Main menu

Background

တရုတ်ပြည်မကြီး၏ ပြည်နယ်ကိုးခုနှင့် ဟောင်ကောင်နှင့် မကာအိုခေါင်းဆောင်များမှ ပုလဲမြစ်ဝှမ်းဒေသအတွင်း ခရီးသွားလုပ်ငန်းနှင့် အကောက်ခွန်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူ လက်မှတ်ရေးထိုး

Wed, 10/11/2017 - 15:17 -- journal_editor

        နယ်စပ်ဖြတ်ကျော်မှု လွယ်ကူစေရန်နှင့် ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှု ထူထောင်ရန်အတွက် တရုတ်ပြည်မကြီးရှိ ပြည်နယ်ကိုးခုမှ အကြီးအကဲများ၊ ဟောင်ကောင်နှင့် မကာအိုမှ ခေါင်းဆောင်များ တက်ရောက် သည့် ၂၀၁၇ ခုနှစ်၊ ပုလဲမြစ်ဝှမ်း  ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေး ညီလာခံကို ဟူနန်ပြည်နယ်၊ ချန်ရှတွင် ကျင်းပရာ ဟောင်ကောင်အုပ်ချုပ်ရေးမှူးချုပ် Carrie Lam Yuet-ngor က သဘောတူလက်မှတ်ရေးထိုးခဲ့သည်။
       အဆိုပါညီလာခံတွင် ပြည်နယ်နှင့်အထူးအုပ်ချုပ်ခွင့်ရဒေသ ခေါင်းဆောင်များမှ ပုလဲမြစ်ဝှမ်းဒေသအားလုံးဆိုင်ရာ ခရီးသွားလုပ် ငန်းအသင်း ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်နှင့် ဒေသ တွင်းအကောက်ခွန်နှင့် စာရင်းရှင်းလင်းရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်အား လက်မှတ်ရေးထိုးခဲ့ကြကြောင်းလည်း သိရှိရပါ သည်။ အဆိုပါသဘောတူစာချုပ်အရ ဟောင်ကောင်နှင့် မကာအို ဒေသတွင်း နယ်စပ်ဖြတ်ကျော် ခရီးသွားလုပ် ငန်း စည်းမျဉ်းစည်းကမ်း သတ်မှတ်ခြင်းနှင့် လုပ်ငန်းယန္တရားတစ်ရပ်ထူထောင်ရေးနှင့်အတူ ဒေသတွင်းခရီးသွားလုပ်ငန်းအတွက် ကျန်ပြည်နယ်များနှင့် နီးကပ် စွာ အတူအကွ ဆောင်ရွက်သွားမည်ဖြစ်ပြီး  ဟောင်ကောင်အား ပြည်နယ်  ကိုးခုဖြစ်သည့်  ဖူကျန့်၊ ကျန်းရှီး၊ ဟူနန်၊ ကွမ်တုံ၊ ကွမ်ရှီး၊ ဟိုင်နန်၊ စီချွမ်း၊ ကွေ့ကျိုးနှင့် ယူနန်တို့နှင့်  နယ်စပ်ဖြတ်ကျော်ခြင်း လုပ်ငန်းအစီအစဉ်များ အရှိန်မြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
          ခေါင်းဆောင်များအနေဖြင့်လည်း ဟောင်ကောင်၊ မကာအိုနှင့် တရုတ်ပြည်မကြီးကြား  ချိတ်ဆက်မှု တိုးမြှင့်ရန်၊ ဟောင်ကောင်-ကျူးဟိုင်-မကာအိုတံတား၊ ကွမ်ကျိုး-ရှန်းကျန့်- ဟောင်ကောင်မီးရထား လမ်းတည်ဆော က်ရေး အရှိန်မြှင့်တင်ရန်နှင့် Liantang  နယ်စပ်ထိန်း ချုပ်ရေးဇုန်တို့အတွက် ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

 

ဖြူဖြူလှိုင်၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ ဟောင်ကောင်မြို့