Main menu

Background

တရုတ်နိုင်ငံမှ နိုင်ငံခြားငွေလဲလှယ်မှုအား ဆွဲဆောင်နိုင်ရေးအတွက် အမေရိကန်ဒေါ်လာ အခြေပြုချေးငွေစာချုပ် လက်မှတ်များကို ဟောင်ကောင်တွင်ထုတ်ဝေသွားမည်

Tue, 10/31/2017 - 17:28 -- journal_editor

        တရုတ်ပြည်မကြီးမှ ငွေရေးကြေးရေးကဏ္ဍအား ဈေးကွက်ပိုမိုပွင့်လင်းလာစေရန်အတွက် နိုင်ငံခြားငွေလဲလှယ်မှုအား တွန်းအားပေး  မြှင့်တင်နိုင်စေမည့် ဆောင်ရွက်ချက်အနေဖြင့် အမေရိကန်ဒေါ်လာ နှစ်ဘီလီယံတန်ဖိုး ရှိ  အမေရိကန် ဒေါ်လာတန်ဖိုးဖြင့်ထုတ်ဝေသည့် နိုင်ငံပိုင်ဘွန်းစာချုပ်များကို ဟောင်ကောင်တွင် မကြာမီထုတ်ဝေသွားမည်ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့သည်။ ချေးငွေစာချုပ်လက်မှတ် ထုတ်ဝြေ ခင်းတွင် ငါးနှစ်ချေးငွေစာချုပ်နှင့် ၁၀ နှစ် သက်တမ်း ချေးငွေစာချုပ်များအား အမေရိကန်ဒေါ်လာ တစ် ဘီလီယံတန်ဖိုးစီထုတ်ဝေသွားမည်ဖြစ်ပြီး Hong Kong Exchanges and Clearing Ltd အိတွင် ယခုလကုန်တွင် ရောင်းချ သွားမည်ဖြစ်သည်။ အမေရိကန်ဒေါ်လာနှစ်ဘီလီယံမှာ ပမာဏအား ဖြင့် မများသော်လည်း တရုတ်ငွေဈေးပြန်လည်အားကောင်းလာစေရန်နှင့် နိုင်ငံခြားငွေသီးသန့်ရန်ပုံငွေတည်ငြိမ်မှုရှိစေရေး အထောက်အပံ့ဖြစ်စေရန်အတွက် ရင်းနှီး ငွေ ပိုမိုဝင်ရောက်လာနိုင်မည့်လမ်းကြောင်းအဖြစ် အစိုးရကမျှော်လင့်ထားသည်။
        ပြည်ပရင်းနှီးမြှုပ်နှံမှု အထူးသဖြင့် Belt & Road Initiative အား ထောက်ပံ့နိုင် ရေး အဆင်ပြေချောမွေ့နိုင်စေရန်  အစိုးရစီမံကိန်းများနှင့် နိုင်ငံတော်ပိုင်လုပ်ငန်းများအတွက် ချေးငွေဖြင့်ဆောင်ရွက်သွားမည်ဖြစ်ပြီး ချေးေ ငွစာချုပ်ထုတ်ဝေမှုမှာ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူများ၏ ဝယ်လိုအားကောင်းစေလာမည့်အပေါ် အစိုးရ၏ ယုံကြည်မှုကို ဖော်ပြရာရောက်ကြောင်း သိရှိရပါသည်။

 

ဖြူဖြူလှိုင်၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ ဟောင်ကောင်မြို့