Main menu

Background

၂၀၂၂ခုနှစ်တွင် တောင်ကိုရီးယားအစိုးရက ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍ၌ အလုပ်အကိုင်ပေါင်းနှစ်သိန်းဖန်တီးနိုင်ရေးဆောင်ရွက်သွားမည်

Thu, 11/16/2017 - 14:39 -- journal_editor

    တောင်ကိုရီးယားအစိုးရအနေဖြင့်  ၂၀၂၂ ခုနှစ်တွင်   ကျန်းမာ ရေးစောင့်ရှောက်မှုကဏ္ဍ၌  အလုပ်အကိုင်သစ် စုစုပေါင်း နှစ်သိန်းခန့် ဖန်တီးပေးသွားနိုင်ရန်  စီစဉ်ဆောင်ရွက်လျက်ရှိသည်။  အစိုးရအနေ ဖြင့် ပုဂ္ဂလိက ကဏ္ဍတွင် အလုပ်အကိုင်ပေါင်း ၃၂၀၀၀နှင့်  အစိုးရ ကဏ္ဍတွင်  အလုပ်အကိုင်ပေါင်း ၁၆၈၀၀၀ ကို လာမည့် ငါးနှစ်အတွင်း ဖန်တီးပေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း  ကျန်းမာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးက ပြောကြားခဲ့သည်။
   အစိုးရကဏ္ဍတွင်  သူနာပြုနှင့်သက်ကြီးရွယ်အိုပြုစုစောင့် ရှောက်မှုလုပ်ငန်းများတွင် အလုပ်အကိုင်များတိုးချဲ့ပေးနိုင်ရန် စီစဉ် လျက်ရှိပြီး  ကျန်းမာရေးဆိုင်ရာ လုံခြုံစိတ်ချရမှုရှိရေးအတွက် ဆောင် ရွက်သွားမည်ဖြစ်သည်။
ပုဂ္ဂလိကကဏ္ဍတွင်မူ ဆေးဝါးထုတ်လုပ်ခြင်း၊  ကျန်းမာရေး အထောက်အကူပြုပစ္စည်းကိရိယာများထုတ်လုပ်ခြင်းနှင့် ကျန်းမာ ရေးနှင့်ညီညွတ်သည့် အလှကုန်ပစ္စည်းများထုတ်လုပ်ခြင်းလုပ်ငန်း စသည့်ကဏ္ဍများတွင် အလုပ် အကိုင် များ ဖန်တီးနိုင်ရေးဆောင်ရွက် သွားမည်ဖြစ်သည်။ သမ္မတ၏အလုပ်အကိုင်ဖန်တီးရေးကော်မတီ အနေဖြင့်လည်း  ကျန်းမာရေးကဏ္ဍတွင် လုပ်ခလစာများ တိုးမြှင့်နိုင် ရေးအတွက် လာမည့်လအတွင်း ကျန်းမာရေးနှင့်ေ ဆးဝါးဆိုင်ရာ အထူးဆပ်ကော်မတီတစ်ခုဖွဲ့စည်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။                                        

ခင်မျိုးသော်၊ စီးပွားရေးသံမှူး၊
မြန်မာသံရုံး၊ ဆိုးလ်မြို့