကြားခဲ့သည်။အဆိုပါကရိန်းများကို တင်ဆောင်လာသည့် သင်္ဘောသည် အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့ရှိ နေရူးဆိပ်ကမ်းရှိ ဂျဝါဟာလာ ဆိပ်ကမ်းဧရိယာသို့ နှစ်ပတ်အတွင်း ရောက်ရှိမည်ဖြစ်သည်။
ပြီးခဲ့သည့်ဇွန်လအတွင်းကလည်း  ဒိုးဆန်အကြီးစားစက်မှုလုပ်ငန်းအနေ ဖြင့် ပထမဦးဆုံး ကရိန်းသုံးခုကို အိန္ဒိယနိုင်ငံသို့ တင်ပို့ခဲ့ပြီးဖြစ်သည်။Quang Ngai အခြေစိုက်သည့် အဆိုပါအကြီးစားစက်မှုလုပ်ငန်းအနေ ဖြင့် ကွန်တိန်နာတင်ကရိန်းကြီး ၇၁ စင်းကို ကမ္ဘာနိုင်ငံအသီးသီးသို့ ၂၀၀၉ ခုနှစ်ကတည်းက တင်ပို့ခဲ့ခြင်းဖြစ်သည်။ဒိုးဆန်အကြီးစားစက်မှုလုပ်ငန်းအနေဖြင့် ၂၀၁၅ ခုနှစ်တွင် အမေရိကန် ဒေါ်လာသန်း ၃၀၀ တန်ဖိုးရှိ ၎င်း၏ ထုတ်ကုန်များကို ပြည်ပသို့ တင်ပို့နိုင်ခဲ့ ကြောင်း သိရသည်။                          
 မယ်သီတာ