Main menu

Background

ဂျုံတင်သွင်းမှုအပေါ် သွင်းကုန်ခွန်(၂၀-၂၅)ရာခိုင်နှုန်းသို့ အိန္ဒိယအစိုးရက တိုးမြှင့်ကောက်ခံဖွယ်ရှိ

Mon, 10/23/2017 - 12:52 -- journal_editor

            ပြည်ပမှ ဈေးပေါ/ဈေးသက်သာသည့် ဂျုံများ တင်သွင်းမှုကို ထိန်းချုပ်ကန့်သတ်နိုင်ရန်နှင့် ဒေဝါလီပွဲတော်ပြီးချိန်တွင် ဆောင်းသီးနှံများ စတင်စိုက်ပျိုးမည့်  လယ်သမားများအား ဈေးနှုန်း ကောင်းမွန်သည့်အခြေအေ နများ   ပြသဖော် ဆောင်ပေးနိုင်ရန် ဂျုံတင်သွင်းမှုအပေါ် လက်ရှိ တွင် ၁၀ ရာခိုင်နှုန်း ကောက်ခံနေရာမှ ၂၀-၂၅ ရာခိုင်နှုန်းသို့  အိန္ဒိယအစိုးရက တိုးမြှင့်ကောက်ခံဖွယ်ရှိသည်ဟု တာဝန်ရှိသူတစ်ဦးက ပြောကြား ထားကြောင်း သိရှိရပါသည်။ အိန္ဒိယလယ်သမားများသည် ယခုလကုန်တွင် ဆောင်းသီးနှံဖြစ်သည့် ဂျုံများကိုစတင်စိုက်ပျိုး တော့မည်ဖြစ်ရာ ဂျုံများပိုမိုစိုက်ပျိုးလာစေရန် အစိုးရက တောင်သူလယ်သမားများအား တိုက်တွန်းအားပေးလိုသည့် အတွက် ဂျုံဈေးနှုန်းကောင်း မွန်သည့်အနေအထားတွင်ရှိနေစေလိုကြောင်း၊ ဂျုံစိုက်တောင်သူများအနေဖြင့် ဈေးနှုန်းမကောင်း သည့်အတွက် သီးနှံပြောင်း၍စိုက်ပျိုးသည့် ပဲစိုက် တောင်သူများ၏လမ်းစဉ်ကို  ဂျုံစိုက်တောင်သူ များလိုက်မည်ကိုလည်း အစိုးရက  မလိုလား ကြောင်း၊ လက်ရှိကာလတွင် ကမ္ဘာ့ဂျုံဈေးနှုန်းများ မှာ ကျဆင်းနေသည့်အတွက် ယင်းအခြေအနေ များအပေါ်မူတည်ကာ ဂျုံသွင်းကုန်ခွန်များကိုတိုးမြှင့်ရန်တွက်ချက်နေေ ကြာင်း၊   ယင်းကိစ္စနှင့် စပ်လျဉ်း၍ ဆွေးနွေးမှုများကိုလည်း အကြိမ်များ စွာပြုလုပ်ပြီးဖြစ်ကာ နောက်ဆုံး အတည်ပြု ဆုံး ဖြတ်ချက်ကို မကြာမီ ထုတ်ပြန်ဖွယ်ရှိသည်ဟု ၎င်းင်း က ပြောကြားထားကြောင်း သိရှိရပါသည်။
      ၂၀၁၆-၁၇ ရာသီတွင် အိန္ဒိယနိုင်ငံ၌ ဂျုံတန်ချိန် ၉၈ ဒသမ ၃၈ သန်းခန့်အထိ အမြောက် အများ ထုတ်လုပ်နိုင်ခဲ့သည့်အတွက် ပြည်တွင်းဂျုံ ဈေးနှုန်းများ ကျဆင်းခဲ့ခြင်းကြောင့် အိန္ဒိယအစိုးရ သည် ဂျုံတင်သွင်းမှုအပေါ် သွ င်းကုန်ခွန် ၁၀ ရာခိုင်နှုန်းကို ယခုနှစ်၊ မတ်လက စတင်သတ်မှတ် စည်းကြပ်ခဲ့ကြောင်း၊ ယင်းအခွန်နှုန်းထားဖြင့် ဧပြီ လမှလက်ရှိကာလအထိ ဂျုံတန်ချိန် ၈ ဒသမ ၅ သိန်းကို ပုဂ္ဂလိကလုပ်ငန်းရှင် များက တင်သွင်း ထားပြီးြ ဖစ်ကာ နောက်ထပ်တန်ချိန် ၁ ဒသမ ၅ သိန်းမှာလည်း  မကြာမီထပ်မံရောက်ရှိမည်ဖြစ် ကြောင်း သိရှိရပါသည်။ ပြီးခဲ့သည့်လအနည်း ငယ်အတွင်း  နိုင်ငံတကာ၌ ဂျုံဈေးနှုန်းများ ကျဆင်းနေခဲ့သော်လည်း သြစတြေးလျ၌ ဂျုံ စိုက် ပျိုးမှု ပိုမိုကျဆင်းလာခြင်းသည် ဂျုံဈေး ကောင်း မွန်ရန် မျှော်လင့်ချက်ကောင်းကြောင်း၊ သို့ဖြစ်၍ အိန္ဒိယပြည်တွင်း ဂျုံဈေးနှုန်းများမှာလည်း  စတင် မြင့်တက်လာနေသည့် အနေအထားတွင်ရှိသည်ဟု အချက်အလက် များက ညွှန်းဆိုလျက်ရှိကြောင်း သိရှိရပါသည်။

 

ယဉ်ယဉ်နွယ်၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ နယူးဒေလီမြို့