Main menu

Background

အိန္ဒိယနိုင်ငံ၏ ၂၀၁၇ ဘဏ္ဍာနှစ် စီးပွားရေး တိုးတက်မှုနှုန်းအား ကမ္ဘာ့ဘဏ်က လျှော့ချခန့်မှန်း

Tue, 10/31/2017 - 17:22 -- journal_editor

       အစိုးရ၏ ပြုပြင်ပြောင်းလဲရေး ဖော်ဆောင်မှုများဖြစ် သည့် Demonetisation အစီအစဉ်နှင့် GST စနစ်တို့၏ သက်ရောက်မှုများကြောင့် အိန္ဒိယနိုင်ငံ၏ GDP မှာ ၂၀၁၅ တွင်  ၈ ဒသမ ၆ ရာခိုင်နှုန်းရှိရာမှ ၂၀၁၇ တွင် ခုနစ် ရာခိုင်နှုန်း သို့ နှေးကွေးကျဆင်းနိုင်သည်ဟု ကမ္ဘာ့ဘဏ်က ခန့်မှန်းထား ပြီး ပြည်တွင်းရှိလုပ်ငန်းအဆင့်  ကြန့်ကြာမှုများကြောင့် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုများ ထိုင်းမှိုင်းစေလျက်ရှိခြင်းက နိုင်ငံ ၏ အလားအလာရှိသည့် စီးပွားရေး တိုးတက်မှုအပေါ် ဖိအား ပိုမိုသက်ရောက်စေနိုင်သည်ဟု သတိပေး  ပြောကြားထား ကြောင်း၊ ပုဂ္ဂလိက  ရင်းနှီးမြှုပ်နှံမှုနှင့် ပြည်သူ့ရေးရာအသုံး စရိတ်တို့ကို ချိန်ခွင်လျှာညှိရန် ခိုင်မာသည့်   မူဝါဒများဖော် ဆောင်နိုင်ပါက ၂၀၁၈ ခုနှစ်တွင် ၇ ဒသမ ၃ ရာခိုင်နှုန်းသို့ တိုးတက်လာနိုင်သည်ဟုဆိုထားကြောင်း သိရှိရပါသည်။
      ထို့ပြင် အပြည်ပြည်ဆိုင်ရာ  ငွေကြေးရန်ပုံငွေအဖွဲ့(IMF)ကလည်း ၂၀၁၇ တွင် အိန္ဒိယနိုင်ငံ၏ တိုးတက်မှု နှုန်းကို ယခင်ခန့်မှန်းထားသည့် နှုန်းထားအောက် သုည ဒသမ ၅ ရာခိုင်နှုန်းခန့် လျှော့ချကာ ၆ ဒသမ ၇ ရာခိုင်နှုန်း ရှိမည်ဟု ခန့်မှန်းခဲ့ကြောင်း၊ တရုတ်နိုင်ငံ၏ တိုးတက်မှုနှုန်း ကိုမူ ၆ ဒသမ ၈ ရာခိုင်နှုန်းရှိမည်ဟု ခန့်မှန်းထားကြောင်း သိရှိရပါသည်။

 

ယဉ်ယဉ်နွယ်၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ နယူးဒေလီမြို့