Main menu

Background

ပါကစ္စတန်နိုင်ငံတွင် တည်ဆောက်မည့် တရုတ်-ပါကစ္စတန် ကျောက်မီးသွေးသုံး လျှပ်စစ်ဖက်စပ်စက်ရုံအတွက် အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ဘီလီယံချေးယူမည်

Thu, 11/16/2017 - 14:42 -- journal_editor

      ပါကစ္စတန်နိုင်ငံတွင်  တည်ဆောက်မညHubco Coal Power Plant ကို ပါကစ္စတန်နိုင်ငံမှHub Power Holdings Ltd နှင့် တရုတ်နိုင်ငံမChina Power International Investment Ltd တို့ ပူးပေါင်း၍ဖက်စပ်တည်ဆောက် သွားမည် ဖြစ်ပြီး စုစုပေါင်း အမေရိကန်ဒေါ်လာနှစ်ဘီလီယံ ကုန်ကျမည်ဖြစ်ကြောင်းသိရပါသည်။  အဆိုပါ စက်ရုံအတွက် China Develop-ment Bank ု မှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံချေးယူရန် လက်မှတ်ရေး ထိုးခဲ့သည်။အဆိုပါ စက်ရုံသည်  စုစုပေါင်း တပ်ဆင် အား ၁ ဒသမ ၃၂ ဂစ်ဂါဝပ်ရှိပြီး ၆၆၀မီဂါဝပ် စက်ရုံနှစ်ရုံတည်ဆောက်မည်ဖြစ်သည်။ ၂၀၁၉ ခုနှစ် သြဂုတ်လတွင် လျှပ်စစ်စတင်ထုတ်လွှတ်နိုင် မည်ဖြစ်ပြီး တစ်နာရီလျှင် ကီလိုဝပ်ပေါင်း ကိုးဘီ လီယံထုတ်လုပ်နိုင်မည်ဖြစ်ကြောင်းသိရပါသည်။  အိမ်ထောင်စုဦးရေလေးသန်းခန့်မီးရရှိမည်ဖြစ်ပြီး အလုပ်အကိုင် အခွင့်အလမ်း  ၁၀၀၀၀  ခန့် ရရှိ မည်ဖြစ်ကြောင်း သိရပါသည်။အဆိုပါ ကျောက်မီးသွေး လျှပ်စစ်စက်ရုံ စီမံကိန်းသည်    တရုတ်-ပါကစ္စတန် စီးပွားရေး စြင်္ကံ၏     စီမံချက်တစ်ခုတွင်   ပါဝင်ပါသည်။ အဆိုပါ စီးပွားရေးစြင်္ကံမှာ တရုတ်နိုင်ငံအနောက် မြောက်ပိုင်း  ရှင်းကျန့်အူဂါဒေသ၏Gwadar  ဆိပ်ကမ်းနှင့်ဆက်သွယ်ထားပါသည်။
                 
      သန္တာခိုင်၊စီးပွားရေးသံမှူး

မြန်မာသံရုံး၊ပေကျင်း