Main menu

Background

အရန်သိုလှောင်ထားသည့် ပဲမျိုးစုံတန်ချိန် ၁၈ သိန်းအား ဖြန့်ဖြူးရောင်းချရန် အိန္ဒိယအစိုးရကစီစဉ်

Tue, 10/03/2017 - 15:05 -- journal_editor

      အိန္ဒိယနိုင်ငံ၌ အရန်သိုလှောင် ထားသည့် ပဲတန်ချိန် ၁၈ သိန်းအား ဖြန့်ဖြူးရောင်းချနိုင်ရေးအတွက် လိုအပ်သည်များအား ဆောင်ရွက်ရန် NCCF အပါအဝင် သက်ဆိုင်ရာအဖွဲ့ အစည်းများအား တိုက်တွန်းပြောကြား ထားေ ကြာင်း စားနပ်ရိက္ခာဝန်ကြီး Ram Vilas Paswan က စက်တင်ဘာ ၂၀ ရက်၌ ပြောကြားခဲ့သည်။ ထို့ပြင်လက်ရှိရာသီတွင် ပဲမျိုးစုံ ဈေးနှုန်းမှာ သတ်မှတ်ထားသည့် MSP ဈေးနှုန်းအောက်ကျဆင်းပါက အစိုးရ ကဝယ်ယူပေး မည်ဖြစ်ကြောင်း၊ အိန္ဒိယ အစိုးရသည် ပဲစိုက်တောင်သူများ အတွက် ပိုမိုကောင်းမွန်သည့်ဈေးနှုန်း ရရှိစေရန်နှင့် ပြည်တွင်း၌ဈေးနှုန်းမြင့်တက်လာချိန်တွင် ဈေးနှုန်းထိန်းညှိနိုင် ရေး ထောက်ပံ့ရောင်းချရန်တို့အတွက် အရန်ပဲသိုေ လှာင်ရန် ပြီးခဲ့သည့်နှစ်က ပထမဆုံးအကြိမ်ဆုံးဖြတ်ခဲ့ကြောင်း၊ သို့ဖြစ်၍ အရန်ပဲတန်ချိန် သိန်း ၂၀ ခန့် ကို ပြည်တွင်းမှဝယ်ယူခြင်း၊ ပြည်ပမှ တင်သွင်းခြင်းတို့ဖြင့် ဖြည့်ဆည်းထားခဲ့ ကြောင်း၊ လက်ရှိတွင် အရန်ပဲတန်ချိန် ၁၈ သိန်းကျန်ရှိနေသေးကြောင်း၊ ပဲများ မှာ ကာလတိုအတွင်းသာ သိုလှောင် ထားနိုင်သည့်အတွက် အဆိုပါပဲများ အား အမြန်ဆုံးထုတ်ရောင်းရန် စီစဉ် နေကြောင်း သိရှိရပါသည်။
       လက်ရှိကာလအထိ အိန္ဒိယ အစိုးရအနေဖြင့် အရန်ပဲအချို့အား ကုန်သည်များထံသို့ လေလံစနစ်ဖြင့် ရောင်းချထားပြီးဖြစ်သော်လည်း ရောင်းချမှုပမာဏမှာ မြင့်တက်လာခြင်းမရှိကြောင်း သို့ဖြစ်၍ အဆိုပါပဲများအား အခြားန ည်းလမ်းများဖြင့် ရောင်း ချရန်ကိုလည်း စားနပ်ရိက္ခာဝန်ကြီးဌာန က ကြိုးစားနေကြောင်း သိရှိရပါသည်။ အိန္ဒိယနိုင်ငံ၌ အရန်ပဲများ သိုလှောင်ထားခြင်းနှင့် MSP ဈေးနှုန်း ကျဆင်းခြင်းတို့ကြောင့် ပဲစိုက်ပျိုးသည့် တောင်သူများ၏ စိုက်ပျိုးလိုစိတ်များ လျော့ကျစေခဲ့သည့်အတွက် ၂၀၁၇-၁၈ သီးနှံရာသီ၌ ပဲအမျိုးမျိုးစိုက်ဧကမှာ ယခင်နှစ်များအောက် လျော့နည်းလာ ခဲ့ကြောင်း၊ သို့ရာတွင် တောင်သူများအတွက် ဈေးနှုန်းပိုမိုကောင်းမွန်လာစရန်အတွက် အိန္ဒိယ အစိုးရသည် ပဲစင်းငုံ၊ မတ်ပဲနှင့် ပဲတီစိမ်းတင်သွင်းခွင့်  ကို ကန့်သတ်ခဲ့ကြောင်း၊ အိန္ဒိယနိုင်ငံ၌ ၂၀၁၆-၁၇ သီးနှံရာသီတွင် မုတ်သုံမိုး ကောင်းမွန်ခဲ့သည့်အတွက် ပဲမျိုးစုံတန် ချိန် ၂၂ ဒသမ ၉၅ သန်းအထိ စံချိန်တင် ထုတ်လုပ်နို င်ခဲ့ကြောင်း သိရှိရပါသည်။

 

ယဉ်ယဉ်နွယ်၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ နယူးဒေလီမြို့