Main menu

Background

၂၀၁၇ခုနှစ်အတွင်း ကျန်ရှိသည့်ကာလများတွင် ကမ္ဘာ့လောင်စာဆီဈေးနှုန်း အနည်းငယ်မြင့်တက်မည်

Thu, 11/16/2017 - 14:40 -- journal_editor

         ကမ္ဘာ့ရေနံတင်ပို့ရောင်းချသည့်နိုင်ငံများသည်  ၂၀၁၇ခုနှစ်အတွင်း ရေနံရောင်းချမှုကို တိုးမြှင့်ခဲ့သော်လည်း ကမ္ဘာ့စီးပွားရေးပြန်လည်ကောင်း မွန်၍ လောင်စာဆီဝယ်လိုအား မြင့်တက်လာသဖြင့် ယခုနှစ်၏ကျန်ရှိသည့် ကာလများတွင် ကမ္ဘာ့လောင်စာဆီဈေးနှုန်းသည် အနည်းငယ်မြင့်တက်မည် ဟု ဖော်ပြထားပါသည်။
      PTT အများပိုင်ကုမ္ပဏီသည် ကမ္ဘာ့စီးပွားရေးပြန်လည်ကောင်းမွန် လာမှုကို အခြေခံ၍ ရေနံစိမ်းတစ်စည်လျှင် အမေရိကန်ဒေါ်လာ ၅၀ မှ ၅၅ ရှိမည်ဟု ယမန်နှစ်နိုဝင်ဘာလက  ခန့်မှန်းခဲ့ပြီး စွမ်းအင်ဝန်ကြီးဌာနသည် လည်း ရေနံစိမ်းတစ်စည်လျှင်  အမေရိကန်ဒေါ်လာ ၄၂  မှ ၅၂ရှိမည်ဟုခန့် မှန်းခဲ့ပါသည်။
     ၂၀၁၇ခုနှစ်တွင် ကမ္ဘာ့လောင်စာဆီဈေးနှုန်းသည်  တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၅၅အထက်ရောက်ရှိမည့်အလားအလာရှိပါသည်။ အကြောင်းမှာ အမေရိကန်နိုင်ငံ၏ လောင်စာဆီလက်ကျန်သည် ရေနံစည် ပေါင်းသန်း ၄၀ အထိ ကျဆင်းလာခြင်း၊ ဆောင်းရာသီတွင် အနောက်နိုင်ငံ များရှိအိမ်ထောင်စုများ၏ ရေနံဝယ်လိုအားမြင့်တက်လာခြင်းနှင့် ကမ္ဘာ့စီးပွားရေးပြန်လည်ကောင်းမွန်မှု သည် လောင်စာဆီဝယ်လိုအားကို မြင့် တက်စေခြင်း တို့ဖြစ်ကြောင်းThai Oil  အများပိုင်ကုမ္ပဏီ၏ ဥက္ကဋ္ဌ  Atikom Terbsiri  ကပြောကြားခဲ့ပါသည်။
    ကမ္ဘာ့နိုင်ငံအချို့၏ရေနံထုတ်လုပ်မှုအခြေအနေမှာ  နိုင်ဂျီးရီးယား နိုင်ငံသည် တစ်ရက်လျှင် ရေနံစည်ပေါင်း၁ ဒသမ ၇သန်းနှင့် လစ်ဗျားနိုင်ငံ သည် ၁ ဒသမ ၉သန်းအထိ တိုးမြှင့်ထုတ်လုပ်ခဲ့ကြပါသည်။ ကမ္ဘာ့လောင်စာ ဆီဈေးနှုန်း ဆက်လက်မြင့်တက်လာပါက မြောက်အမေရိကဒေသအနေဖြင့် ရေနံကိုပိုမိုထုတ်လုပ်ရောင်းချလာကြမည်ဖြစ်၍  ကမ္ဘာ့လောင်စာဆီဈေးနှုန်း ကို ရိုက်ခတ်နိုင်ပါသည်။ကမ္ဘာ့စီးပွားရေးပြန်လည်ကောင်းမွန်မှုသည် ရေနံထုတ်လုပ်မှုတိုးမြှင့် လာသကဲ့သို့ ဝယ်လိုအားသည်လည်း တစ်နေ့လျှင် ရေနံစည်ပေါင်းသန်း ၁၀၀ ကျော်အထိရောက်ရှိနိုင်ပါသည်။ သို့သော် ရေရှည်တွင် လျှပ်စစ်မော် တော်ကား အသုံးပြုမှုမြင့်တက်လာသဖြင့် လောင်စာ ဆီလိုအပ်ချက်ကျဆင်း လာမည်ဖြစ်သည်။ ကမ္ဘာ့လောင်စာဆီဈေးနှုန်းမြင့်တက်၍ ထုတ်လုပ်မှုတိုး တက်လာမည့် တစ်ချိန်တည်းတွင် ကမ္ဘာ့လောင်စာဆီဈေးနှုန်းသည် တစ် စည်လျှင်  အမေရိကန်ဒေါ်လာ ၆၀ ကို ကျော်လွန်နိုင် ပါသည်။ လာမည့် နိုဝင်ဘာလ ၂၀ ရက်တွင်ကျင်းပမည့် အိုပက်အစည်းအဝေးသည်အဖွဲ့ဝင် နိုင်ငံများ၏ရေနံထုတ်လုပ်မည့်ပမာဏကို ဆုံးဖြတ်မည်ဖြစ်ပြီး ၂၀၁၈ခုနှစ် တွင် ဖြစ်လာမည့် ကမ္ဘာ့လောင်စာဆီဈေးနှုန်းအတွက် အလွန်အရေးကြီး သော ဆုံးဖြတ်ချက်ဖြစ်ပါသည်။                        လက်ရှိအချိန်တွင်အိုပက်၏ ရေနံထုတ်လုပ်မှုသည် တစ်ရက်လျှင် ရေနံစည်ပေါင်း ၃၃ ဒသမ ၂ သန်းထုတ်လုပ်၍ မြောက်အမေရိကဒေသသည် ၉ ဒသမ ၈သန်းထုတ်လုပ်လျက်ရှိသဖြင့် လောင်စာဆီဈေးနှုန်း တစ်စည် လျှင် အမေရိကန်ဒေါ်လာ ၆၀အထက် မြင့်တက်လာမည့်အရေးကိုထိန်းညှိ ပေးနိုင်ကြောင်း တွေ့ရှိရပါသည်။
ကျော်သူရ၊ စီးပွားရေးသံမှူး၊
မြန်မာသံရုံး၊ ဗန်ကောက်မြို့