Main menu

Background

နည်းပညာဖွံ့ ဖြိုးတိုးတက်မှုတွင် အာရှ၏ပြိုင်ဘက်နိုင်ငံများ၏နောက်တွင် ဟောင်ကောင်ကျန်ခဲ့ဟုဆို

Mon, 09/25/2017 - 12:09 -- journal_editor

        ဟောင်ကောင်လူဦးရေ၏  ၃၀ ရာခိုင်နှုန်း ကျော်မှာ နည်းပညာ  ဖွံ့ဖြိုးတိုးတက်မှုတွင် ဟောင်ကောင်မှာ အာရှ၏ ပြိုင်ဘက်နိုင်ငံများ နောက်တွင်ကျန်ခဲ့ပြီး အစိုးရအနေဖြင့် နည်း ပညာထုတ်ကုန်အသစ်များ  ထုတ် လုပ်နို င်ရေး တွန်းအားပေးရန်   လိုအပ်ကြောင်း၊  ဆန်းသစ် တီထွင်မှုဆိုင်ရာ နည်းပညာတွင်  မြို့ငါးမြို့အား အဆင့်သတ်မှတ်ရာတွင်  တိုင်ပေ၊   ရှန်းကျန့်၊ ဆိုးလ်နှင့်  စင်ကာပူတို့၏  နောက်တွင်ကျန်ခဲ့ ကြောင်းHKUPOP   အား ဆန်းသစ်တီထွင်မှု ဆိုင်ရာ  သုတေသနစာတမ်းတွင် ဖော်ပြထား သည်။  Sharing  Economy  Alliance မှHKUPOP အား ဆန်းသစ်တီထွင်မှုဆိုင်ရာ နည်းပညာဖွံ့ဖြိုး တိုးတက်မှုအပေါ်   ဒေသတွင်းပြည်သူများ၏ အမြ င်များအား အွန်လိုင်းမှကောက်ယူ၍ သုတေ သနပြုလုပ်နိုင်ရေး  အလုပ်အပ်နှံခဲ့ကြောင်း သိရှိ ရသည်။စစ်တမ်းကောက်ယူသည့်  ဦးရေ၏   ၆၁ ရာခိုင်နှုန်းမှ အစိုးရအဖွဲ့အစည်းများအနေဖြင့် သုတေသနနှင့်    ဖွံ့ဖြိုးတိုးတက်ရေးမူဝါဒများ အကောင်အထည်ဖော်ချမှတ်ရာတွင် ပူးပေါင်း ဆောင်ရွက်မှုအပေါ်  စိတ်ကျေနပ်မှုမရှိကြောင်း၊ ဆန်းသစ်တီထွင်မှုနည်းပညာအတွက် ပြည်သူ များ၏ တောင်းဆိုချက်အပေါ်မူတည်၍ ဥပဒေ နှင့် စည်းမျဉ်းစည်းကမ်းများ အချိန်နှင့်တစ်ပြေး ညီ ပြင်ဆင်ရန်လိုအပ်ကြောင်း သိရသည်။

ဖြူဖြူလှိုင်၊ စီးပွားရေးသံမှူး