Main menu

Background

ထိုင်းနိုင်ငံတွင် Picofinance ချေးငွေလုပ်ငန်းများ တိုးတက်လာရန်ဆောင်ရွက်လျက်ရှိခြင်း

Tue, 10/31/2017 - 17:41 -- journal_editor

    ထိုင်းနိုင်ငံတွင် ဝင်ငွေနည်း ပြည်သူများသည် ငွေကြေးအရင်းအမြစ်ရရှိ၍ လိုအပ်သော ငွေကြေးအရင်းအနှီးကို တရားဝင်ချေးယူနိုင်သည့် လုပ်ငန်းများ လက်ရှိအခြေအနေထက် ပိုမိုတိုးတက်လာစေရန်အတွက် Picofinance ချေးငွေ လုပ်ငန်းစုစုပေါင်း ၁၄၁ ခုရှိရာမှ ယခုနှစ်တွင် လုပ်ငန်းပေါင်း ၂၀၀ အထိ တိုးတက်လာစေရန်  ဘဏ္ဍာရေးဝန်ကြီးဌာနက အလေးထား ဆောင်ရွက်လျက်ရှိပါသည်။ လက်ရှိအချိန်တွင် ပြည်နယ်ပေါင်း ၄၀ ရှိ တရားဝင် Picofinance ချေးငွေလုပ်ငန်းပေါင်း ၁၄၁ ခုသည် စုစုပေါင်း ချေးငွေ ဘတ် ၄၂ဒသမ ၂ သန်းကို ထုတ်ချေးထားပြီး တစ်ဦး လျှင် ပျမ်းမျှချေးငွေနှုန်းမှာ ဘတ်  ၃၁၀၀၀ ဖြစ်ပါသည်။ အဆိုပါ Picofinance ချေး ငွေလုပ်ငန်းများ သည် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့်ဆောင်ရွက်ခွင့်မရှိဘဲ သတ်မှတ်ထားသည့် နယ်မြေ ဧရိယာအတွင်း၌သာ ဆောင်ရွက်ခွင့်ရှိကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် Krisada Chinavicharana က     ပြောကြားခဲ့ပါသည်။
        Picofinance လုပ်ငန်းများ ဖွံ့ဖြိုးလာစေရန် ယခုကဲ့သို့ အစိုးရက တွန်းအားပေးဆောင်ရွက်လာခြင်းသည် ဝင်ငွေ နည်းပြည်သူလူထုအနေဖြင့် တရားဝင်ငွေကြေးအရင်းအမြစ်များ အလွယ်တကူရရှိစေရန်နှင့် အတိုးနှုန်း မ တန်တဆဖြင့် ပြင်ပမှ တရားမဝင် ချေးငွေရယူနေရခြင်းမှ ကာကွယ်ပေးရန် ဖြစ်ပါသည်။ Picofinance ချေးငွေလုပ်ငန်းများကို ဆောင်ရွက် မည်ဆိုပါက ကနဦးမတည်ရင်းနှီးငွေကို ဘတ်ငါးသန်းသတ် မှတ်ထားပြီး သက်ဆိုင်ရာ နယ်မြေအတွင်း၌သာ ချေးငွေလုပ် ငန်းဆောင်ရွက်ခွင့်ရှိပါသည်။ ယင်း Picofinance များသည် အထွေထွေ ချေးငွေလုပ်ငန်းကို ဆောင်ရွက်ခွင့်ရှိပြီး ငွေချေး သူတစ်ဦးလျှင် အမြင့်ဆုံးဘတ် ၅၀၀၀၀ အထိထုတ်ချေးနိုင်ပါ သည်။ အတိုးနှုန်းမှာ တစ်နှစ်လျှင် အမြင့်ဆုံး၃၆ ရာခိုင်နှုန်းဖြစ် ပါသည်။
        ထိုင်းနိုင်ငံတွင် Picofinance ချေးငွေလုပ်ငန်းများအပြင် Nanofinance ချေးငွေလုပ်ငန်းကိုလည်း ခွင့်ပြုပေးလျက်ရှိပြီး အလုပ်အကိုင်ရရှိမှုအတွက် အထောက်အကူပြုမှုကို မြှင့်တင်ပေးမည်ဖြစ်ပါသည်။ Nanofinance ေ ချးငွေလုပ်ငန်းများသည် လည်း Picofinance များနည်းတူ အတိုးနှုန်းကိုတစ်နှစ်လျှင် အမြင့်ဆုံး ၃၆ ရာခိုင်နှုန်းအထိ သတ်မှတ်နိုင်ပြီး တစ်ဦးလျှင်အများဆုံး ဘတ်တစ်သိန်းအထိ ထုတ်ချေးခွင့်ရှိပါသည်။ Nanofinance ၏လုပ်င န်းဆောင်ရွက်မှုအပေါ် နယ်မြေကန့် သတ်ချက်မရှိဘဲ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆောင် ရွက်ခွင့်ရှိပြီး Nanofinance အတွက် ကနဦးမတည်အရင်းအနှီး ပမာဏ ဘတ်သန်း ၅၀ ကို မှတ်ပုံတင်ထားရှိရန် လိုအပ်ပါသည်။ Picofinance နှင့် Nanofinance ချေးငွေလုပ်ငန်းများ ကဲ့သို့  တရားမဝင်  ငွေချေးလုပ်ငန်းများကို  တိုက်ဖျက်ရန် အတွက် အစိုးရအစီအစဉ်ဖြင့် ဆောင်ရွက်လျက်ရှိသည့် အစိုးရ ပိုင်ဘဏ်နှစ်ခုမှာ အစိုးရငွေစုဘဏ်နှင့် စိုက်ပျိုးေ ရးနှင့် စိုက် ပျိုးရေးသမဝါယမအသင်းဘဏ်တို့ ဖြစ်ကြပါသည်။

 

ကျော်သူရ၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ ဗန်ကောက်မြို့