Main menu

Background

လက်ရှိမိုးရာသီ၏ အစေ့အဆန်ထုတ်လုပ်မှုပမာဏမှာ ၂ ဒသမ ၇၈ ရာခိုင်နှုန်း ကျဆင်းနိုင်ပြီး တန်ချိန် ၁၃၄ သန်းကျော်ရှိမည်ဟု အိန္ဒိယအစိုးရခန့်မှန်း

Wed, 10/11/2017 - 15:08 -- journal_editor
          အိန္ဒိယနိုင်ငံ အလယ်ပိုင်းဒေသ များ၌ မိုးရရှိမှုမညီမျှခြင်းနှင့် ရာဂျက် စသန်၊ ဂူဂျာရတ်၊ ဥတ္တရာပရာဒေ့ရှ်၊ ဘီဟာနှင့် အာသံပြည်နယ်တို့တွင် ရေလွှမ်းမိုးခြင်းတို့ကြောင့် လက်ရှိမိုးရာ သီစိုက်သီးနှံထုတ်လုပ်မှု ပမာဏကို ယခင်ထက် ၂ ဒသမ ၇၈  ရာခိုင်နှုန်း လျှော့ချပြီး တန်ချိန် ၁၃၄ ဒသမ ၆၇ သန်းရှိမည်ဟု အိန္ဒိယအစိုးရက ခန့် မှန်းလိုက်ကြောင်း၊ သို့ရာတွင် ယခုခန့် မှန်းထားသည့် ပမာဏသည်ပြီးခဲ့သည့် ငါးနှစ်အတွင်းက  ပျမ်းမျှထုတ်လုပ်မှု ပမာဏဖြစ်သည့် တန်ချိန် ၁၂၈ ဒသမ ၂၄ ထက်မြင့်မားနေသေးသည်ဟု စိုက် ပျိုးရေးဝန်ကြီးဌာန၏  ကြေညာချက်၌ ဖော်ပြထားကြောင်း သိရှိရပါသည်။ ယခုနှစ် မိုးသီးနှံထုတ်လုပ်မှု ပမာဏ ပထမအကြိမ်ခန့်မှန်းချက်ကို စက် တင်ဘာ ၂၅ ရက်က ထုတ်ပြန်ခဲ့ရာ ပြီးခဲ့သည့်နှစ်တွင် တန်ချိန် ၁၃၈ ဒသမ ၅၂ သန်းထိ စံချိန်တင်ထုတ်လုပ်နိုင်ခဲ့ သော်လည်း ယခုနှစ်တွင်မူ  ဆန်၊ ပဲနှင့် နှံစားပြောင်း  ထုတ်လုပ်မှုပမာဏမှာ ကျဆင်းမည်ဖြစ်ကြောင်း၊ ဒုတိယ အကြိမ် ခန့်မှန်းချက်ကို နွေသီးနှံစိုက်ပျိုး ပြီးချိန် ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလတွင် အစိုးရအနေဖြင့် ထုတ်ပြန်မည် ဖြစ်ကာ တတိယနှင့်စတုတ္ထအကြိမ်န့် ခမှန်းချက်များကို  မေလနှင့် သြဂုတ် လတို့တွင်လည်း ဆက်လက်ထုတ်ပြန် မည်ဖြစ်ကြောင်း သိရှိရပါသည်။
       ပထမအကြိမ် ခန့်မှန်းချက်အရ ဝါဂွမ်း၊ ဆီထွက်သီးနှံနှင့် ဂုံလျှော်ထုတ်လုပ်မှုမှာ ကျဆင်းနိုင်ကြောင်း၊ ကြံထုတ်လုပ်မှု  ပမာဏမှာမူ တိုးတက် မည်ဟု ခန့်မှန်းထားကြောင်း၊ မိုးသီးနှံ ရိတ်သိမ်းမှုမှာ အောက်တိုဘာလ အစော ပိုင်းတွင်  စတင်မည်ဖြစ်ရာ ယခင်နှစ်က မိုးရာသီ၌ စပါးတန်ချိန် ၉၆ ဒသမ ၃၉ သန်း  ထုတ်လုပ်နိုင်ခဲ့ သော်လည်း ယခုနှစ်တွင်မူ တန်ချိန် ၉၄ ဒသမ ၃၈ သန်းသို့ တန်ချိန် ၁ ဒသမ ၉ သန်းခန့်ကျဆင်းဖွယ်ရှိကြောင်း သိရှိ ရပါ သည်။ သို့ရာတွင် စက်တင်ဘာ ၁ ရက်၌ Food Corporation of India (FCI) နှင့် ပြည်နယ်အစိုးရအေဂျင်စီများ၏ လက်ဝယ်၌ ဆန်တန်ချိန် ၁၈ သန်းကျော်ရှိ နေရာ ယင်းပမာဏသည်  အရန်ဆန် ထားရှိမည့် သတ်မှတ်တန် ချိန် ၁၀ သန်း ထက်ပင်ကျော်လွန်နေသည့်အတွက် သီးနှံဈေးနှုန်းများအပေါ် ရိုက်ခတ်မှု မရှိနိုင်ကြောင်း၊ ထိုမျှသာမက ၂၀၁၇-၁၈ သီးနံှရာသီအတွက် ဆန်ဝယ်ယူမည့်ကာလမှာ အောက်တိုဘာလ ၁ ရက် တွင်စတင်မည်ဖြစ်ရာ  ပြည်နယ်အေဂျင်စီ များအနေဖြင့် တန်ချိန် ၃၇ ဒသမ ၅ သန်းခန့်  ဝယ်ယူရန် ရည်မှန်းထား ကြောင်း သိရှိရပါသည်။
          ထို့ပြင် ပဲထုတ်လုပ်မှုပမာဏမှာ လည်း ယခင်နှစ်မိုးရာသီ၌ တန်ချိန် ၉ ဒသမ ၄၂ သန်းရှိခဲ့ရာမှ ယခုနှစ်တွင် တန်ချိန် ၈ ဒသမ ၇၁ သန်းသို့ ကျဆင်း နိုင်သည်ဟု ခန့်မှန်းထားကြောင်း၊ သို့ရာတွင် NAFED ၊ SFAC နှင့် FCI ကဲ့သို့သော အစိုးရအေဂျင်စီများ၏ လက်ဝယ်၌ အရန်ပဲတန်ချိန် ၁ ဒသမ ၈ သန်းဝန်းကျင်ခန့်ကျန်ရှိနေရာ ရှေ့လျှောက်ဈေးနှုန်းမြင့်တက်မည့် အခြေအနေမရှိနိုင်ဟု ပြောကြားထားကြောင်း သိရှိရပါသည်။ အိန္ဒိယမိုးလေ ဝသ ဦးစီးဌာန၏ အချက်အလက်များအရ အနောက် တောင်မုတ်သုံမိုးမှာ လက်ရှိကာလအထိ ကာလရှည်ပျမ်းမျှပုံမှန်မိုးရေ ချိန်အောက် ငါးရာခိုင်နှုန်းခန့် လျော့နည်းနေကြောင်း သိရှိရပါသည်။
 
 
ယဉ်ယဉ်နွယ်၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ နယူးဒေလီမြို့