Main menu

Background

တရုတ်သံမဏိသွင်းကုန်အချို့အပေါ် အပိုဆောင်းအခွန် (Additional Tax) စည်းကြပ်ရန် အိန္ဒိယအစိုးရက သတ်မှတ်

Mon, 09/25/2017 - 12:07 -- journal_editor

      ဈေးပေါသည့် ပြည်ပသွင်းကုန်များ ဝင်ရောက်မှုကို ထိန်းချုပ်ဟန့် တားနိုင်ရန်အတွက် တရုတ်နိုင်ငံမှ သံမဏိပြားသွင်းကုန်များအပေါ် အပို ဆောင်းသွင်းကုန်ခွန် Additional import Tax ကို ငါးနှစ်ကြာစည်းကြပ်မည်ဖြစ်ေ ကြာင်း အိန္ဒိယအစိုးရက စက်တင်ဘာ ၈ ရက်တွင် ထုတ်ပြန် သတ်မှတ်လိုက်ကြောင်း သိရှိရပါသည်။အိန္ဒိယအစိုးရသည်   ပြည်တွင်း  သံမဏိထုတ်လုပ်သူများအား အထောက်အကူပြုစေရန် ရည်ရွယ်ကာ သံမဏိပြားများhot-rolled and cold -rolled)  ပေါ်တွင်  Countervailing duty  ၁၈ ဒသမ ၉၅ ရာခိုင်နှုန်း စည်းကြပ်ရန် သတ်မှတ်လိုက်ကြောင်း၊ အိန္ဒိယအစိုးရသည်  ယခင်က တရုတ်၊ ဂျပန်နှင့် တောင်ကိုရီးယားမှ သံမဏိနှင့် သံမဏိ ထုတ်ကုန်ပစ္စည်း များအပေါ် တန်ပြန်စုပုံခွန်များ  (Anti-dumping duties) ကိုသာ စည်းကြပ် လေ့ရှိကြောင်း၊ ယခုကဲ့သို့  Countervailing duty  သတ်မှတ်စည်းကြပ်ခြင်း မှာ ပထမဆုံးအကြိမ်ဖြစ်ကြောင်း သိရှိရပါသည်။
အမေရိကန်ကုန်သွယ်ရေးဦးစီးဌာနကလည်း တရုတ်နှင့်အိန္ဒိယမှ သံမဏိပစ္စည်းများမှာ အစိုးရကထောက်ပံ့ခြင်းရှိ/မရှိနှင့် အဆင့်မမီသည့် ပစ္စည်းများအား စုပြုံတင်သွင်းခြင်း ဟုတ်/မဟုတ်တို့ကို စုံစမ်းစစ်ဆေးမှု များ စတင်ပြုလုပ်လျက်ရှိသည်ဟု စက်တင်ဘာ ၆ ရက်၌ ပြောကြားထား ကြောင်း သိရှိရပါသည်။
ယဉ်ယဉ်နွယ်၊ စီးပွားရေးသံမှူး
မြန်မာသံရုံး၊ ပေကျင်းမြို့