Main menu

Background

အိန္ဒိယအစိုးရက ရွှေတင်သွင်းမှုကန့်သတ်ခြင်းကို တောင်ကိုရီးယားနိုင်ငံက ကန့်ကွက်

Tue, 10/03/2017 - 15:12 -- journal_editor

         တောင်ကိုရီးယားနိုင်ငံမှ အိန္ဒိယ နိုင်ငံသို့  ရွှေတင်သွင်းမှုကို  ကန့်သတ် လိုက်သည့်အပေါ်  တောင်ကိုရီးယား အစိုးရက ကန့်ကွက်လိုက်ပြီး ယင်းတား မြစ်ချက်သည် နိုင်ငံတကာစံနှုန်းသတ် မှတ်ချက်များနှင့်  ကိုက်ညီခြင်း မရှိ ကြောင်း၊ အိန္ဒိယအနေဖြင့် ရွှေတင်သွင်းမှု ပိတ်ပင်ရန်အတွက် ယခုကဲ့သို့တစ်ဖက်သတ် ဆုံးဖြတ်ချက်ချမှတ်မည့်အစား နှစ်နိုင်ငံတာဝန်ရှိသူများအကြား ဦးစွာ ဆွေးနွေးညှိနှိုင်းသင့်သည်ဟုဆိုသည်။ အိန္ဒိယနိုင်ငံတွင် ဇူလိုင်လ ၁ ရက်မှ သြဂုတ်လ ၂၁ ရက်အတွင်း တောင်ကိုရီးယားနိုင်ငံမှ ရွှေတင်သွင်းမှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ တစ်ဘီလီယံကျော်ခန့်သို့  အဆမတန်မြင့်တက်လာခဲ့ရာ တောင်ကိုရီးယားမှ ရွှေတင်သွင်းမှုအားလုံးကို  ကန့်သတ်ကုန် စည်အမျိုးအစားအောက်သို့  အိန္ဒိယ အစိုးရက ထည့်သွင်းလိုက်ပြီး ရွှေတင် သွင်းသူများအနေဖြင့် ပြည်တွင်းသို့ ရွှေတင်သွင်းခြင်းမပြုမီ အစိုးရထံမှ ကြိုတင်ခွင့်ပြုချက် ရယူရမည်ဟု သြဂုတ် ၂၅ ရက်တွင် ထုတ်ပြန်သတ်မှတ်ခဲ့ သည်။
       လာမည့် ရက်သတ္တပတ်အတွင်း အိန္ဒိယ-တောင်ကိုရီးယား လွတ်လပ်စွာ ကုန်သွယ်မှုသဘောတူညီချက်စာချုပ်အား ပြန်လည်သုံးသပ်မည့် ဝန်ကြီး အဆင့်အစည်းအဝေးကို ဆိုးလ်မြို့၌ ပြုလုပ်မည်ဖြစ်ရာ  ယင်းအစည်းအေ ဝး မတိုင်မီ ကန့်ကွက်ချက်ထွက်ပေါ်လာ ခြင်းဖြစ်ကြောင်း၊ အိန္ဒိယဘက်ကမူ တောင်ကိုရီးယားနိုင်ငံမှာ  ရွှေထုတ်လုပ်သည့်နိုင်ငံ မဟုတ်ဘဲ သွင်းကုန်ခွန် တိမ်းရှောင်ရန်အတွက်သာ အသုံးပြု ခြင်းခံနေရသည့်အတွက် ၎င်းတို့၏ လုပ်ဆောင်ချက်မှာ တရားမျှတမှုရှိ သည်ဟု အကြောင်းပြချက်ပေးထားကြောင်း သိရှိရပါသည်။ အိန္ဒိယနိုင်ငံ၌ GST စနစ်မတိုင်မီက ရွှေတင်သွင်းမှုအပေါ် သွင်းကုန် ခွန် ၁၀ ရာခိုင်နှုန်းနှင့် Countervailing duty ၁၂ ဒသမ ၅ ရာခိုင်နှုန်းပေးဆောင် ရပြီးGST စနစ်အရ Countervailing duty ၁၂ ဒသမ ၅ ရာခိုင်နှုန်းအစား GST ခွန် သုံးရာခိုင်နှုန်းဖြင့် အစားထိုး လိုက်ကြောင်း၊ သို့ဖြစ်၍FTA လမ်း ကြောင်းမှ တင်သွင်းသူများမှာ သွင်းကုန်ခွန် ၁၀ ရာခိုင်နှုန်းကင်းလွတ် ခွင့်ရရှိပြီး GST ခွန်သုံးရာခိုင်နှုန်းသာ ပေးဆောင်ရမည်ဖြစ်သည့်အတွက် FTA စာချုပ်ချုပ်ဆိုထားသည့်နိုင်ငံများမှတစ်ဆင့် ရွှေတင်သွင်းရန်ဆွဲဆောင် မှုဖြစ်ပေါ်နေခြင်းဖြစ်ကြောင်း သိရှိရပါ သည်။
 

 

ယဉ်ယဉ်နွယ်၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ နယူးဒေလီမြို့