Main menu

Background

အရန်သိုလှောင်ထားသည့် ပဲများ ပျက်စီးလေလွင့်ခြင်းမှ ကာကွယ်နိုင်ရန်အတွက ပြည်တွင်း၌ ရောင်းချရန် အိန္ဒိယစီစဉ်

Tue, 10/24/2017 - 18:16 -- journal_editor

     အိန္ဒိယအစိုးရသည်    အရန်သို လှောင်ထားသည့်ပဲများအား  ပျက်စီး လေလွင့်ခြင်းမရှိစေရန်အတွက် တန် ချိန်တစ်သန်းနီးပါးခန့်ကို   ပြည်တွင်း၌ ရောင်းချဖွယ်ရှိကြောင်း၊ အစိုးရအနေ ဖြင့် အဆိုပါအရန်ပဲများအား   ပြင်ပ ဈေးကွက်များ၊ ပြည်နယ်များနှင့် မီးရ ထားလုပ်ငန်း၊ ကာကွယ်ရေး တပ်ဖွဲ့များ ကဲ့သို့သော အဖွဲ့အစည်းများသို့ ရောင်း ချရန်ဆောင်ရွက်နေကြောင်း၊ ယင်း ပမာဏသည် အစိုးရက သိုလှောင်ထား သည့် ပမာဏစုစုပေါင်း၏   တစ်ဝက် နီးပါးခန့်ဖြစ်သည်ဟု    အမည်မဖော် လိုသည့် သက်ဆိုင်ရာတာဝန်ရှိသူနှစ်ဦး က အောက်တိုဘာ ၁၀ ရက်၌ ပြောကြား ခဲ့သည်။
ပြည်နယ်များကမူ အဆိုပါပဲများ အား သက်သာချောင်ချိရေးအစီအစဉ် အောက်၌ ဆင်းရဲသားများအား ဖြန့်ေ၀ ပေးနိုင်ရန်    ထောက်ပံ့ကြေးနှုန်းထား များဖြင့် ဝယ်ယူရန်ကြိုးစားနေကြောင်း၊ ပြည်ထောင်စုအစိုးရအနေဖြင့် ကာနာ တာကာ၊ ဂူဂျာရတ်နှင့်   တမီလ်နာဒူး အပါအဝင်ပြည်နယ်များအား ထောက် ပံ့ရန်အတွက် ရူပီး ခြောက်ဘီလီယံ (အမေရိကန်ဒေါ်လာ ၉၂ သန်းခန့်) အသုံးပြုဖွယ်ရှိကြောင်း သိရှိရပါသည်။
ပဲများပျက်စီးလေလွင့်ခြင်းမရှိ စေရန်အတွက် တန်ချိန်တစ်သန်းနီးပါး ခန့်ရှိသည့် ပဲများကိုပြည်တွင်း၌ ရောင်း ချရန်စီစဉ်နေသည့်ကိစ္စအပေါ် စားနပ် ရိက္ခာဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ထံသို့ အီးမေးလ်ဖြင့် ဆက်သွယ်မေးမြန်း ခဲ့ရာ        ပြန်လည်ဖြေကြားခဲ့ခြင်းမရှိ ကြောင်း၊ အိန္ဒိယအနေဖြင့် ပဲတန်ချိန် ၇၀၀၀၀၀ သိန်းခန့် ရောင်းချနိုင်ဖွယ်ရှိ သည်ဟု    ပြီးခဲ့သည့်ရက်သတ္တပတ်က စားနပ်ရိက္ခာဝန်ကြီးက ပြောကြားထား သော်လည်း အဆိုပါပြောကြားချက်၌ ပဲအရည်အသွေးနှင့်စပ်လျဉ်း၍ ပါဝင် ခြင်းမရှိကြောင်း သိရှိရပါသည်။
ယဉ်ယဉ်နွယ်၊ စီးပွားရေးသံမှူး၊
မြန်မာသံရုံး၊ နယူးဒေလီမြို့