Main menu

Background

ယခုနှစ်တွင် အိန္ဒိယနိုင်ငံ၏ ပုစွန်တင်ပို့မှုအခြေအနေ ကောင်းမွန်နိုင်ကြောင်း ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ကြီးက ခန့်မှန်း

Tue, 10/24/2017 - 18:15 -- journal_editor

ယခုနှစ်တွင် ပင်လယ်စာထွက်ကုန်   ကုန်သွယ်မှုကဏ္ဍ၌ မရေရာမှုများ ဖြစ်ပေါ်နေချိန်၌   အိန္ဒိယပို့ကုန်လုပ်ငန်းရှင်များအနေဖြင့်   ပင်လယ်စာပို့ကုန် တင်ပို့မှု၌ ချီလီနိုင်ငံနှင့်အတူ ထိပ်တန်း၌ ရပ်တည်မည့်အနေအထားရှိကြောင်း၊ ယခုနှစ်တွင် အိန္ဒိယ
၌  Vannamei  အမျိုးအစားပုစွန်အမြောက်အများထွက်ရှိ သည့်အတွက် အိန္ဒိယ၏ပင်လယ်စာပို့ကုန် တင်ပို့မှုပမာဏမှာ   ၄၁ ရာခိုင်နှုန်း  ဖြင့် သိသိသာသာတိုးတက်လာခဲ့ကြောင်း၊  ထို့ကြောင့် ယခုနှစ်ပင်လယ်စာထွက် ကုန် အဓိကတင်ပို့သည့် ကမ္ဘာ့နိုင်ငံများအနက် အိန္ဒိယနှင့်ချီလီနိုင်ငံတို့သည် ထိပ်ဆုံး၌ရပ်တည်မည်ဟု ခန့်မှန်းထားကြောင်း သိရှိရပါသည်။ယခုနှစ်အတွင်း ပုစွန်တင်သွင်းမှုအနေဖြင့်   ဖွံ့ဖြိုးပြီးနှင့်ဖွံ့ဖြိုးဆဲနိုင်ငံ ဈေးကွက်နှစ်ခုစလုံး   တိုးတက်ကောင်းမွန်မည်ဖြစ်ကြောင်း၊
   အရှေ့တောင် အာရှဈေးကွက်သည် ထွန်းသစ်စဈေးကွက်ဖြစ်ပြီး   ပုစွန်တင်သွင်းမှုသိသိသာ သာတိုးတက်မည်ဟု ခန့်မှန်းထားကြောင်း၊ အမေရိကန်၊ အီးယူနှင့်ဂျပန်တို့မှာ လည်း ပုံမှန်အားဖြင့် ပုစွန်အများဆုံးတင်သွင်းသည့်နိုင်ငံကြီးများဖြစ်ရာ
 ယခု နှစ်တွင် စီးပွားရေးအခြေအနေကောင်းမွန်သည့်အတွက် ပင်လယ်စာ ဝယ်လို အားမှာလည်း တိုးတက်မည်ဟု ခန့်မှန်းထားကြောင်းသိရှိရပါသည်။ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ကြီးက    ထုတ်ပြန်သည့် ၂၀၁၆ ခုနှစ်၏ ပုစွန်အများဆုံးတင်ပို့သည့် နိုင်ငံများတွင်   အိန္ဒိယသည် ထိပ်ဆုံး၌ရပ်တည်နေပြီး အဆိုပါနှစ်၏ ကမ္ဘာ့ပုစွန်အများဆုံး တင်ပို့သည့် ထိပ်တန်းငါးနိုင်ငံမှာ အိန္ဒိယ နိုင်ငံဖြစ်ပြီး တန်ချိန်၄၃၈၅၀၀တင်ပို့ခဲ့သည်။ဗီယက်နမ်က တန်ချိန် ၄၂၅၀၀၀ဖြင့် ဒုတိယနေရာတွင်ရှိနေပြီး အီကွေဒေါနိုင်ငံကတန်ချိန်၃၇၂၆၀၀ဖြင့် တတိယ နေရာတွင် ရပ်တည်ခဲ့ကာ အင်ဒိုနီးရှားက(တန်ချိန်၂၂၀၀၀၀နှင့်ထိုင်းက ၂၀၉၄၀၀) တို့ဖြင့် စတုတ္ထနှင့် ပÍ္စမနေရာတို့၌ ရပ်တည်နေကြောင်း သိရှိရပါသည်။
ယဉ်ယဉ်နွယ်၊ စီးပွားရေးသံမှူး၊
မြန်မာသံရုံး၊ နယူးဒေလီမြို့